နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၇)အပိုင်း(၉၅) သဘောထားကွဲလွဲမှု
"ပုန်ကန်တာလား..."
တော်ဝင်နန်းတော်အတွင်းဝယ် ဇူချင်ရဲ့မျက်နှာက ဒေါသကြောင့်နက်မှောင်နေခဲ့ရပြီး သူ့ရဲ့လက်သီးကလည်း စားပွဲခုံပေါ်ကို ပြင်းပြင်းထန်ထန်ကျရောက်သွားခဲ့သလို သူ့ရဲ့မျက်လုံးထဲမှာလည်း ကျောချမ်းစရာကောင်းလောက်သည့် လူသတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေရပေသည်။ ဒါကိုကြည့်ခြင်းအားဖြင့် ချီအိမ်တော်ပုန်ကန်တဲ့သတင်းကို သူကြားထားပြီးဖြစ်သည်မှာ ထင်ရှားလှသည်။
ကြီးမားတဲ့ခန်းမတစ်ခုအတွင်းမှာ များစွာသောစစ်တပ်ခေါင်းဆောင်တွေနဲ့ ဝန်ကြီးတွေအားလုံး စုရုံးရောက်ရှိနေခဲ့ကြသလို သူတို့ရဲ့အမူအယာတွေက မရေရာမသေချာမှုတို့ဖြင့် မတည်ငြိမ်နိုင်အောင်ရှိနေကြသည်။ သူတို့အားလုံးက ချီဘုရင်ထံမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပုန်ကန်ဖို့အတွေးရှိနေတယ်ဆိုတာကို သိထားရပေမဲ့ သူပုန်ကန်တဲ့နေ့က ဒီနေ့ဖြစ်လာလိမ့်မယ်လို့ မည်သူကမှထင်မှတ်မထားခဲ့ပေ။
"ချီဘုရင်က ပုန်ကန်ခဲ့ပြီဆိုတော့ မင်းတို့အားလုံးက ငါတို့တွေဘာလုပ်သင့်တယ်လို့ထင်လဲ..." ဇူချင်ရဲ့အကြည့်က အောက်ဘက်သို့ကျရောက်လာခဲ့ပြီး အောက်ဘက်တွင်ရှိနေသည့် ဝန်ကြီးအုပ်စုကို ထွင်းဖောက်ထွက်သွားတော့မတတ် ကြည့်လိုက်သည်။
လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ တော်ဝင်ကလန်ရဲ့အင်အားကျဆင်းသွားခဲ့ရခြင်းကြောင့် စစ်တပ်ခေါင်းဆောင်အချို့နဲ့ ဝန်ကြီးအချို့တို့က ချီအိမ်တော်ရဲ့စိုးမိုးခြယ်လှယ်မှုကို ခံခဲ့ရသည်ကို သူ့အနေနဲ့ကောင်းစွာသိထားရပြီး ထို့ကြောင့်ပင် သူတို့ရဲ့ရပ်တည်ချက်က လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ရသည်။ ထို့အပြင် ချီအိမ်တော်ရဲ့နောက်မှာ ဝူအင်ပါယာကကျောက်ထောက်နောက်ခံအဖြစ်ရှိနေသည်ကို လူတိုင်းသိထားကြသည်။
ချီအိမ်တော်က ဒီလိုပုန်ကန်ဖို့ဆုံးဖြတ်ချက်ချလိုက်ခြင်းက ဝူအင်ပါယာရဲ့အထောက်အပံ့တွေ ရရှိခဲ့ခြင်းကြောင့်ပင်ဖြစ်နိုင်ပေသည်။ အကယ်၍တော်ဝင်ကလန်ကသာ ချီအိမ်တော်ရဲ့ဖြုတ်ချခြင်းကို ခံခဲ့ရမယ်ဆိုရင် ချီအိမ်တော်နဲ့ဆန့်ကျင်ခဲ့တဲ့လူမှန်သမျှ အသက်ရှင်ရလိမ့်မည်မဟုတ်ပေ။
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasyနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။