၁၀၂

24 3 0
                                    

နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၈)

အပိုင်း(၁၀၂) စစ်တပ်ဖြင့်မြို့ကိုဝိုင်းခဲ့ခြင်း

ချီအိမ်တော်ရဲ့စစ်တပ်ကြီးက မြို့ကိုဝိုင်းရံထားလျက်ရှိပြီး များစွာသောစစ်သည်တွေက မျက်စိတစ်ဆုံးများပြားလှပေသည်။ ဒီမြင်ကွင်းကပင် ဇူအင်ပါယာမြို့တော်အပေါ် လေးလံတဲ့ဖိအားတစ်ခုကို ကျရောက်စေခဲ့သည်။

အမှန်တကယ်တော့ ထိုဖိအားတွေက စစ်သည်တွေထံမှ ထွက်ပေါ်လာခဲ့ခြင်းမဟုတ်ပေမဲ့ စစ်တပ်ရဲ့ရှေ့မှာရှိနေသည့် လူခုနှစ်ယောက်ထံမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုလူခုနှစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ မူလချီတွေကဖြည်းညှင်းစွာလှုပ်ရှားလာခဲ့ပြီး သူတို့ထံမှထွက်ပေါ်လာသည့်ဖိအားက တစ်ယောက်ချင်းစီအား လူထောင်ပေါင်းများစွာနဲ့ ရင်ဆိုင်နေရသလို ထင်မှတ်စေခဲ့ရသည်။

ချီယန်က ကောင်းကင်ကိုမော့ကြည့်လိုက်ပြီးနောက်မှာ လှောင်ပြောင်လိုမှုတို့ ထင်ဟပ်နေတဲ့သူ့ရဲ့မျက်လုံးတွေက မြို့ရိုးဆီကိုကြည့်လိုက်သကဲ့သို့ သူ့ရဲ့စွမ်းအားပြည့်ဝလှတဲ့အသံကလည်း ပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်... "ဇူချင်... မင်းကိုပေးထားတဲ့ နေ့တစ်ဝက်အချိန်က ကုန်သွားခဲ့ပြီ... မင်းကမြို့တံခါးကိုဖွင့်ပြီးတော့ လက်နက်ချအညံ့ခံဖို့ အဆင်သင့်ဖြစ်ပြီလား..."

ဇူချင်ရဲ့ပုံရိပ်က မြို့ရိုးအထက်တွင် ပေါ်ထွက်လာခဲ့သည်။ သူ့ရဲ့မျက်နှာက အမူအယာကင်းမဲ့နေခဲ့ရပြီး တောက်ပတဲ့အနီရောင်မူလချီတစ်ခု သူ့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ ထွက်ပေါ်လာခဲ့ရသလို သူကတည်ငြိမ်စွာဖြင့်ပင်ပြောလိုက်သည်... "ပုန်ကန်သူတစ်ယောက်က ငါ့ကိုလက်နက်ချအညံ့ခံစေချင်တာလား... ချီယန် မင်းအိပ်မက်မက်နေတာတွေကို ရပ်လိုက်တော့..."

"ငါကအညံ့မခံရင် မင်းကမြို့ကိုတိုက်ခိုက်မယ်ဆိုတော့ ငါ့အနေနဲ့လည်း မင်းကငါ့ရဲ့ဇူအင်ပါယာတစ်ခုလုံးကို အမှန်တကယ် သိမ်းပိုက်နိုင်စွမ်းရှိမလားဆိုတာ ငါကလည်းမြင်ချင်မိတယ်..."

ဇူချင်ရဲ့စကားကအဆုံးသတ်သွားခဲ့ရသလို သူ့ရဲ့လေသံထဲမှာလည်း အဆုံးမရှိတဲ့လူသတ်လိုစိတ်တွေနဲ့ ပြည့်နှက်နေရပေသည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now