နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၈)အပိုင်း(၁၀၄) ငွေရောင်အရိပ်ရဲ့စွမ်းအား
မြို့ရိုးအထက်တွင်ရှိနေသည့် ငွေရောင်ချပ်ဝတ်အဖြစ်ပြောင်းလဲသွားသည့် ဇူယွမ့်ထံမှ သွေးဆာရက်စက်သည့်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည့်အခါ များစွာသောအကြည့်တွေကို အထိတ်တလန့်ဖြစ်သွားစေခဲ့သည်။
ဝမ်ကောင်းရှန်ရဲ့မျက်နှာထက်က လှောင်ပြောင်အထင်သေးမှုတွေကလည်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့ရပြီး ငွေရောင်လူအဖြစ်ပြောင်းလဲသွားခဲ့သည့် ဇူယွမ်ကိုစိုက်ကြည့်လျက်မှ သူ့ရဲ့မျက်လုံးတွေထဲမှာ လေးနက်မှုတို့ထင်ဟပ်လာခဲ့သည်။ အခုလက်ရှိသူခံစားနေရတဲ့ အရှိန်အဝါက သူ့ကိုပင်အမှန်တကယ် ကြောက်ရွံ့ထိတ်လန့်မိစေသည်။
ဝမ်ကောင်းရှန်ရဲ့မျက်လုံးတွေက မတည်မငြိမ်ဖြစ်သွားခဲ့ရသကဲ့သို့ သူကအံကိုတင်းတင်းကြိတ်ကာ အေးစက်စွာဖြင့်ပြောလိုက်သည်... "မင်းမှာစွမ်းရည်အချို့တော့ရှိသေးတာပဲ..."
ဒီငွေရောင်ချပ်ဝတ်က ဘာအတွက်ကြောင့် ဒီလိုမျိုးအန္တရာယ်ရှိတဲ့ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်တာလဲဆိုတာကို သူမသိပေမဲ့လည်း သူ့ရဲ့ရင်ထဲမှာတော့ ဒါနဲ့ပတ်သက်ပြီး အမှုမထားဘဲမနေရဲတော့ပေ။
ငွေရောင်ချပ်ဝတ်လူရိပ်ရဲ့မျက်လုံးတွေက ပွင့်လာခဲ့သလို ၎င်းတို့အထဲမှာ ငွေရောင်အလင်းတွေ လှည့်လည်စီးဆင်းနေလျက်ရှိလေသည်။ ထို့နောက်မှာ ၎င်းရဲ့ခြေထောက်တွေက မြေပြင်ပေါ်ကို ရုတ်တရက်ဆောင့်နင်းချလိုက်သည်။
ဘန်း...
ထိုအခိုက်အတန့်မှာ မြို့ရိုးရဲ့နံရံတွေ တုန်ခါသွားခဲ့ရသလို ငွေရောင်အရိပ်ကလည်း ငွေရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။ ထို့နောက်မှာ ငွေရောင်လက်သီးတစ်လုံးက လေထုကိုလျင်မြန်စွာဖြတ်သန်း၍ ဝမ်ကောင်းရှန်ထံသို့ ပျံသန်းသွားခဲ့သည်။
ဇူယွမ်ရဲ့တိုက်ခိုက်မှုက လျှပ်စီးလက်လိုက်သည့်အလား မြန်ဆန်လှသည့်အတွက် ဝမ်ကောင်းရှန်တစ်ယောက် ထိုအခိုက်အတန့်မှာ အနည်းငယ်တုန်လှုပ်သွားခဲ့ရသည်။ သို့ပေမဲ့လည်း သူကမူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် သူ့ရဲ့လက်ကိုလျင်မြန်စွာဝှေ့ယမ်းလိုက်ပြီး ပြင်းထန်တဲ့လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasíaနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။