နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၈)အပိုင်း(၁၀၈) ဝူဘုရင်၏အင်ပါယာအမိန့်တော်
ဇူယွမ်နဲ့ထန်ထန်တို့ရဲ့ လက်နဲ့ပါးစပ်ထဲမှာ မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက် သေဆုံးသွားခဲ့ရပြီးနောက်မှာ စစ်ပွဲရဲ့အင်အားညီမျှမှုက တစ်ဖက်စောင်းနင်းဆန်သွားခဲ့ရသည်။ ချီယန်အပြင် ချီအိမ်တော်ရဲ့စစ်တပ်ဘက်မှာကျန်ရှိနေသေးသည့် အခြားမူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်ရဲ့ အမူအယာတွေက ပြောင်းလဲသွားခဲ့ရကာ သူတို့တွေက နောက်ထပ်တုံ့ဆိုင်းခြင်းအလျဉ်းမရှိခဲ့ဘဲ အလျင်အမြန်နောက်ဆုတ်လိုက်ကြသည်။
မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်ဆုတ်ခွာသွားခဲ့ပြီးနောက်မှာ ချီအိမ်တော်ရဲ့တိုက်စစ်က ရုတ်ချည်းပြိုလဲသွားခဲ့ရသည်။ ကြီးမားတဲ့စစ်သည်အစုအဖွဲ့ကြီးကလည်း ထိန်းချုပ်သူကင်းမဲ့သွားသည့်အလား အထိန်းအကွပ်မဲ့စွာထွက်ပြေးကြရတော့သည်။ သူတို့အားလုံး အလုအယက်ထွက်ပြေးမှုကြားထဲမှာ လူဘယ်နှစ်ယောက်လောက် သေကြေပျက်စီးသွားခဲ့ရလဲဆိုတာကို နတ်ဘုရားတွေသာ သိနိုင်ပေလိမ့်မည်။
ချီအိမ်တော်စစ်သည်အားလုံးရဲ့စိတ်ဓာတ်တွေက အခုအချိန်မှာ အလုံးစုံပျက်စီးပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။
ဘုန်း...
ဇူချင်နဲ့ ချီယန်တို့နှစ်ယောက်က နောက်တစ်ကြိမ်ထိပ်တိုက်ရင်ဆိုင်မိလိုက်ကြပြီးနောက်မှာ နှစ်ယောက်စလုံးနောက်ကို ခြေလှမ်းများစွာဆုတ်ခွာသွားခဲ့ကြရသည်။ ချီယန်ရဲ့မျက်နှာက စွမ်းအားအလွန်အကျွံအသုံးပြုထားရမှုကြောင့် နီရဲနေသကဲ့သို့ အောက်ဘက်ရှိဖရိုဖရဲဖြစ်နေသည့် သူ့ရဲ့စစ်တပ်ကို မြင်လိုက်ရတဲ့အခါ ချက်ချင်းဆိုသလိုပင် သွေးအန်လုနီးပါးဖြစ်သွားခဲ့ရသည်။
မူလကသူတို့ဘက်မှာ အခွင့်အရေးသာနေခဲ့ရပေမဲ့လည်း ဒီလိုမျိုးကံဆိုးမှုတစ်ခု ကျရောက်လာလိမ့်မယ်လို့ သူ့အနေနဲ့ ထင်မှတ်မထားခဲ့ပေ။
"ချီယန်... ဒါကအားလုံးပြီးဆုံးသွားခဲ့ပြီ... ငါတို့တွေ ပြန်ဆုတ်သင့်တယ်..." ဇောင်ရှန်းလွန်နဲ့ ကျန်တဲ့မူလစဦးအဆင့်ကျင့်ကြံသူနှစ်ယောက်တို့က ချီယန်ရဲ့နောက်မှာ ပေါ်ထွက်လာခဲ့ကြပြီး သူတို့ရဲ့အမူအယာတွေက ပျက်ယွင်းလို့နေရပေသည်။
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasyနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။