❣️❣️❣️chaptet-5❣️❣️❣️

794 18 1
                                    

နန်း"wow!ဟင်းနံ့​လေး​တွေက​မွှေး​နေတာပဲ။​ဘာ​တွေချက်​နေတာလဲစိုင်း။"
စိုင်း"ထမင်း​ကြော်နှင့်ကြက်ဥပါမမ။"
နန်း"ဟုတ်လား။"
နန်းဒယ်အိုးအဖုံးကိုဖွင့်ပြီးကြည့်လိုက်တယ်။ထမင်း​ကြော်လေးကစားချင်စရာ​လေးဆို​တော့နန်းသ​ရေ​တောင်ကျချင်လာတယ်။
နန်း"စိုင်း​ရေ၊နန်းတို့​​မြေးအဘိုးနှစ်​ယောက်အတွက်မနက်စာပြင်​ပေးထားလိုက်​တော့။စိုင်းရဲ့ထမင်း​ကြော်ကိုကြည့်ပြီးနန်းဗိုက်ဆာ​သွားပြီ။"
စိုင်း"ဟုတ်ကဲ့ပါ၊မမနန်း။"
နန်းစိုင်းကိုမနက်စာပြင်ခိုင်းခဲ့ပြီးဘိုးဘိုးကိုမနက်စာစားရ​အောင်သွား​ခေါ်လိုက်တယ်။မမနန်းထွက်သွားတာနှင့်ကျွန်တော်မမနန်းတို့မြေးအဖိုး၂ယောက်အတွက်ထမင်းစား စားပွဲပေါ်မှာထမင်းကြော်အဆင်သင့်ပြင်ပေးထားလိုက်တယ်။
နန်းဘိုးဘိုးနှင့်အတူမနက်စာအတူတူစားတယ်။ဘိုးဘိုးကလည်းစိုင်းရဲ့လက်ရာကိုတော်တော်သဘောကျနေတယ်။ပုံမှန်ဆိုရင်အစားနည်းတဲ့ဘိုးဘိုးကစိုင်းရဲ့ထမင်းကြော်ကအရသာရှိလို့နောက်တပန်းကန်ထပ်စားတယ်။
နန်း"စိုင်းရေညနေ့လည်စာကနန်းအတွက်ပြည်ကြီးငါးချက်ပေးထားပါ။ဘိုးဘိုးကပြည်ကြီးငါးမကြိုက်လို့ဝက်သားချက်ထားလိုက်နော်။အရံဟင်းကတော့စိုင်းအဆင်ပြေသလိုချက်လိုက်ပါ။"
နန်းမနက်စာစားပြီးသွားတော့စိုင်းကိုနေ့လည်စာအတွက်ချက်ရမဲ့ဟင်းတွေပြောလိုက်တယ်။
နန်း"ပြီးတော့နေ့လည်ကျရင်ဘိုးဘိုးကိုမနက်စာပို့ဖို့ဘိုးဘိုးရဲ့driverကစိုင်းကိုလာခေါ်လိမ့်မယ်။၁၂မတိုင်ခင်ပေါ့။စိုင်းအချိန်ရရင်ဒီစာရွက်ဖတ်ထားလိုက်။ဒါကဘိုးဘိုးနှင့်မတည့်တဲ့အစားအစာတွေနှင့်နန်းမကြိုက်တဲ့အစားအစာတွေကိုရေးထားတယ်။"
နန်းစိုင်းကိုA4စာရွက်လေးတရွက်ပေးလိုက်တယ်။
စိုင်း"ဟုတ်ကဲ့ပါမမနန်း။"
ကျွန်တော်လည်းမမနန်းပေးတဲ့စာရွက်လေးကိုလှမ်းယူလိုက်တယ်။

        💮💮💮💮💮💮💮💮💮💮💮💮💮💮

      နန်းစိုင်းကိုမှာစရာရှိတာမှာပြီးတော့ကျောင်းသွားဖို့ပြင်ဆင်တော့တယ်။နန်းရဲ့ဘိုးဘိုးကတော့companyမှာmeetingရှိလို့bteakfastစားပြီးတာနှင့်companyကိုထွက်သွားလေရဲ့။နန်းရေချိုးပြီးတော့အဝတ်အစားလဲလိုက်တယ်။နန်းဒီထက်ပိုပြီးကြည့်ကောင်းအောင်လို့make-upပါးပါးလေးလိမ်းပြီးနှုတ်ခမ်းနီလိမ္မော်ရောင်လေးဆိုးလိုက်တယ်။"အော်!မေ့တော့မလို့ရေမွှေးဆွတ်ရအုန်းမှာပဲ"နန်းအခန်းပြင်ထွက်ပြီးမှရေမွှေးမဆွတ်ရသေးတာသတိရတာကြောင့်အခန်းတံခါးကိုသော့ပြန်ဖွင့်ပြီးရေမွှေးဆွတ်လိုက်တယ်။နန်းတံခါးသော့ပြန်ခတ်ပြီးတော့အောက်ထပ်ဆင်းလာတယ်။နန်းကျောင်းနောက်ကျမှာဆိုးလို့ဖိနပ်အမြန်စီးပြီးကားဆီပြေးထွက်လာတာဒေါင့်ဖိနပ်ကမြင့်တော့ခြေချော်ပြီးအိမ်ရှေ့မှာလဲကျသွားတယ်။ကျွန်တော်ဟင်းချက်နေရင်းနှင့်မမနန်းချော်လဲသွားတာမြင်လိုက်တော့မမနန်းကိုပြေးပြီးထူလိုက်တယ်။
စိုင်း"မမနန်း၊အဆင်ပြေရဲ့လား။"
နန်း"ရတယ်၊စိုင်း။ခြေတောက်တော့နည်းနည်းနာတယ်။ဒါပေမဲ့အဆင်ပြေပါတယ်။ကား​တော့​မောင်းလို့ရ​လောက်ပါတယ်။"
နန်းတယောက်တည်းလမ်းလျှောက်မလို့လုပ်ပေမဲ့ခြေတောက်ကထောက်တာနာသွားတာကြောင့်ထပ်ပြီးလဲမလိုဖြစ်သွားတော့ကျွန်တော်မမနန်းကိုထိန်းပေးထားလိုက်တယ်။နန်းမထင်မှတ်ဘဲစိုင်းထဲရင်ခွင်ထဲ​ရောက်သွားတာ​ကြောင့်စိတ်ထဲမှာရှက်သလိုဖြစ်သွားတယ်။
နန်း"နန်း​ခြေ​တောက်နှင့်ကား​မောင်းလို့မရ​တော့ဘူးထင်တယ်။တို့ကိုဧည့်ခန်းဆီတွဲ​ခေါ်သွား​ပေးပါလား။"
စိုင်း"ဟုတ်ကဲ့။"

        💮💮💮💮💮💮💮💮💮💮💮💮💮💮

       မမနန်း​ပြောတဲ့အတိုင်းကျွန်​တော်မမနန်းကိုဧည့်ခန်းဆီတွဲ​​ခေါ်​လာတယ်။ကျွန်​တော်မမနန်းကိုsofa​ပေါ်ထိုင်ရ​အောင်လို့​ဖြေး​ဖြေး​လေးချ​ပေး​လိုက်တယ်။​နန်းစိုင်းရဲ့ပုခုံးကိုကိုင်ပြီးsofa​ပေါ်​ဖြေး​ဖြေးချင်းထိုင်​ပေမဲ့နာတဲ့ဖက်ကို​ယောင်ပြီး​ထောက်လိုက်မိတာ​ကြောင့်နန်းလဲကျမလိုဖြစ်သွားတာကြောင့်စိုင်းရဲ့​ကော်လံစကိုမရည်ရွယ်ပဲလှမ်းဆွဲလိုက်မိတယ်။နန်းစိုင်းရဲ့အင်္ကျီစကိုဆွဲမိတာ​ကြောင့်စိုင်းကနန်းဆွဲတဲ့နောက်ကိုပါလာတယ်။နန်းsofaပေါ်လဲကျသားပြီးတော့စိုင်းကလည်းနန်းပေါ်လဲကျလာတယ်။နန်းစိုင်းနှင့်မျက်နှာချင်းတိုက်မိမှာဆိုးလို့တဖက်ကိုမျက်နှာလွှဲလိုက်တယ်။ကျွန်တော်လည်းမမနန်းပေါ်လဲကျမသွားအောင်တက်နိုင်သမျှအရှိန်ထိန်းလိုက်လို့မမနန်းပေါ်လဲကျမသွားပေမဲ့မမနန်းရဲ့မို့နေတဲ့ပါးဖောင်းဖောင်းကိုမတော်တဆနမ်းမိသွားတယ်😘😘😘။
စိုင်းနှင့်နန်းနှင့်မလှုပ်မယှက်၁၀စက္ကန့်လောက်ငြိမ်နေမိတယ်😍😍😍။နောက်တော့ကျွန်တော်သတိပြန်ဝင်ပြီးမမနန်းဆီကကျွန်တော့်မျက်နှာအမြန်ဖယ်လိုက်ပြီးမမနန်းကိုတောင်းပန်လိုက်တယ်။
စိုင်း"မမနန်း၊တောင်းပန်ပါတယ်။ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ။"
မမနန်းမျက်နှာလေးကတော့နီရဲနေတာပဲ။မမနန်းရှက်သွားတယ်ဆိုတာမမနန်းရဲ့မျက်နှာလေးကိုကြည့်လိုက်တာနှင့်ကျွန်တော်သိပါတယ်။"ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာပဲအလုပ်ပြုတ်တော့မှာလားမသိပါဘူး!!!"လို့အတွေးနှင့်အတူကျွန်တော်သက်ပြင်းတချက်ချလိုက်မိတယ်။

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

chapter-6 coming soon💌💌💌.

                     🎀🎀Author-yoon mieno🎀🎀

မကကျွန်​တော့်ရဲ့မီးအိမ်ရှင်Where stories live. Discover now