39.တကယ္ပဲ သူတို့မသိခဲ့လေသလား?

659 71 4
                                    

Unicode ver.....

39. တကယ်ပဲ သူတို့ မသိခဲ့လေသလား?

"ရှောင်း"

"ဗျာ သခင်"

သူ့ရင်ခွင်ကို ကျောမှီလို့ မှိန်းနေတဲ့ ချစ်သူလေးက သူ့ကို ခေါ်လာတာကြောင့် ရှောင်းက အမြန်ပဲ ထူးလိုက်လေသည္။

"ကျွန်တော် ရှောင်းကို အရမ်းနစ်ဝင်နေပြီ ထင်တယ် ပြန်ကို မပြန်ချင်တော့ဘူး။"

မျက်လုံး မှိတ်ရင်းနဲ့ သူ့ရင်ခွင်ထဲ မျက်နှာလှည့်အပ်လာတဲ့ ချစ်သူလေးက ခန္ဓာကိုယ္လေးကပါ သူ့ဘက် ပိုပိုသာသာ တိုးဝင်လာတာမို့ ရှောင်းက ပို၍ ခပ်တင်းတင်းလေး ဖက်ထားပေးလိုက်လေသည္။

"သခင်သာ အလိုရှိရင် ဒီကမ္ဘာက သခင်အပိုင်ပါပဲ။"

"ကျွန်တော့်မှာ တာဝန်တွေနဲ့လေ"

"ကျွန်တော် ကူထမ်းပေးမယ်လေ"

"ရှောင်းအထင် ကျိဝေကောသာ အမှန်တရားကို သိရင် ကျွန်တော့်ကို မုန်းမယ် ထင္လားဟင်"

"~~~~"

သခင်စကားကြောင့် ရှောင်းမှာ ဖြေစရာစကားပျောက်ရှသွားရလေသည်။ သူကိုယ်တိုင်လည်း မပြောတတ်။ သခင်စီစဥ်တာ ဆိုတာထက် သူကလည်း အလိုသူအလိုပါမို့ ပြောရရင် လိပ်ပြာမလုံ။

"သခင် ကျွန်တော် ~~~"

ရှောင်းက ပြောရခက်စွာနဲ့ သူ့ကို ခပ်တင်းတင်း ဖက်လာတာကြောင့် ဝမ်က ရှောင်းရင်ခွင်ထဲကနေ ရှောင်းနှုတ်ခမ်းကို မော့နမ်းပြီး အသံတိတ်စေလိုက်လေသည်။

"အားလုံးက ကျွန်တော် လုပ်တာမို့ ရှောင်းစိတ်မပူပါနဲ့"

"ဒါပေမဲ့~~~"

"ကျွန်တော့် စိတ်တိုင်းကျပါဆိုပြီး ဒါပေမဲ့က ရှိသေးတာလား~~~~"

"ဟုတ်ပါပြီဗျာ ကျွန်တော် မပြောတော့ပါဘူး သခင့်အလိုကျပဲပေါ့။ ဒါပေမဲ့ အကယ်လို့ အကယ်လို့ အဲ့နေ့ရောက်လာခဲ့ရင် ကျွန်တော် သတ်တာ မဖြစ်စေချင်ရင် သခင် သတ်ပေးပါ ကျေးဇူးပြုပြီး~~~~"

အသံအေးအေးလေးဆိုပေမဲ့ အနည်းငယ် တုန်ခါနေတဲ့ ရှောင်းရဲ့ အသံကြောင့် ဝမ်က ဝမ်းနည်းရိပ်လေးထိန်းလို့ နှုတ်ခမ်းလေး အနည်းငယ် မဲ့ကျသွားပြီး ရေစင်သမျှ တန်ဖိုးရှိတဲ့ မျက်ရည်လေးတွေ အိုင်ထွန်းထွန်းနဲ့ လျံမကျစေပဲ ရှောင်းကို မော့ကြည့်ရင်း ~~~~

Let me Cherish you, My Lord  (ZSWW) [complete]Tahanan ng mga kuwento. Tumuklas ngayon