"သွားထွက်သွား"
"အား....."*ခွမ်း..*
ဂန္ဓဝင်ဆန်တဲ့အခန်းကြီးတစ်ခုရဲ့အလယ်မှာ ကောင်ငယ်လေးတစ်ယောက်ဟာအော်ဟစ်သောင်းကြမ်းနေလေရဲ့
"သခင်လေးဆောနူ သခင်လေးစိတ်ထိမ်းပါဦး"
"ဂျောင်ဝန်းရေ"အိမ်စောင့်အဖိုးအိုလဲထိမ်းမရတော့တဲ့သခင်းလေးကိုထိမ်းဖို့အတွက် သူ့ရဲ့မြေးလေးကိုလှမ်းခေါ်လိုက်တယ် သခင်လေးကတစ်ခြားသူစကားသာနားမထောင်တာ သူမြေးစကားတော့နားထောင်တယ်လေ
"ဆောနူအကိုဆောနူတော်ပါတော့"
ပါးစပ်ကနေတားမြစ်ရင်ထိုခန္ဓာကိုယ်လေးကိုဆွဲဖမ်းလိုက်တယ်
"ဂျောင်ဝန်း...ဂျောင်ဝန်းလား"
"ဘာဖြစ်လို့လဲအကိုဆောနူ"
"ငါ...ငါလေ.....မင်းတို့ရဲ့မျက်နှာတွေကိုမမှတ်မိတော့ဘူး"
"ငါ့ကိုပြုစုပေးနေတဲ့သူတွေရဲ့မျက်နှာကိုမမှတ်မိတော့ဘူး"
"ငါမင်းမျက်နှာကိုပြန်မြင်ရချင်တယ် အိမ်စောင့်ဖိုးဖိုးကြီးမျက်နှာကိုပြန်မြင်ရချင်တယ်"ပြောရင်းနဲ့မျက်ရည်တွေကျလာတဲ့ဆောနူ
ဂျောင်ဝန်းတစ်ယောက်လဲဘယ်လိုချော့ရမယ်ကိုမတွေးတတ်တော့ဘူး သူမေ့တာလဲဖြစ်နိုင်တာပဲလေ သူမျက်စိကွယ်သွားခဲ့တာပဲသုံးနှစ်လောက်ရှိပြီကိုး"အကိုဆောနူ အကိုကျနော့်ကိုမမြင်နိုင်ပေမဲ့ ထိနိုင်သေးတယ်မလား"
ပြောပြီးအကို့ရဲ့လက်သေးသေးလေးကိုသူ့မျက်နှာပေါ်တင်ပေးလိုက်တယ်
"အခုပုံဖော်ကြည့်လိုက်ပါအကို ကျနော့်မျက်နှာကို"
ဆောနူလဲ ဂျောင်ဝန်းရဲ့မျက်နှာကိုထိကြည့်လိုက်တယ်
ဆောနူဂျောင်ဝန်းရဲ့မျက်နှာကိုလိုက်ထိနေလိုက်တယ်ဂျောင်ဝန်းတစ်ယောက်အကိုဆောနူရဲ့လက်ချောင်းလေးတွေသူ့နှုတ်ခမ်းပေါ်ကိုရောက်လာချိန်မှာတော့ ရေဆာသလိုလိုရေငတ်သလိုလိုခံစားချက်ကြီးဝင်လာခဲ့တယ်
အဲ့ဒီနေ့ကတော့ ဆောနူတစ်ယောက်ဂျောင်ဝန်းနဲ့အိမ်စောင့်ဖိုးဖိုးကြီးရဲ့မျက်နှာကို မှတ်ဉာဏ်ထဲကိုပြန်လည်ထည့်သွင်းခဲ့တယ်
YOU ARE READING
Blind Boy
Fanfiction"ကျနော်အကို့အတွက် မျက်လုံးတွေဖြစ်ပေးပါမယ် အကိုဆောနူ" "ဂျောင်ဝန်းငယ် အကို့ဘဝက အမှောင်ထုထဲကိုပြုတ်ကျသွားခဲ့ပြီမို့ တွယ်ကပ်မနေပါနဲ့တော့" "အကိုအမှောင်ထုထဲမှာနေသားကျနေပါပြီ" ...