Part 5

480 37 9
                                    

"ခင် မနက်ဖြန် ရှုတင်ပြန်စရမယ်နော် နားရက်တွေလဲ များနေပြီမလား"

ကားမောင်းရင်းပြောနေသော အသော့် ဘက်ကို လှည့်ကာ ပြုံးပြလိုက်သည်။

"အသော် ပြောတာကို နားထောင်နေရဲ့လား"

"ဒါပေါ့ အချစ်ရဲ့ နားထောင်နေတာပေါ့"

ခင့်စကားကြောင့် ထိန်းထားသော အပြုံးများ ထိန်းမရတော့ကာ ပြုံးစိစိဖြစ်နေမိတော့သည်။

ခနအကြာတွင် ကားမောင်းနေသော အသော့်ကိုကြည့်ရင်း အိပ်စက်သွားလေသည်။

"ခင် အိမ်ရောက်ခါနီးပြီနော် "

အိပ်ချင်မူးတူးဖြစ်နေသော ခင့်ကိုမသိမသာကြည့်ရင်း ခိုးခိုးပြုံးနေသော အသော့်ကို သတိထားမိကာ

"တစ်လမ်းလုံး ဘာတွေပြုံးနေပါလိမ့်"

"ဟမ်..ဘယ်သူလဲ"

"ကားပေါ်မှာ ဘယ်နှစ်ယောက်ပါလို့လဲ အချစ်ကိုပြောနေတာ ဘာတွေပြုံးနေတာလဲလို့"

"မဟုတ်...မဟုတ်ပါဘူး ဒီတိုင်း သဘောကျလို့"

သဘောကျလို့တဲ့လား ဟုတွေးရင်း ခင်လဲ ထပ်တူ သဘောကျနေမိသည်။

နာရီဝက်ပင်မကြာ ခင်တို့လမ်းဆီသို့ ကားဝင်လာကာ ခြံထဲတွင် ကားအနက်တွေ့သဖြင့် အိမ်ထဲသို့ ခြေလှမ်းကျဲကျဲလျောက်ရင်း

"ဦးမျိုးကိုကို ရှင် ကျွန်မအိမ်ကို ဘာလာလုပ်တာလဲ"

"ကို ရှင်းပြပါရစေဦး ခင်ရယ်
အရာအားလုံး ကိုမှားတာ ဝန်ခံပါတယ်"

"မကြားချင်ဘူး ရှင်အခု ကျွန်မ အိမ်ထဲက ထွက်သွား"

"သမီးခင်ရယ် စိတ်ထိန်းပါဦး မောင်မျိုးရှင်းပြတာနားထောင်လိုက်ပါကွယ်"

သမီးဖြစ်သူခံစားနေရသည်ကို မိခင်ဖြစ်သူမှာ အသိဆုံးပင်။ခင်ပွန်းဖြစ်သူကြောင့် စိတ်နာကျင်ရကာ တချို့ညများတွင် အိပ်မပျော်ဖြစ်ရသည်ကို မေမေကြီးလဲသိသည်။

"မေမေကြီး သူ့ကြောင့် ခင်ဘယ်လိုဘဝဖြစ်ခဲ့ရလဲ အဲ့တာတောင် မေမေကြီးက သူ့အလိမ်ညာစကားကို နားထောင်မလို့လား"

You are my heart 🤎Where stories live. Discover now