Ep 10

174 12 1
                                    


Uni

ကိုယ်ရံတော်ရွေးချယ်ပွဲနေ့

ဒူ ဒူ ဒူ

"မကြာခင်မှာ ကိုယ်ရံတော်ရွေးချယ်ပွဲစတင်တော့မှာဖြစ်ပါတယ်"

ဖြောင်းး ဖြောင်းး ဖြောင်းး(လက်ခုပ်သံ)

"ပြိုင်ပွဲကို အဆင့်သုံးဆင့်ပြိုင်ရပါမယ်
အဟမ်းး အဆင့်(၁) နန်းတွင်းရှိ အတော်ဆုံးမှူးမတ်များနှင့်ယှဉ်ပြိုင်တိုက်ခိုက်ခြင်း ၊
အဆင့် (၂) မြင်းစီး၍ မြားပစ်စွမ်းရည်ယှဉ်ပြိုင်ခြင်း ၊ အဆင့် (၃) မင်းကြီး၏အကိုတော်(၀မ်နိုင်ငံ၏ ထိပ်တန်းစစ်သူကြီး) နှင့်ဓါးရေးယှဉ်ပြိုင်ခြင်း တို့ဘဲဖြစ်ပါတယ်။
အဆင့်(၃)ဆင့်လုံးအောင်မြင်တဲ့သူဟာ ဆုကြေးငွေအဖြစ် ‌ဒဂ်ါး ၁၀၀၀ အပြင် ကြင်ယာတော်ရဲ့ကိုယ်ရံတော်ရာထူးကိုပါ ရရှိမှာဖြစ်ပါတယ်"

ဒူ(((((

နန်းတွင်းရှိ အတော်ဆုံးမှူးမတ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း စတင်တော့မှာဖြစ်ပါတယ်။မှူးမတ်တွေကိုကျော်ဖြတ်ပြီး သံတိုင်ထိပ်ပေါ်က အလံနီကို ရရှိသူတွေဟာ အောင်နိုင်သူတွေဖြစ်ပါတယ်။အလံနီ၅ခုရှိပါတယ်။ပထမအဆင့်မှာ အောင်နိုင်သူ ၅ ဦးထွက်ရှိမှာ ဖြစ်ပါတယ်။ယှဉ်ပြိုင်သူများ အသင့်ပြင်ထားကြပါ။

ဒူ(မောင်းတစ်ချက်တီးခတ်သံအပြီးတွင်)

စတင်ယှဉ်ပြိုင်နိုင်ပါပြီ

ကြေညာသူ၏ ဆော်အောသံအဆုံးတွင် ဓားချက်သံများ ညံလာတော့သည်။

ယှဉ်ပြိုင်သူများအထဲတွင် အထင်ပေါ်ဆံုးမှာ ၀မ်အန်းဝူပင်။ရုပ်ရည်ရူပကာချောမောသည့်အပြင် သူ၏ ဓားရေးမှာ အံ့ဩဖွယ်ပင်။

ကြည့်ရှူသူပွဲကြည့်ပရိသတ်ပြည်သူများသည်လည်း ရင်တထိတ်ထိတ်ဖြင့် ကြည့်ရှုနေရသည်။

မကြာမှီမှာပင် သူရဲကောင်း၅ဦးထွက်ပေါ်လာတော့သည်။

အဆင့် (၁) ပြိုင်ပွဲတွင် အနိုင်ရရှိသူ၅ဦးထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

အဆင့် (၂) ပြိုင်ပွဲတွင် အရန်အတားများဖြင့်ကာစီးထားသော ပစ်မှတ်ကို မြင်းစီးရင်း ထိမှန်အောင်ပစ်ရမှာဖြစ်ပါတယ်။အချိန်တိုအတွင်း ပစ်မှတ်၅ချောင်းထိမှန်သူ (၃) ဦးသည် နောက်ဆံုးအဆင့်ကို ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပြီး အသပြာငွေ ၅၀၀ ကိုလဲ ဆုကြေးအဖြစ်ရရှိမှာပါ။

Wang King ' s Rabbit Empress🐇Onde histórias criam vida. Descubra agora