40. စေတန်

560 84 13
                                    

Unicode ver....

40.စေတန်

စစ်ကြေညာခြင်းမရှိပါပဲ ရုတ်တရက် စစ်ထိုးလာတဲ့ မကောင်းဆိုးဝါး စစ်သည်တွေကြောင့် ကောင်းကင်ဘုံတစ်ခုလုံး ပြောင်းဆန်သွားရလေသည်။

ကောင်းကင်မင်းကြီးနဲ့ နတ်မင်းဆရာရှိပေမဲ့ ရုတ်တရက် အခြေအနေကြောင့် မပြင်ဆင်နိုင်ခဲ့တဲ့ သူတို့ဟာ ခံစစ်သာ ဖြစ်နိုင်ခဲ့လေသည်။

အဖျက်စွမ်းအင်နဲ့ လာတဲ့ ကျိဝေကို ရှောင်းပိုင်က တားဆီးနေရသလို မြွေတစ်ပိုင်းနဲ့ လော်ဖုန်းကိုလည်း ချန်ရိက တားဆီးနေရလေသည်။

ကောင်းကင်ဘုံစစ်သည်တွေ တော်ပေမဲ့ မကောင်းဆိုးဝါးတပ်ကလည်း မချေတာမို့ အရာရာဟာ ပရုတ်ဒုက္ခ ဖြစ်လာလေသည်။

မထင်မှတ်ပဲ ကျိဝေက သူ့အဖျက်စွမ်းအားကို ချန်ရိဆီ ပစ်လွှတ်လိုက်တာကြောင့် ရှောင်းပိုင်က အထိတ်အလန့်နဲ့~~~~

"ရှစ်စွမ်း! အင့်!"

"ရှောင်းပိုင်!"

ရှောင်းပိုင်က ချန်ရိကို ဝင်ကာပေးလိုက်တာကြောင့် ရှောင်းပိုင်ခါးက ပိုင်ဆိုတဲ့ ကျောက်စိမ်းပြားလေး ကွဲအက်သွားလေသည်။

တစ်ဖက်မှာလည်း~~~~

"ဟား ဟား ရှောင်းတော်ပြီလို့ ခိခိ"

"မရတော့ဘူး ဒီလို သခင်အဆိုးလေးကို ကျွန်တော် အပြစ်ပေးရမယ်လေ"

"ဟား ဟား မိအောင် ဖမ်းလေ"

"လာထား~~~အင့်! အ့!"

"ရှောင်း! ရှောင်း! ရှောင်းဘာဖြစ်တာလဲ!"

နှစ်ယောက်သား မက်မွန်တောမှာ ကျီစယ်နေတုန်း ရှောင်းက ရင်ဘတ်ကို ဖိလို့ ဒူးထောက်ချသွားတာကြောင့် ဝမ့်ခင်မျာ စိုးရိမ်တကြီးနဲ့ ရှောင်းဆီ အမြန်ပြေးလာရလေသည်။

"~~~~~"

ရှောင်းက ဘာမှ ပြန်မဖြေလာပေမဲ့ အသက်ပြင်းပြင်းရှူခြင်းနဲ့အတူ ရှောင်းရင်ဘတ်ထဲ ဆွဲထုတ်လာတဲ့ အရာက ကျန့်ဆိုတဲ့ ကျောက်စိမ်းပြားလေးပင် ဖြစ္သည္။ ထိုကျောက်စိမ်းပြားလေးရဲ့ အရယ်ဟာ အက်ကွဲကြောင်းလို အလင်းရောင်ဖျာထွက်နေလေသည်။

Let me Cherish you, My Lord  (ZSWW) [complete]Where stories live. Discover now