နောက်တနေ့မနက်ကော်ဖီဆိုင်တခုရှေ့မှာကားသစ်လေး တစီးပါကင်ထိုးနေတယ် အဲ့ကားလေးကမေယုယမောင်ရဲ့ကားပဲပေါ့ ကားပေါ်ကဆင်းလာတဲ့ကောင်မလေးရဲ့ပုံကိုလမ်းသွားလမ်းလာနဲ့ကော်ဖီဆိုင်ထဲကလူတွေပါငေးယူရတယ်
မျက်ခုံးမွှေးထူထူနက်နက်ကလေးနဲ့မျက်လုံးဝိုင်းဝိုင်းလေးရယ်နှုတ်ခမ်းဖူးဖူးလေးရယ်ကြောင့်
လှတယ်လို့ခေါ်ရမလားချစ်စရာကောင်းတယ်ပဲဆိုရမလားဟော အသားဖြူဖြူလေးကပါ အားဖြည့်ထားတော့သက်ရှိအရုပ်မလေးလို့ပဲခေါ်ချင်တော့တယ်။ ဂျင်အနက်ကလေးနဲ့ T-shirtအဖြူအကက်လေးကပိန်ပိန်ပါးပါးခန္တာကိုယ်နဲ့သိပ်ကိုလိုက်ဖက်နေတယ်။
ကြည့်နေသည့်မျက်လုံးများကိုဂရုမစိုက်ပဲ သူငယ်ချင်းနှစ်ယောက်နှင့် ချိန်းထားသည့်ဆိုင်အတွင်းသို့ဝင်လာခဲ့သည်။
"ဟဲ့ဟိုနှစ်ကောင်"
ခေါ်သံကြောင့်ဆောင်းသံစဉ်နဲ့ရတီချိုလှည့်ကြည့်လာတယ်။ အပေါင်းအသင်းများများမပေါင်းတတ်တဲ့မေယုယမောင်ဖို့ထိုနှစ်ယောက်သာ သူမ၏ချစ်ရသောသူငယ်ချင်းများသာဖြစ်တော့တာပေါ့။
ဆောင်း -" ဒေါ်ယုယမောင်ဘယ်နဲ့ရှိစ နင့်ရဲ့ ကြီးမြတ်လှတဲ့မွေးသဖခင်ကျေးဇူးရှင်ကြီးကတော်တော်မှပွားလွှတ်လိုက်ရဲ့လား"
ရတီ - "ဆောင်းကလဲပွားမပွားတော့မသိဘူးဟိုက
ကားသစ်ကြီးနဲ့ကြီးပွားလာတာနော်"ယုယမောင် - "ရတီရယ်နင်ပဲပြောလိုက်တော့ငါကအိမ်ရဲ့အလိုလိုက်ခံ အချစ်ခံလေးဆိုတာကို"
ဆောင်း " အေးပါဟယ်.... ကျွန်တော်မျိုးမ မှားပါတယ်"
ယုယမောင် - " အဲ့တာတွေခနထား ဒီညအစီအစဉ်ဘာရှိလဲ ငါတော့ဒီညကလပ်သွားပြီး
အချစ်ပင်လေးသွားစိုက်မယ်.."
ဆောင်း - "ဒီနှာဘူးကတမျိုး"
ယုယမောင်- " မလိုက်ဘူးလားနင်တို့က"
"လိုက်မှာပေါ့ဟ.. ဟဲ..ဟဲ"
"အဲ့ဒါကိုဘူဘူချင်းတစ်လာလုပ်နေတယ်"
"ငါတို့နှစ်ယောက်ကတော့နင့်ကိုသူဌေးသမီးမဟုတ်တော့အခုအလုပ်သွားလိုက်ဦးမယ်..
၁၀၉၁၁၀ဂုဏ်ဆောင်ပါရဂူကြီးရေ..."
"ဒီမသာမနှစ်ကောင်ကတော့....ကြွ..ကြွ..ညကြတွေမယ်နော်"
ယုယမောင်ကတော့၁၀၉၁၁၀ဂုဏ်မပျက်ရအောင်ကားသစ်လေးနဲ့အချစ်သစ်လေးတွေဆီ
သွားလေပြီ"ယုရေကိုယ်ကတော့သမီးကိုဒီလိုပုံစံမျိုးကြီးနဲ့မမြင်ချင်ဘူးကွာ အလုပ်တွေဝိုင်းကူပါဆိုတော့လဲ
ဝါသနာမပါဘူးလေးဘာလေးနဲ့ ကိုယ်တော့ရင်မောတယ်ကွာ"
"ကိုယ်ရယ်ယုလဲအဲ့တာပဲတွေးပူနေရတာ
အလိုက်လိုက်လွန်းတော့ကလေးကဆိုးချင်လာပြီ"
YOU ARE READING
သူကြီးမကတော်
Randomရွာကိုရောက်တာမကြာသေးဘူးထိတ်တုံးက၁၆ခါလောက်ခတ်ခံရတဲ့မင်းလိုမြို့ကြီးသူလူဆိုးမကို တို့တော့ပြန်မချစ်ရဲပေါင်... #ဒေါ်မြသဇင်နွယ် ကျွန်မကိုငယ်ငယ်ထဲကအဘွားကပြောတယ်ကတော်ဖြစ်မဲ့ရုပ်တဲ့ဖြစ်မဲ့ဖြစ်တော့လဲ သူကြီးမကတော်တဲ့.. #မေယုယမောင်