1

1.9K 136 14
                                    

Unicode
_______

" ဒီမှာ ထိုင်လို့ ရတယ်မလား "

‌ဤ ခုံတန်းရှည်တွင် မည်သူ့နာမည်မှ ရေးထိုးမထားသည့်တိုင် သူက Jennie ကို ခွင့်တောင်းသည် ။

" ကျွန်မအပိုင်မဟုတ်ပါဘူး "

နှုတ်ခမ်းပေါ်က လှောင်ပြုံးက ကသိကအောက်နိုင်စရာ ကောင်းလွန်းလှသည် ။

သကြားအတော်များပုံပေါ်သော ကော်ဖီအေးခွက်ကို လှမ်းကြည့်မိသည် ။ မှန်တစ်ချပ်ကာထားသော နံရံမှ ကြည့်လျှင် အပြင်ဘက်တွင် သွားလာလှုပ်ရှားနေသည်တို့ကို အထင်းသား မြင်တွေ့နေရသည် ။

" ကျွန်မ မျက်နှာမှာ ဘာပေနေလို့လဲ "

Jennie ကို မကြာခဏ လှည့်ကြည့်နေသော သူ့ကို လျစ်လျှူရှုထားသည့်တိုင် ထိုသို့ ဆက်မလုပ်နိုင်တော့ဘဲ သူ့ဘက် လှည့်မေးမိတော့သည် ။

" ဒီတိုင်း စိတ်ဝင်စားဖို့ ကောင်းလို့ "

ကော်ဖီခွက်ကို ဘေးချပြီး စာရွက်အလွတ်ပေါ် ခဲတံဖြင့် ခြစ်ချင်ရာကို လျှောက်ခြစ်နေသော မိန်းမတစ်ယောက်က သူ့အတွက် မည်သည့်အကြောင်းအရာကများ စိတ်ဝင်စားဖွယ် ဖြစ်သွားပါသနည်း ။

" ဒီကို လာနေကျလား "

မဖြေဘဲ နေရန် ဆုံးဖြတ်ထားသော်လည်း မဖြစ်နိုင်သည်က များသည် ။ ခေါင်းငြိမ့်ပြလိုက်တော့ ကော်ဖီကို ငုံ့သောက်နေပြန်သည် ။

" နောက်ဆို straw pipe တွေ မသုံးနဲ့ ၊ plastic pipe ကိုပဲ တောင်း "

ပြောပြီး ထထွက်သွားပြန်သည် ။ ‌ကော်ဖီခွက်ထဲ ထိုးစိုက်ထားသော သံပိုက်ကို ကြည့်ပြီး တွေဝေမိသွားသည် ။

" အို ငါ့ဟာငါ ငါကြိုက်သလို သောက်တာ သူနဲ့ ဘာဆိုင်တာကျလို့ "

-

" Hi "

တစ်ပတ်အကြာတွင်တော့ သူ့ကို ထပ်တွေ့ရပြန်သည် ။ ယခုတစ်ခါတွင်တော့ ထိုင်ရန် ခွင့်မတောင်းတော့ ။

သူက Jennie ၏ ကော်ဖီခွက်ထဲမှ ပိုက်ကို လှမ်းကြည့်ပြီး ပြုံးသည် ။

" Plastic pipe ပဲ ရှိတော့လို့ "

ဘာလို့မှန်းမသိဘဲ သူ့ကို ဖြေရှင်းချက် ပေးနေမိသည် ။ သူ့စကားကို နားထောင်နေတာမဟုတ်မှန်း သိစေချင်လို့လား ၊ သို့မဟုတ် သူ့စကားကို လိုက်နာနေသည်ဟု မထင်စေချင်၍လား ။

Getting To Know RoséanneWhere stories live. Discover now