part-1

3.4K 36 0
                                    

ဘဝမှာ တစ်ခါတော့ အချစ်စစ်နဲ့ ဆုံဖူးချင်ပါသည်။
အချစ်မရှိတဲ့ ဘဝဟာ အဓိပ္ပာယ်မရှိဘူးတဲ့......
ဒါဆို ခွာညိုလေးရဲ့ ဘဝကရော မွေးလာကတည်းက အဓိပ္ပာယ် မရှိတာလား.....
ဘယ်လောက်ဘဲ ဝမ်းနည်း ကြေကွဲ နေပါစေ
လူတွေ ရဲ့ ဂရုစိုက်မှုကိုတော့ ရမည် မဟုတ်ပေ။
ဘာလို့ ဆို ခွာညိုလေးက ပြည့်တန်ဆာရဲ့ သမီး မဟုတ်လား....
ခွာညိုလေး ရဲ့ ဖခင်ဟာ ဘယ်သူမှန်းမသိဘဲ
မွေးဖွားလာရသည်က ကျိန်စာတစ်ခုလိုပင်....
မိခင် ထားထားကိုလည်း ခွာညို အမုန်းများသာ ပေးထားသည်။ ခွာညို့ ဘဝ အခုလို သူများကဲ့ရဲ့ခံ ဖြစ်နေရတာကိုက သူ့ကြောင့်မို့လား...
...မုန်းတယ် မုန်းတယ် မေမေ့ကို ....
ခွာညို့ စိတ်ထဲ အချစ်ရဲ့ အဓိပ္ပာယ်ကို မသိပေမယ့်
မုန်းခြင်းတရားကိုတော့ ကောင်းကောင်းကြီးသိသည်။
.....
‌နက်ဖြန် ဆို ခွာညို ရဲ့ 18 နှစ်ပြည့်မွေးနေ့လေးပင်ဖြစ်သည်။မိခင်ဖြစ်သူ ဒေါ်ထားထား တစ်ယောက်တော့ ခွာညို့ ကို ဘာတွေခိုင်းအုန်းမလည်း မသိပေ။
18 နှစ်ပြည့်ရင် အလုပ်ခိုင်းမှာ လို့တော့ တစ်ခါပြောဖူးသည်။
.......
နက်မှောင်နေသော ဆံသားများက တင်ပါးဖုံးထိရှည်ကာ...မျက်တောင်များကလည်း ရှည်လျှားပြီး ထူထဲလှသည်။ မျက်ခုံးမွေးလေးများလည်း ဆွဲစရာမလိုအောင်ပင် ကွေးပြီး နှစ်လိုဖွယ် ကောင်းလှသည်။
နူတ်ခမ်းလေးကလည်း တင်းရင်းပြီး မြင်သူတိုင်း နမ်းချင်လောက်အောင် လှပသည်။ အသား ညိုညိုလေးနှင့် body ကောက်ကြောင်းကလည်း ဖွံ့ဖွံဖြိုးဖြိုးရှိသည်။ မိခင် က fာ ဆန်သလောက် သမီးဖြစ်သူက
မြန်မာဆန်ဆန်လေးနှင့် ကြည့်လှပေသည်။
သို့ပေမယ့်လည်း ပြည့်တန်ဆာ သမီးဆိုသည့်ဂုဏ်ပုဒ်ကတော့ ရှေ့က ကာစည်း နေပေသည်။
..........
မနက် မိုးလင်းသော် ခွာညို မွေးနေ့အတွက် ဆွမ်းပို့ ရန် အစော ထကာ ချက်ပြုတ်နေရသည်။
ဘယ်လောက်ပင် ပင်ပန်းစေကာမူ အပြုံးကိုလက်ကိုင်ထားကာ ဝမ်းနည်းမှူ တွေကို ဖုံးကွယ်ကာ ထားသည်။
******
*သမီးရေ ခွာညိုလေး *

..အဟွန်း ဒီလောက်ချိုနေပုံထောက်ရင် ခိုင်းစရာရှိပြီ ထင်၏။ ခါတိုင်းဆို အမြဲ ကျိန်းမောင်း ဆူပူလေ့ရှိသည်။....

*ဘာလည်း ဒေါ် ထားထား *

ခွာညိုလေး မျက်စောင်းထိုးကာ ခွန်းတုံ့ပြန်လိုက်သည်။ မိခင်ဖြစ်သူကို အရင်ကတည်းကမုန်းနေသောကြောင့် အမေဟုပင် ထည့်ခေါ်လေ့မရှိပေ။

အမုန်းလေးများ ကျေပါစေ(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ