“GeGe”
“အင်း ရှန်လေး”
ရှန်အိမ်တော်၏ဥယျာဉ်ထဲတွင် ကျန်းဟောက်နှင့်ရစ်ခီတို့နှစ်ယောက်ရှိနေသည်။တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ ကျန်းသခင်လေးသည် အသက်အရွယ်အားြဖင့် 18နှစ်ခန့်ရှိပြီဖြစ်ပြီး အထက်တန်းဒုတိယနှစ်ပင်ရောက်ေနပြီဖြစ်သည်။
သို့သော်ငြား သူ့မှာအများသူငှာကဲ့သို့ ဆယ်ကျော်သက်အရွယ် ရည်းစားသူငှာထားပြီးချစ်ရည်လူးဖို့နေနေသာသာ သူ့ထက်4နှစ်ခန့်ငယ်သောကောင်လေးနှင့်သာ အတူဆော့ပေးနေရသည်။
ရစ်ခီသည်ကျန်းဟောက်ထက်4နှစ်ခန့်ငယ်သော်လည်း ခန္ဓာကိုယ်ဖွံ့ဖြိုးမှုမှာမြန်ဆန်လွန်းသည်ဟုပြောရမလားမသိ။ ကျန်းဟောက်နှင့်သိပ်မကွာသောအရပ်အမောင်းနှင့် ပြေပြစ်လွန်းသောရုပ်ရည်ကိုပိုင်ဆိုင်ထားပြီး ၎င်းအရွယ်ကျောင်းသား/သူများကြားတွင် ပေါ်ပြူလာဖြစ်ကာ လူကြိုက်များသည်။
“ဖန်းယွီကကျွန်တော့်ကိုသဘောကျတယ်တဲ့”
“ဖန်းယွီ?”
“ဟုတ်တယ်Ge တခြားဖွင့်ပြောလာတဲ့သူတွေလည်းရှိပေမယ့် ဖန်းယွီလိုငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းကဖွင့်ပြောလာတော့ငြင်းရမှာတစ်မျိုးပဲ”
ရှောင်းဖန်းယွီ..!
ရှန်အိမ်တော်၏လုပ်ငန်းပါတနာများထဲမှ ရှောင်းအိမ်တော်မှတစ်ဦးတည်းသောသခင်မလေး။ အိမ်တော်အချင်းချင်းရင်းနှီးကြတဲ့အတွက် ကလေးတွေကလည်းသက်တူရွယ်တူဖြစ်ကြတဲ့အခါ ခင်မင်မှုတွေသည်ငယ်စဉ်ကတည်းက အမြစ်တွယ်လာပြီးသား။
ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းကဖွင့်ပြောလာတော့ အနေခက်တာကလေးငယ်မမှားဟုသူထင်သည်။
“ဘယ်လိုစဉ်းစားထားလဲ”
“ကျွန်တော်မသိလို့ ကိုကို့ကိုတိုင်ပင်နေတာလေဗျာ”
တိုင်ပင်တယ်!။
ရုတ်တရက်ပြောင်းသွားတဲ့ အသုံးအနှုန်း။
‘ကျွန်ေတာ်’ဆိုတဲ့အသုံးအနှုန်းကိုေပြာင်းသံုးနှုန်းလိုက်တဲ့ကောင်လေးက အရွယ်ရောက်လာပြီဆိုတာသူသတိထားလိုက်မိသည်။