အပိုင်း (၃)

1.4K 105 1
                                    

မေယုယမောင်နဲ့သူငယ်ချင်းများတပ်ဖွဲ့ကြီးကတော့ နောက်တနေ့မနက် ၇ နာရီတွင်မိဘများကိုနှုတ်ဆက်ကန်တော့၍ ရွာသို့ချီတတ်ခဲ့ကြတော့သည်။
ကားနှင့်သွားလို့ရပါလျှက် ဆောင်းနှင့်ရတီမတို့၏ရှု့ခင်းကြည့်ချင်သည်ဟူသောတောင်းဆိုချက်အရ ရထား နဲ့တာခရီးကိုစတင်ခဲ့ရတယ်။ ရထားနဲ့ခရီးသွား​တာ သည်လောက်ကောင်းမှန်းအစကမသိခဲ့ဘူး သစ်ပင်စိမ်းစိမ်းလေးတွေကစိတ်ကိုကြည်လင်စေတယ်
ဘူတာတဘူတာရပ်တိုင်းမစားဘူးတဲ့ဒေသစာတွေလဲစားရတယ် အထူးတန်းဆိုအိပ်ယာလေးပါပေးတယ် ရထားနဲ့ခရီးသွားခြင်းကို ကျွန်မကသာ
ဒသနတွေဖွင့်နေတာ ရူ့ခင်းကြည့်မယ်ဆိုတဲ့နှစ်ယောက်ကတော့ ဖင်ထဲကြွက်ဝင်တောင်နိုးပါ့မလားမသိဘူး😒
သူတို့ကိုသာပြောနေတာကျွန်မလဲမျက်လုံးတွေဆင်းလာပြီ...ရထားခုတ်မောင်းသံတွေက ကျွန်မ
ကိုချော့သိပ်နေသလို..........😴😴

တော်တော်အိပ်ပျော်သွားတယ်ထင်တယ် ရထားရပ်သံကြောင့်ကြည့်လိုက်တော့
ရွှေချမ်းသာဘူတာ လို့ရေးထားတဲ့ဆိုင်းဘုတ်ကိုတွေ့ရတယ် အဲ့ကျမ ကျွန်မလဲဖေကြီးပြောတဲ့ရွာ
နာမည်ကိုသတိရသွားတယ်..ဒါဆိုကျွန်မတို့ဆင်းရမဲ့ဘူတာပေါ့ အဲ့တော့မှ ကျွန်မအဝတ်အိတ်ကိုကိုင်ပြီးထမည်အလုပ် ဟိုကာလနဂါးမ တွေကိုနိုးရတော့တယ်...
"ဟဲ့...ဟဲ့..ထကြ..ထကြ...ရောက်ပြီ..ထလို့.."
"အေးပါဟာ... ထပြီ..ထပြီ.."
အဲ့တော့မှသုံးယောက်သားရထားပေါ်ကအတူတူဆင်းလိုက်တယ်
လာကြိုပေးမယ်သူကိုလိုက်ရှာနေတုန်း အသားညိုညို အရပ်ရှည်ရှည် ပုဆိုးတိုတိုဝတ်ထားတဲ့
လူတယောက်ကျွန်မတို့သုံးယောက်ဆီကိုဉီးတည်
ပြီးလာနေတယ်
"ဒီကညီမတို့ကမြို့ကလာတဲ့ ကြီးလှရဲ့တူမတွေလားဗျ"
"ဟုတ်ကဲ့..ကျွန်မတို့က..ကြီးလှ တူမတွေပါ"
"ဒါဆိုကျွန်တော့နောက်ကလိုက်ခဲ့နော်..လှည်းက
ဟိုသစ်ပင်ရိပ်မှာရပ်ထားလို့ဗျ"
"ကောင်းပါပြီ ရှင်အရှေ့ကသွားပါ ကျွန်မတို့လိုက်ခဲ့ပါ့မယ်"
ရာသီဉတုကပူလို့စိတ်ကသိပ်မရှည်ချင်တော့
လှည်းစီး တာသည်လောက်နာမှန်းကျွန်မမသိခဲ့ဘူး မသိဆိုစီးမှမစီးဘူးပဲလေ
သုံးယောက်လုံးတအား..အား....အော်နေရပြီ
"ဟေ့နွား..တောက်.."
"အကိုရေရွာကမရောက်သေးဘူးလား လမ်းကလဲဆိုးလိုက်တာ...ဖင်တွေလဲနာလှပြီ....ခေါင်းပေါ်လဲ
ဖုန်တွေကြည့်ပဲ"
"အေးဟယ်..ယုယနင့်နောက်လိုက်လာတာငါရထားပေါ်ထိ နောင်တမရဘူး အခုလှည်းစီးမှ
ငါ့မှာနောင်တတွေတသီကြီးရနေပြီ...အ..အ..နာလိုက်တာဟယ်.."
"ဟား...ဟား..ဒီကညီမတို့ကမြို့ကြီးသူတွေမို့လို့ပါဗျာ ကျုပ်တို့ရွာကလူတွေတော့ဒီနွားလှည်းနဲ့ပဲ
မြို့ကိုတတ်နေတာဘာအသံမှကြားရပါဘူးဗျာ"
"အော်..ရှင်တို့ရွာကလူတွေကကြမ်းကြမ်းတမ်းတမ်းတွေကျွန်မတို့ကနုနုလေးတွေရှင့်မတူဘူး
ဒီမှာနာရတဲ့ထဲစကားကိုများတယ်"
ရတီလဲစိတ်တိုတိုနဲ့ရန်သာပြန်တွေ့လိုက်တယ်
"ဒီမှာ ဟိုလူကြီးရှင့်ရွာကမရောက်သေးဘူးလား"
"ကျုပ်နာမည်သာလှပါဗျ ဟိုလူကြီးမဟုတ်ပါဘူး
ရွာကရောက်တော့မှာပါဗျာ"
"သာလှပဲဖြစ်ဖြစ် မသာလှပဲဖြစ်ဖြစ်စကားတွေများမနေနဲ့မြန်မြန်တာမောင်းတော့ရှင်"

သူကြီးမကတော်Where stories live. Discover now