❣️❣️❣️chapter-7❣️❣️❣️

669 18 0
                                    

         ည​နေစာစားချိန်​ရောက်ပြီဆို​တော့မမနန်းတို့သူငယ်ချင်း၃​ယောက်ညစာစားဖို့ကျွန်​တော်ပြင်ဆင်​ပေးလိုက်တယ်။မမ​စောနှင့်မမမိုးကကျွန်​တော်ဟင်းချက်တာ​ကောင်းလို့ဆိုပြီးချီးကျူးကြတယ်။မမနန်းနှင့်မမ​စော၊မမမိုးတို့၃​ယောက်စား​ကောင်းလို့ထမင်း​တွေထပ်ယူကြတယ်။ကျွန်​တော်ချက်ထားတဲ့ဟင်း​တွေကိုမမနန်းတို့မြိန်ရည်ယှက်ရည်စားရတာမြင်ရတဲ့အတွက်ကျွန်​တော်​ပြောပြမတတ်​အောက်၀မ်းသာရပါတယ်။မမ​စောနှင့်မမမိုးက​တော့ထမင်းစားပြီး​ခဏကြာ​တော့အိမ်ပြန်သွားကြတယ်။ဘိုးဘိုး​အောင်​ကျော်ကည​နေ၆နာရီကျ​တော့အိမ်ပြန်လာတယ်။ဘိုးဘိုး​အောင်​ကျော်ညစာစားတာပြီးမှကျွန်​တော်အလုပ်ဆင်းရတာ​ပေါ့ဗျာ။
       ကျွန်​တော်busစီးပြီးအိမ်ပြန်လာတယ်။ကျွန်​တော်မသွားချင်ဆုံးနေရာပေါ့။ဖြစ်နိုင်ရင်ကျွန်တော်အဲ့ဒီအိမ်ကနေထွက်သွားချင်ပေမဲ့ဦးဟန်ကကျွန်တော့်ကိုကျွေးမွေးထားတဲ့စရိတ်တွေ၊ပညာသင်စရိတ်တွေအားလုံးပေးပြီးမှထွက်သွားလို့ပြောတာကြောင့်ကျွန်တော်သူတို့အိမ်မှာဆက်နေနေရတာပေါ့။ကျွန်တော်သူတို့မသိအောင်ထွက်သွားရင်ရပေမဲ့ကျွန်တော်ထွက်မသွားပါဘူး။သူတို့ရဲ့ကျေးဇူးကြွေးကိုဆပ်ပြီးသွားမှထွက်သွားမယ်လို့ဆုံးဖြတ်ထားတယ်။တနေ့နေ့တော့ကျိန်းသေသူတို့ဆီကထွက်သွားမယ်လို့ကျွန်တော်ဆုံးဖြတ်ထားတယ်။

        💮💮💮💮💮💮💮💮💮💮💮💮💮💮

        အိမ်ပြန်ရောက်တော့ကျွန်တော်အိမ်မူကိစ္စတွေလုပ်ရတယ်။ကျွန်တော်ပန်းကန်ဆေးရင်းပန်းကန်တချပ်ကမတော်တဆလွှတ်ကျသွားတယ်။ပန်းကန်ကျကွဲသံကြားတော့ဦးဟန်ဦးကမီးဖိုခန်းထဲဝင်လာတယ်။
ဦးဟန်ဦးကျွန်တော့်အနားရောက်လာတော့အရက်နံ့ကမွှန်ထွန်နေတာပဲ။
ဦးဟန်ဦး"ပန်းကန်ကဘာလို့ကျကွဲသွားတာလဲ။တောက်၊တော်တော်ဆောက်သုံးမကျတဲ့ကောင်။အခုချက်ချင်းပန်းကန်ကွဲစတွေတခုမကျန်ရှင်း။တစလေးပဲဖြစ်ဖြစ်ကျန်ခဲ့လို့ကတော့မင်းသေပြီသာမှတ်။"
စိုင်း"ဟုတ်ကဲ့။"
ကျွန်တော်လည်းဦးဟန်ဦးဒေါသမထွက်ခင်ပန်းကန်ကွဲစတွေမြန်မြန်ကောက်သိမ်းလိုက်တယ်။ကျွန်တော်သတိမထားလိုက်မိတော့ပန်းကန်ကွဲစကလက်ဖဝါးကိုစိုက်ဝင်သွားတယ်။ကျွန်တော်လည်းလက်ဖဝါးထဲစိုက်နေတဲ့ပန်းကန်ကွဲစကိုဆွဲထုတ်လိုက်တယ်။"အာ့!!!"ကျွန်တော်နာကျင်လို့သတိမထားမလိုက်မိပဲအသံထွက်မိသွားတယ်။ပန်းကွဲစထုတ်ပြီးတော့လက်ဝါးကနေသွေးတွေထွက်လာတယ်။ဒဏ်ရာကိုရေနှင့်ဆေးချလိုက်တယ်။ပြီးတော့ပန်းကန်ကွဲစတွေဆက်သိမ်းလိုက်တယ်။ကျွန်တော်အနာကိုဂရုမစိုက်နိုင်ဘဲလုပ်စရာရှိတာတွေဆက်လုပ်နေခဲ့တယ်။အလုပ်တွေအားလုံးပြီးသွားတော့၁၁နာရီခွဲနေပြီလေ။ကျွန်တော်ပင်ပန်းနေတာကြောင့်ဒဏ်ရာကိုဆေးမထည့်ဖြစ်ပဲအိပ်ယာဝင်သွားခဲ့တယ်။

မကကျွန်​တော့်ရဲ့မီးအိမ်ရှင်Where stories live. Discover now