Unicode
ညို့မှိုင်းနေသော နေရာ ။ မြို့နှင့်အလှမ်းဝေး
ကာ မှိုင်းညို့အုပ်စိုင်းနေသော တောအုပ်ကြီးတွင် ဖြစ်သည်။ ဤနေရာတွင် ငှက်တချို့ ပျံသန်းသွားသည့် အသံမှ လွဲ၍ ပကတိ တိတ်ဆိတ်လွန်းရုံသာမက လူသူလည်း
ကင်းမဲ့နေသည် ။ သို့သော် ထိုနေရာဝယ် ဟောင်းနွမ်းနေသည့် စံအိမ်ကြီးတစ်လုံးသည် အေးစိမ့်စိမ့် အရှိန်အဝါဖြင့် ထီးတည်း
တည်ရှိနေသည် ။ဖြူညစ်ညစ်အရောင်ရှိသော အုတ်ချပ်တို့တွင်
စိမ်းရင့်ရောင်ရေညှိတို့ ကပ်ငြိနေပြီး
အချို့နေရာများတွင် အုတ်ချပ်တို့ ပဲ့ကြွေ
အက်ကွဲနေသည် ။ သို့သော်လည်း
စံအိမ်ကြီး၏ ခမ်းနားခဲ့မှုကို မြင်မိသူတိုင်း
ခံစားရဆဲ ။ စံအိမ်ကြီး၏ ပြတင်းတိုင်းသည် ဖုန်တို့ ကပ်တွယ်ကာ အထဲကို ကြည့်မြင်ရန်
မလွယ်ကူပေ ။သို့သော်လည်း အပေါ်ဆုံးထပ် မှ မှန်ပြတင်းတစ်ချပ်သည် အခြားနှင့် မတူ
သန့်ရှင်းကြည်လင်လျက်ရှိသည် ။ထို မှန်ပြတင်းရှိရာ အပေါ်ဆုံးထပ်တွင်
အဖြူရောင် ဖဲမွေ့ယာတစ်ခု ရှိနေကာ
ထိုဖဲမွေ့ယာပေါ်ဝယ် လူငယ်လေးတစ်ယောက်
သည် နတ်သမီးပုံပြင်များထဲမှ အိပ်ပျော်နေ
သော မင်းသမီးလေးအလား ငြိမ်ငြိမ်သက်သက် လဲလျောင်းအိပ်စက်နေသည်။ အသက်ရှူသံကား မှန်မှန် လှုပ်ရှားနေသော်လည်း လက်ဖျားလေးတွေမှအစ မျက်တောင်ဖျားလေးတွေ အထိတစိုးတစိမျှ မလှုပ်ရှားခဲ့ခြင်းသည် အမှန်တကယ်ပင် အိပ်ပျော်နေခြင်းပေလား ။ဖြည်းညှင်းသော တံခါးဖွင့်သံနဲ့အတူ
အိပ်စက်နေသော လူငယ်လေးရှိရာ အခန်းသို့ တစ်စုံတစ်ယောက် ဝင်လာခဲ့သည် ။
ဝင်လာသူသည် လဲလျောင်းနေသော
ကောင်လေးနားသို့ လျှောက်သွားပြီး
ကောင်လေး၏ နဖူးပေါ်သို့ ဝဲကျနေသော
ဆံစတို့ကို သပ်တင်ပေးလိုက်သည် ။" မှေးစက်နေတာကြာရောပေါ့ ချစ်သောရယ် "
ဆွေးဆွေးမြည့်မြည့် ရေရွတ်သူကား
ငွေမှင်ရောင် ဆံနွယ်တွေနှင့် အမည်တပ်မရ
သည့် အရှိန်အဝါတစ်ခု ရှိနေသည် ။ ထိုသူ၏
မီးခိုးဖျော့ရောင် မျက်စံတွေဟာ စူးရဲမှုနှင့်အတူ လွမ်းဆွေးမှုဟာ ရောနှောနေသည် ။
YOU ARE READING
Escape From The Oblivion
Fanfiction[Completed] PJM × JJK Don't try to remember about the chaotic past, just sleep in the Oblivion.