အငွေ့တစ်ထောင်ထောင်နဲ့ ဆန်ပြုတ်ကို ပန်းကန်ပြားထဲ ထည့်ရင်း တွေးနေမိသည်က Hyungတမ်းတနေသောအမည်နာမနဲ့ ထယ်ဆိုသည့်သူကို။
မျက်ဝန်းကျဥ်းကျဥ်းလေးနဲ့မှ မဆန့်အောင် ကျလာသည့် မျက်ရည်များကြောင့် ဂျောင်ဂု ရဲ့ သိချင်စိတ်က ပိုမိုပြင်းထန်မိသလို တစ်ဖက်မှာတော့ မသိတာ ပိုကောင်းမယ်လို့ထင်မိသည်။
သူမသိချင်၊ မကြားချင်သည့် အကြောင်းအရာများဖြစ်နေမှာကိုကြောက်မိနေသည်။
ဆန်ပြုတ်လေး အေးမသွားခင် Hyungသောက်ဖို့ခန်းထဲကိုယူသွားလိုက်သည်။ အမေမရှိကတည်းက ကိုယ်တိုင်ချက်ပြုတ်စားခဲ့တာကြောင့်မို့ ဂျောင်ဂု ကောင်းကောင်းချက်တတ်ပါသည်။ သူ့ရဲ့အထက်တန်းကျောင်းသားဘဝက တစ်ယောက်တည်းရပ်တည် နေခဲ့တာမို့ဒီလောက်ကတော့ ကောင်းကောင်းလုပ်တတ်နေတာလေ။
အခန်းထဲကိုဝင်လာတော့ ကျောပေးကာ အိပ်နေတဲ့ Hyung။ ဆန်ပြုတ်ပန်းကန်ကိုစားပွဲပေါ်ချထားပြီးHyungအနားကိုသွားလိုက်သည်။
နဖူးလေးပေါ်လက်တင် စမ်းလိုက်တော့ အဖျားငွေ့နည်းနည်းတော့ရှိနေသည်။ နှစ်ခြိုက်စွာ အိပ်နေသည့်Hyungကိုငြိမ်ငြိမ်လေး ထိုင်ကြည့်နေလိုက်သည်။
ဘယ်လိုအိပ်မက်ဆိုးမျိုးမလို့ ဖျားငွေ့တောင်သန်းတဲ့အထိ ဖြစ်ရတာလည်ဗျာ
Hyungမျက်နှာပေါ် လက်ကလေးတက်ကာ ပါးလေးကို ဖွဖွလေးပွတ်သပ်ပေးနေမိသည်။ လှုပ်လှုပ်ရွရွဖြစ်လာတဲ့ Hyungက ကျွန်တော်လက်ဖဝါးပြင်ထဲ ပါးလေးတိုးဝင်လာခဲ့သည်။ မသိရင် နေမကောင်းလို့ ဂရုစိုက်ခံချင်နေသည့် ကြောင်လေးတစ်ကောင်လို ပွတ်သပ်နေသည်။
ဒီအမှုအရာလေးကြောင့် ဂျွန်ဂျောင်ဂုတို့ ရင်ထဲ ဗျောင်ဆန်နေသည်။ချစ်စရာကောင်းလွန်းလို့ အသက်ရှုကြပ်သည်အထိ ခန္ဓာကိုယ်လေးကို ပွေ့ဖက်ဖျစ်ညစ်ပစ်လိုက်ချင်သည်။ စိတ်ထဲရှိတဲ့အတိုင်း လုပ်လိုက်ချင်သော် အဖျားနည်းနည်းရှိနေတာကြောင့် စိတ်ဆန္ဒကို မျိုသိပ်ခဲ့ရပြန်သည်။
" Hyung ကချစ်ဖို့ကောင်းလိုက်တာ ဗျာ ကျွန်တော် အသဲတွေ ယားလာပြီး "
YOU ARE READING
I want to hate you " Min "
Fanficအကိုမမှားပါဘူး ချစ်ခဲ့တဲ့သူက ကျွန်တော်မို့ ကျွန်တော်ပဲမှားခဲ့တာပါ နာကျင်ဖို့လဲ ကျွန်တော်ပဲရွေးချယ်ခဲ့တာကြောင့် ဒီနာကျင်မှုကို ကျွန်တော်ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်~~~ ကျွန်တော်ကိုယ်တိုင်က အကိုဆီမှာ ပြိုလဲနေခဲ့မိတာကို.....