သူကြီးအိမ်ကနေပြန်လာတာဒီနေ့နဲ့ဆိုနှစ်ရက်ရှိပြီ
ညတွေလဲကောင်းကောင်းအိပ်မရဘူး ရင်ခုန်သံတွေလဲမမှန်တော့ဘူးထင်ပါရဲ့
"ကွပ်ပစ်ပေါ်ထိုင်ပြီးဘာတွေစဉ်းစားနေတာလဲ
ငါတို့မှာတော့လုပ်လိုက်ရတာခြေထောက်တွေတောင်ရေနူးနေပြီ"
ဟုတ်တော့လည်းဟုတ်တယ် ကြီးလှကရွာရောက်ပြီးနောက်နေ့မှာပဲမြို့ပြန်ပြေးချင်အောင်ကိုခိုင်းတာ လက်ကအလုပ်မလုပ်ရင်ပါးစပ်ကလဲအလုပ်မလုပ်ရဘူးတဲ့လေ မနက်၄နာရီဆိုသံလင်ဗန်းတစ်ချပ်ကိုဇွန်းတစ်ချောင်းနဲ့ခေါက်ပြီး ကျွန်မတို့သုံးယောက်ကိုနှိုးပါတယ် ပြီးတာနဲ့နွားစာကျွေးသူကကျွေး နွားခြံလှဲသူကလှဲ ဆွမ်းချက်သူကချက်နဲ့အလုပ်ကိုယ်စီပေးထားပါတယ်
ကျွန်မကတော့ထမင်းဟင်းလဲမချက်တတ်ဘူး
နွားလဲကြောက်တော့နွားခြံလှဲရတယ်
ရတီမကတော့ထမင်းချက်ဟင်းချက်ရတော့ဆွမ်းထချက်ရတယ်
ဆောင်းကတော့နွားစာကျွေးပေါ့
လူလဲနံစော်နေပါပြီ နွားချီးနံ့တွေ
ဒါနဲ့မပြီးသေးပါဘူး မနက်ရောင်နီလာရင်သုံးယောက်သားထမင်းချိုင့်ကိုယ်စီဆွဲပြီး မြတို့ပိုင်တဲ့လယ်မှာအလုပ်သွားလုပ်ရတယ်
အရင်ကပေါ့ပေါ့နေပေါ့ပေါ့စားနေလာတဲ့ကျွန်မလဲအခုတော့တစ်ခွန်းမှပြန်မပြောပဲခိုင်းသမျှကိုလုပ်နေမိတော့တာပေါ့လေ
ကိုယ်ကလဲအရင်လိုသူဌေးသမီးမှမဟုတ်တော့ဘဲလေ မြတို့လယ်မှာအလုပ်လုပ်ပင်မဲ့မြကိုကျွန်မ
တချက်လေးတောင်မမြင်ရဘူး မမြင်ရဆို
မြလိုလူမျိုးကအဲ့လိုလယ်ကိုဘာလာလုပ်မှာတုန်း အရင်လိုအခြေအနေနဲ့တာဆိုလို့ကတော့
ဖေကြီးနဲ့မေကြီးကိုတောင်းခိုင်းတယ်
အခုတော့တောင်းဖို့နေနေသာသာကိုယ့်ဘာကိုယ်တောင်သူများအိမ်မှာကပ်စားနေရတာ....ဟူး
"ဘားမှမတွေးပါဘူး..ဟာငါမြကိုလွမ်းလို့ဟ"
"ဘယ်သူတုန်းမြက.ဟဲ့မနေ့တနေ့ကမှရွာရောက်တာနှာကဘယ်အချိန်ဘူးလိုက်တာတုန်း"
"အေးလေငါတို့လဲမသိရဘူး"
"ဘယ်သူရှိရမှာလဲငါ့အသဲကိုလှုတ်ခပ်အောင်လုပ်နိုင်တဲ့ သူကြီးသစ်လေး မြသဇင်နွယ်ပေါ့ကွယ်"
"အရူးမဘယ်လိုတွေပြောနေတာလဲဟိုကနုပြီးလှတာမှန်ပင်မဲ့နင့်အဒေါ်အရွယ်လောက်ရှိတယ်..
ကြည့်ခေါ်"
"ေအးလေ"
"မသိဘူးငါကတော့မြလို့ပဲခေါ်ချင်တာ..မြရေ..မြရဲ့..လွမ်းတယ်ဗျို့"
"အသံပြဲကီးနဲ့အော်မနေနဲ့...လွမ်းရင်ထသွားချောင်းကြမယ်"
"တကယ်လား..နင်တို့ကတကယ်လိုက်ခဲ့ပေးမှာလား"
"မဟုတ်ဘူးဟေ့ဆနေတာ..တကယ်ထဲအလုပ်ကပင်ပန်းရတဲ့ကြားထဲသူ့ရှင်းပြနေရတာတမှောက်"
YOU ARE READING
သူကြီးမကတော်
Acakရွာကိုရောက်တာမကြာသေးဘူးထိတ်တုံးက၁၆ခါလောက်ခတ်ခံရတဲ့မင်းလိုမြို့ကြီးသူလူဆိုးမကို တို့တော့ပြန်မချစ်ရဲပေါင်... #ဒေါ်မြသဇင်နွယ် ကျွန်မကိုငယ်ငယ်ထဲကအဘွားကပြောတယ်ကတော်ဖြစ်မဲ့ရုပ်တဲ့ဖြစ်မဲ့ဖြစ်တော့လဲ သူကြီးမကတော်တဲ့.. #မေယုယမောင်