ညနေခင်းရဲ့ အလင်းရောင်ဟာ ပြတင်းပေါက်ဘောင်ပေါ်မှတဆင့် အခန်းထဲသို့ ဖိတ်စင်လျက် ရှိသည် ။
တိတ်ဆိတ်လွန်း၍ လူသံ တစ်စုံတရာမဆိုထားနှင့် ကျေးငှက်တို့၏ အသံပင် ပေါ်ထွက်လာခြင်းမရှိပေ။
အချိန်ကား ညနေ ၅နာရီခန့်။
ရွေဝါရောင် တိမ်တိုက်များကား ညစ်နွမ်းစပြုလာရင်း နေမင်းကြီး ဟာလည်း နှုတ်ဆက်ထွက်ခွာတော့ချေမည်။
"ဟူး" ( သက်ပျင်းချသံတခု )
ရေးလက်စ မှတ်စုလေးက်ိုဘေးချလိုက်ရင်း အမြင်အာရုံဟာ စားပွဲပေါ်သို့ ရောက်ရှိသွားခဲ့သည် ။
လိမ္မော်ရည်ခွက်ကလေး နှင့် ဖောက်လက်စအားလုံးကြော်ထုပ်က စားပွဲပေါ်တွင် မသပ်မရပ်ဖြစ်သည် ။
စားချင်သောက်ချင်စိတ်လည်းမရှိသောကြောင့် လှမ်းလိုက်သည့် လက်ကို အသာအယာပြန်ချလိုက်ရင်း သက်ပြင်းထပ်ချလိုက်ပြန်သည်။
စင်စစ် ဒီလိုနေ့မျိုးရောက်လာမည်ကို သူသိနေခဲ့နှင့်ပါသည် ။
သို့ပင်သော်ငြား "မတွေးနဲ့ " ဟု အားထုတ်မိလျှင် ပို၍တွေးမိသည်မှာ လူ့သဘာဝပင်မဟုတ်ပါလား ။
ထိုနေ့က live stream လေးကိုပြန်ကြည့်ရင်း "မွေးနေ့ကစပြီး ပျော်ရွှင်စရာနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ပါစေ Mist " ဟူသော ဆုတောင်းလေးကို မငြီးမငွေ့နိင်အောင် repeat လုပ်နေရှာသည် ။
ပေးခဲ့တယ့်ကတိတွေမတည်နိုင်သည့် ဒီလူကိုသူစိတ်တိုနေဟန်ရှိသည် ။
အခုနေသာ စိတ်ဆိုးဆိုးနှင့် ဒေါသူပုန်ထလိုက်ရင် ဒီလူကို သူတားနိုင်မလား ဟုကြံနေပြန်သည် ။
တစ်ယောက်နဲ့တစ်ယောက်စိတ်ဒဏ်ရာတွေနှင့် မနှုတ်ဆက်ချင်ရှာပေ ။
ဆုတောင်းပေးခဲ့စဥ်က အပျော်တွေဟာ ဒီလိုနေ့မျိုးမှာ လူကို အဆိပ်သင့်စေမည်ကိုသာ သူသိခဲ့လျှင်ဟုနောင်တရရင်း အတွေးပေါင်းများစွာဖြင့် ။
အမှတ်တရတွေကိုချရေးလိုက် ၊ သတိရရင် စာတွေပြန်ဖတ်လိုက်၊ အပြင်ကိုငေးလိုက်နှင့်ခရီးတွင်ပုံမပေါ်ရှာ
YOU ARE READING
かたわれ
SpiritualLeague of legends OST fan fic . Devoted to Vnity Myanmar . None-representating to the original works .