Thank You Note!

2.1K 212 46
                                    

Unicode

My Xiao က လေးငယ်ရဲ့ ၇ ပုဒ်မြောက် long fic အနေနဲ့ complete ဖြစ်သွားခဲ့ပါပြီရှင်။ ရေးနေစဉ်တောက်လျှောက်မှာ ငါ ပြီးအောင် ရေးနိုင်ပါ့မလား၊ တန်းလန်းကြီး drop ပစ်လိုက်ရင်တော့ ဖတ်နေတဲ့သူတွေကို စော်ကားသလို ဖြစ်တော့မှာပဲလို့ ခဏခဏတွေးဖြစ်ခဲ့ပါတယ်။ update တွေ တကယ်အရမ်းကြာခဲ့တာမို့ မျက်နှာပူစွာနဲ့ပဲ အနူးအညွတ်တောင်းပန်ပါတယ်။ ဦးနှောက်လည်းတုံး၊ နှလုံးသားလည်းတုံး၊ ခံစားချက်လည်းပျောက်၊ စာရေးဖို့ mood တွေလည်းပျက်နေတတ်တဲ့ရက်တွေ အတော်များခဲ့ပါတယ်။ MX က လေးငယ်အတွက် very first historical writing ပါရှင်။ historical ကို မကျွမ်းကျင်တာကြောင့် အားနည်းချက်တွေနဲ့ အဆင်မပြေမှုတွေအများကြီးရှိနေမှာကို လေးငယ်သိပါတယ်။ Gomen Nasai နော်။

လေးငယ်က အတိတ်မေ့တဲ့ character တွေကို အရမ်းရေးချင်နေခဲ့တာ 😅။ Rainbow မှာ ဘယ်အသက်အရွယ်ဘယ်မှတ်ဉာဏ်မှာဖြစ်ဖြစ် ကိုကို့ကိုမမေ့တဲ့ပေါက်စလေး။ You Burn Me မှာ အတိတ်မေ့တဲ့အချိန် ရိပေါ်လေးကို ချစ်ခဲ့တဲ့ကိုကိုက မူလဘဝကိုမှတ်မိသွားတဲ့အခါ ရိပေါ်ကိုမေ့သွားတာမျိုး။ My Xiao မှာတော့ ကိုယ့်ကိုကိုယ်တောင် မသိတော့တဲ့ရှောင်းကျန့်က သူ့အရှင်ကိုတော့ စွဲနစ်နေတာမျိုး။ နောက်ထပ်ရေးချင်တဲ့ မေ့နည်းလေးရှိသေးတယ်။ အဲ့ဒါတော့ ဆောက်ဖြစ်မှကျောင်းဒကာမို့ ကြိုမပြောထားချင်ဘူး။ ရေးဖြစ်မှပဲ ဖတ်တော့နော် 😄။

My Xiao ကို ကသုတ်ကရက်နဲ့ သိမ်းလိုက်တာမဟုတ်ပါဘူး။ အစကတည်းက ဒီအတိုင်းပဲသိမ်းဖို့ စဉ်းစားထားခဲ့ပြီးသားပါ။ လေးငယ်ရေးခဲ့တဲ့ fic တိုင်းက plot အစအဆုံး အကြမ်းရေးထားပြီးမှ တင်ခဲ့တာတွေချည့်ပါ။ ကြားထဲမှာ ဘယ်သူကဘာပြောလို့ ၊ ဘာဖြစ်လို့ဆိုတာတွေကြောင့်လည်း တွေးထားပြီးသား plot ကို မပြင်ခဲ့ပါဘူး။

နုပျိုငယ်ရွယ်စဉ်ကနေ အိုမင်းရင့်ရော်သွားတဲ့အထိ ရိုးမြေကျအချစ်တစ်ခုကို ပုံဖော်ချင်ခဲ့ဖူးပါတယ်။ Rainbow မှာတုန်းက အဲ့လိုရေးဖို့ စိတ်ကူးခဲ့ပေမယ့် ဘယ်လိုမှမရေးနိုင်ခဲ့လို့ လက်လျှော့ခဲ့တာပါ။ သူတို့နှစ်ယောက်ရဲ့ ငယ်နုတဲ့အချိန်ကိုသာ ရေးနိုင်ခဲ့ပြီး အသက်ကြီးသွားတဲ့အချိန်ကို ရေးရမှာ စိတ် (မျက်ရည်) မခိုင်ခဲ့ဘူး။ MX မှာတော့ မျက်ရည်ကျရင်းကို ပြီးတဲ့အထိ ရအောင် ရေးခဲ့ပါတယ်။ စာဖတ်သူလေးတွေ ဘယ်လိုခံစားရသလဲမသိပေမယ့် လေးငယ်ကတော့ တကယ်ငိုခဲ့ရပါတယ်။ ရေးချင်ခဲ့တာကို အကောင်အထည်ဖော်နိုင်ခဲ့လို့ ကျေနပ်သွားပါပြီ။

My Xiao (ငါ့ရဲ့ရှောင်း)Where stories live. Discover now