Part 22 (Uni+Zawgyi)

10.8K 400 20
                                    

Uni

"အ​ဖေနဲ့အ​မေ့ကို သား ကန်တော့ပါတယ် "

​"အေးပါ သားရယ် သွားလမ်းသာလို့ လာလမ်း​ဖြောင့်ပါ​စေ"

"ငါ့သား ​အောင်မြင်ပါ​စေကွာ "

​"ပေးတဲ့ဆုနဲ့ပြည့်ပါ​စေ "

အိမ်က ထွက်ခါနီး မိဘ နှစ်ပါးကို ကန်တော့လိုက်သည်။ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်၏။ သူဖြစ်ချင်တဲ့ ဘဝသူဟာ သူ​ရွေးချယ်လိုက်သည်။ ဘာ​တွေပဲဖြစ်​နေပါ​စေ သူဒီဘဝမှာပဲ သက်ဆုံးတိုင်​နေသွားမယ်လို့ ဆုံး ဖြတ်လိုက်သည်။ အ​တွေး​တွေ​ကော ​၊ခြေ လှမ်း​တွေ​ကော ​ပေါ့ပါး​နေ​တော့သည်။ ကိုရီးယားက ပြန်လာတဲ့ luggage တစ် လုံးကို ဆွဲကာ အိမ်​အောက်ဆင်းလာလိုက်သည်။ အ​မေက​တော့သူကန်​တော့ထဲက မျက်ရည်ကျ​​နေ​တော့သည်။

"ဖိုးထွန်း​ရေ !!!!"

"ဗျာ!! အကို​လေး "

​"အေး ဒီပစ္စည်း​တွေ ရာစု အိမ်ကို ပို့လိုက် "

"ဟင် သား​လေး !!!!"

အ​မေကနားမလည်သလို ကြည့်ကာ သူ့ကို အံသြ​နေ၏။ သူလည်း အားပါးတရ ရယ်လိုက်ပြီး အ​​မေ့ကို ဖက်နမ်းပစ်လိုက်သည်။ သ​ဘောက​တော့ အ​မေ့သား ​ကသားနဲ့မယားအိမ် သွားပြီဆိုတဲ့ စတိုလ်နဲ့ပါ ။

"အ​မေ့ !!!သား ရာစု တို့ သားအ​ဖေနားမှာ တစ်သက်လုံး​နေ​တော့မလို့
အ​မေ သ​ဘောတူလား "

"တကယ်လား သား​​လေးရယ်
အင့်...ဟင့် .."

​"ရော် အ​မေက သ​ဘောမတူဘူး​​ပေါ့ "

အ​မေက ရုတ်တရက်ကြီး ငိုချလိုက်တာမို့ ဓန အ​မေ့ကို​ချော့​နေ​တော့သည်။ အ​မေက အရမ်း​တွေ အ​ပျော်လွန်ပြီး ငို​နေတာမရပ်ပါ။

"သား​လေးရယ်​ကျေးဇူးတင်ပါတယ်
အ​မေ အရမ်းလည်းဝမ်းသာပါတယ် "

"အ​မေက သားကို သားတုန်​လေးက သားက​လေးလို့ဘာလို့မ​ပြောတာလဲ "

"မင်းအ​မေက ​ပြောချင်လွန်းလို့ ကွာ "(အ​ဖေ)

"ဟုတ်ပ ​မောင်​လေးရယ် မမဆို ပါးစပ်ကို ယား​နေတာပဲ "

"ရာစု ​လေးက မ​ပြောခိုင်းတာ သားရဲ့
​ပြောရင်​မြေး​လေးကို ​​ခေါ်ပြီးအ​ဝေးကြီးထွက်သွားမယ်ဆိုလို့ "

My Owner (Completed)Hikayelerin yaşadığı yer. Şimdi keşfedin