Unicode
🎶မုန်းတွေမပါတဲ့ အချစ်စစ် နဲ့ချစ်တာ
အပူကင်းတဲ့ ချစ်မျိုးပါ လာလာ
လာ 🎶ထယ်ယောင်း ထမင်းစားဖို့ အောက်ထပ်ဆင်းလာတော့ သီချင်းဆိုသံကို ကြားရသည်။ ဆိုနေသူကတော့ နှစ်ယောက်မရှိတဲ့ ဂျီမင်ပင်။ ထယ်ယောင်း အနားမှာရှိတဲ့ ဦးလေးဂျိုကို တိုးတိုးလေး မေးလိုက်သည်။
"ဦးလေး ဟိုကောင်လေး ရည်းစားတွေများရနေပြီလား"
" ပေါက်ပေါက်ရှာရှာ ခြံထဲကနေ အပြင်တောင်မထွက်တဲ့ လူက ဘယ်လိုလို့ရှိမှာလဲ သခင်ကြီးရဲ့"
"မသိပါဘူး အချစ်သီချင်းတွေဆိုနေတော့ ဒါပေမဲ့စောင့်ကြည့်တာ တော်ကြာ မကောင်းတဲ့လူတွေနဲ့ ဖြစ်မိနေမှာဆိုးလို့"သခင်ကြီးကို အိမ်တော်ထိန်းဂျို နားမလည်နိုင်ပါ။ ဒီကောင်လေး ရည်းစား ရမရ ကအရေးကြီးလို့လား။ ဒါပေမဲ့လည်း အတွန့်မတတ်ရဲပေ။
"ဟုတ်ကဲ့ပါ သခင်ကြီး"
_____________
"သခင်ကြီးလာပြီလား ထိုင် ဒေါ်လေးဂျို နေလို့သိပ်မကောင်းလို့ ကျွန်တော် မနက်စာပြင်ထားပေးတယ် ခဏစောင့် ကော်ဖီဖျော်ပေးမယ် ဖျော်ထားရင် အေးသွားမှာဆိုးလို့ "
"အေးအေး ဖြည်းဖြည်းလုပ် အပူတွေလောင်ကုန်မယ်"ဂျီမင်ရောက်တာ ၇လကျော်ပြီ။ leather အင်္ကျီကိစ္စကလွဲရင် အခုထိ ဘာပြဿာနာမှ မရှိဘူး။ ထမင်း၊ဟင်းလည်း ချက်တတ်တော့ ဒေါ်လေးဂျို အခုလိုနေလို့မကောင်းတဲ့အချိန်ဆိုရင် သူကဘဲပြင်ဆင်ပေးတယ်။ ပြန်လာရင်လည်း ခြံတံခါးကိုလည်း သေချာပိတ်တယ်။ စရောက်ခါစတုန်းကထက် ဂျီမင်သည် အသားလေးဖြူလာသည်။ အရင်ကထက်လည်းပိုပြီးပြည့်လာသည်။ ဒါပေမဲ့ အရင်တိုင်း တုံးနေသေးတာ
ကြောင့် တချို့စကားတွေဆို အရိပ်ပြရုံမရဘူး အကောင်ကြီးချပြမှ နားလည်တယ်။ဟိုတလောက ဧည့်သည်တစ်ယောက်ပါလာမယ်ဆိုတာကိုမပြောမိတော့ ဧည့်သည်ကိုခေါ်လာတဲ့အချိန် တံခါးရှေ့ကနေ ဝင်ကာပြီး မဝင်လာနဲ့ဆိုပြီး ခြံတံခါးဆွဲပိတ်လို့ ကြားက သူ(ထယ်ယောင်း)မှာ မျက်နှာပျက်ရသေးသည်။
ဒါပေမဲ့လည်း ထယ်ယောင်းနားလည်ပါတယ် ဒီအိမ်ကိုစခေါ်လာထဲက သူကဉာဏ်နည်းနည်းတုံးတယ်လို့ ပြောထားတာဘဲလေ။
YOU ARE READING
အမုန်းရန်မပါ ချစ်ကြိုးလေးနဲ့သွယ်ပါမယ်
Fanfictionခြံစောင့်လေးဘဲ ခေါ်မိတာပါ ဘာလို့များ ကျုပ်နှလုံးသားထဲအထိ ဝင်ရောက်နေထိုင်နေရတာလဲ။