❣️❣️❣️chapter-8❣️❣️❣️

641 19 0
                                    

        နန်း၁၀တန်းကိုထူးထူးချွန်နှင့်​အောင်တာ​တောင်ကျောင်းချက်ချင်းမတက်နိုင်တဲ့စိုင်းကိုသနားမိတယ်။နန်းဆိုဘိုးဘိုးကျေးဇူးကြောင့်ကျောင်းကိုအခက်အခဲမရှိတက်ခဲ့ရတယ်။နန်းတစပ်တည်းဘိုးဘိုးရဲ့ကျေးဇူးကိုသတိရသွားပြီးဘိုးဘိုးကိုစိတ်ထဲကကန်တော့လိုက်တယ်။
နန်း"စိုင်းကတော်လိုက်တာ။ဆေးကျောင်းတောင်အမှတ်မှီတယ်။ဒါပေမဲ့ကျောင်းတနှစ်အောက်လိုက်တာတော့နှမြောစရာကြီးပါ။စိုင်းမိဘတွေကစိုင်းကျောင်းတနှစ်နားတာဘာမှမပြောဘူးလား။"
စိုင်း"ကျွန်တော့်မိဘနှစ်ပါးလုံးကမရှိကြတော့ပါဘူး။ကျွန်တော်ကအခုပထွေးဖြစ်သူနှင့်နေနေတာပါ။ကျွန်တော့်ရဲ့ပထွေးကကျောင်းဆက်မထားပေးလို့ပြီးခဲ့နှစ်ကကျောင်းမတက်ခဲ့ရဘူးလေ။အခုတော့ကျောင်းတက်ဖို့ကျောင်းစရိတ်လုံလုံလောက်လောက်ရှိပြီဆိုတော့ဒီနှစ်တော့ကျိန်းသေကျောင်းတက်မှာပါ။"
နန်း"စိုင်းကတော်ပါတယ်။ငယ်ငယ်ရွယ်ရွယ်နှင့်အခုလိုကိုယ့်ခြေတောက်ပေါ်ရပ်တည်နိုင်တယ်ဆိုတော့စိုင်းကလူတော်တယောက်ပါ။တို့မင်းကိုအားကျတယ်သိလား။တို့တောင်မင်းလောက်အစွမ်းအစမရှိသေးဘူး။"
စိုင်း"အဲ့လိုလည်းမဟုတ်ပါဘူးမမရယ်။ဒါကကျွန်တော်ရဲ့ဘဝပေးအခြေအနေမို့လို့ပါ။"
နန်း"အေးပါစိုင်းရယ်။စိုင်းလည်းfightingနော်။"
မမနန်းကကျွန့်တော့်ကိုအားပေးစကားပြောတာကြောင့်ကျွန်တော်အခက်အခဲတွေကိုရင်ဆိုင်ဖို့အားရှိသွားသလိုခံစားရတယ်။
စိုင်း"ဟုတ်ကဲ့ပါမမနန်း။မမနန်းညစာစားတော့မလား။ကျွန်တော်ညစာပြင်လိုက်မယ်လေ။"
နန်း"ဗိုက်ကတော့ဆာနေပြီ။ဒါပေမဲ့ဒီနေ့ထမင်းမစားချင်ဘူးဖြစ်နေတယ်။ခေါက်ပြုတ်စားချင်နေတယ်။ခေါက်ဆွဲပြုတ်စားရင်ကောင်းမယ်ထင်တယ်။"
စိုင်း"ဟုတ်ကဲ့၊အဲ့တာဆိုကျွန်တော်သွားပြုတ်လိုက်မယ်။"
နန်း"ရတယ်၊စိုင်း။နန်းဘာသာနန်းပဲပြုတ်လိုက်မယ်။"
စိုင်း"မမနန်းအေးဆေးနေပါ။ကျွန်တော်သွားပြုတ်လိုက်ပါမယ်။"
နန်း"နန်းကိုမပြုတ်တတ်ဘူးများထင်နေတာလား။နန်းလည်းခေါက်ဆွဲလောက်တော့ပြုတ်တတ်ပါတယ်။စိုင်းကနန်းအတွက်အကင်ကြော်ပြီးပြည်ကြီးငါးသာပြုတ်ပေးထား။"
စိုင်း"ဟုတ်ကဲ့၊မမနန်းသဘောပါအတိုင်းပါပဲဗျာ။"
ကျွန်တော့်စကားဆုံးတော့မမနန်းကကျွန်တော့်ကိုသွားထက်ပေါ်အောင်အထိပြုံးပြတယ်။
💮💮💮💮💮💮💮💮💮💮💮💮💮💮
ကျွန်တော်နှင့်မမနန်းညစာပြင်ဖို့အတွက်မီးဖိုခန်းထဲအတူတူဝင်လာတယ်။ကျွန်တော်ကတော့ပြည်ကြီးငါးတွေပြုတ်ထားပြီးတဖက်ကအကင်​ကြော်လိုက်တယ်။မမနန်းကတော့အိုးထဲရေထည့်ပြီးတော့ရေဆူတာစောင့်နေတယ်။
စိုင်း"မမနန်း၊ရေဆူနေပြီ။ခေါက်ဆွဲထည့်လိုက်တော့လေ။"
နန်း"အဲ့ဒါဆိုခေါက်ဆွဲထည့်လိုက်မယ်နော်စိုင်း။"
နန်းစကားဆုံးတော့စိုင်းကခေါင်းငြိမ့်ပြလိုက်တယ်။အဲ့တာနှင့်နန်းခေါက်ဆွဲထည့်ဖို့အိုးအဖုံးကိုဖွင့်လိုက်တာအငွေ့ကလာဟက်တာကြောင့်နန်းရဲ့လက်လေးပူသွားတယ်။နန်းလည်းလက်ပူလို့ရှောင်လိုက်တာလက်ဖမိုးနှင့်အိုးပူနှင့်ထပ်ကပ်သွားတယ်။
"အာ့။"နန်းနာလို့အော်လိုက်မိတယ်။
စိုင်း"မမနန်း၊ဘာဖြစ်သွားသေးလဲ။"
ကျွန်တော်စိတ်ပူပြီးမမနန်းရဲ့လက်ကလေးကိုကိုင်ပြီးကြည့်လိုက်တယ်။နန်းရဲ့လက်ကလေးကိုစိုင်းရဲ့လက်ကလေးနှင့်ထိလိုက်တော့နန်းနူးညံတဲ့အထိအတွေ့လေးကိုခံစားရတယ်။နန်းအံ့သြမိတယ်။စိုင်းလိုဟင်းချက်တဲ့သူရဲ့လက်ကလေးကဘာဖြစ်လို့ဒီလောက်တောင်နူးညံနေတာလဲ???လို့နန်းတွေးလိုက်မိတယ်။"တခါမှမအလုပ်မလုပ်ဘူးတဲ့ချမ်းသာတဲ့သူဌေးသားလေးကြနေတာပဲစိုင်းရယ်"လို့နန်းတွေးလိုက်မိတယ်။
စိုင်း"မမနန်းအနာကသိပ်တော့မကြီးပါဘူး။တော်သေးတာပေါ့မမနန်းရယ်၊အနာအကြီးကြီးမဖြစ်လို့။မမနန်းအနာကိုဆေးမြန်မြန်သွားထည့်လိုက်ပါ၊တော်ကြာအရေကြည်ဖုတွေထလာအုန်းမယ်။"
နန်း"အဲ့တာဆိုနန်းဆေးသွားထည့်လိုက်အုန်းမယ်နော်။"
စိုင်း"ဟုတ်ကဲ့၊ညစာကိုကျွန်တော်ဆက်ပြင်ထားလိုက်မယ်။"
နန်းအနာဆေးထည့်ဖို့မီးဖိုခန်းထဲကထွက်လာခဲ့တယ်။စိုင်းနန်းကိုဂရုစိုက်တာကိုဘာလို့လဲမသိနန်းစိတ်ထဲမှာပီတိဖြစ်နေမိတယ်။

💮💮💮💮💮💮💮💮💮💮💮💮💮💮💮

      နန်းအနာဆေးထည့်ပြီးတော့tvကိုwifiနှင့်ချိတ်ပြီးu tubeကနေkorea food bloggerတွေရဲ့vdတွေကြည့်နေတယ်။နန်းvdကြည့်ရင်းနှင့်ဗိုက်ပိုဆာလာတယ်။ခဏနေတော့စိုင်းကခေါက်ဆွဲပြုတ်လာချပေးတယ်။
စိုင်း"မမနန်း၊ခေါက်ဆွဲပြုတ်ရပါပြီ။"
နန်း"wow!စားချင်စရာလေး။စားစရာတွေကြည့်ပြီးဗိုက်ဆာနေတာနှင့်အတော်ပဲစိုင်းရယ်။ညနေစောင်းနေပြီဆိုတော့စိုင်းလည်းဗိုက်ဆာနေရောပေါ့။ခေါက်ဆွဲကလည်း၂ထုပ်ဆိုတော့အများကြီးပဲ။အတူတူစားမယ်လေ။"
စိုင်း"ရပါတယ်မမနန်းရဲ့။ကျွန်တော်မစားတော့ပါဘူး။အိမ်ပြန်မှပဲစားလိုက်ပါမယ်။"
နန်း"နန်းနှင့်အတူတူမစားရင်နန်းစိတ်ဆိုးမှာနော်။"
ကျွန်တော်လည်းအားနာတာနှင့်မမနန်းနှင့်အတူခေါက်ဆွဲပြုတ်လေးအတူတူစားလိုက်တယ်။မမနန်းကကျွန်တော့်ကိုပြည်ကြီးငါးတွေ၊အကင်တွေထည့်ပေးတယ်။ကျွန်တော်တို့နှစ်ယောက်တီဗီကြည့်ရင်းအတူတူစားကြတာပေါ့ဗျာ။
နန်း"စိုင်း၊ရော့ပြည်ကြီးငါးစား။"
နန်းစိုင်းပန်းကန်ထဲထည့်ပေးမလို့လက်လှမ်းလိုက်တဲ့အခါမှာကျွန်တော်ကမမနန်းကိုအားနာတာကြောင့်ငြင်းလိုက်တယ်။
စိုင်း"မမနန်း၊ကျွန်တော်ဗိုက်ပြည့်နေပါပြီ။မမနန်းဝအောင်စားပါ။"
နန်းစိုင်းကိုစိတ်မရှည်တာကြောင့်စိုင်းကိုကြည်ကြီးငါးခွံလိုက်တယ်။ပြည်ကြီးငါးကကြီးတာကြောင့်စိုင်းပလုတ်ပလောင်းဝါးနေလို့ပါးလေးဖောင်းနေတာကိုနန်းကြည့်ပြီးကြည့်လိုက်မိတယ်။
နန်း"တကယ်ချစ်ဖို့ကောင်းတဲ့ကလေးလေးပါလား။"
နန်းပြောရင်းစိုင်းရဲ့ပါးလေးကိုဆွဲလိုက်တယ်။နန်းကတယောက်တည်းကြီးပြင်းခဲ့ရတာမို့စိုင်းလိုချစ်ဖို့ကောင်းတဲ့မောင်လေးတယောက်သာရှိရင်ဘယ်လောက်ကောင်းမလဲလို့တွေးလိုက်တယ်။

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

Chapter-9coming soon💌💌💌.

🎀🎀Author-yoon mieno🎀🎀

မကကျွန်​တော့်ရဲ့မီးအိမ်ရှင်Where stories live. Discover now