Cigarette

110 15 21
                                    

1st day of April

"ချစ်တယ်"

ဆိုသော စကားတစ်ခွန်းနဲ့ ခြေဖမိုးအောက် ကြေမွသွားတဲ့ cigarette လေး...

လှည့်ကြည့်လာတဲ့ သူ့မျက်ဝန်းတွေက ကျွန်တော့်ကို ခနဲ့ချင်တဲ့စိတ်အပြည့်နဲ့...

"ရူးသွားပြီလား"

မြတ်နိုးရတဲ့ နှုတ်ခမ်းပါးက ထွက်လာတဲ့ စကားသံက ကျွန်တော့်ကို နာကျင်စေတုန်း...

"April Fool တာတွေ ဘာတွေ လာမလုပ်နဲ့နော် ကျွန်တော့်ကို Hyung လှည့်စားလို့မရဘူး"

ကျွန်တော် ဟက်ခနဲ တစ်ချက်ရယ်လိုက်တယ်

ထင်ထားတဲ့အတိုင်း သူက ကျွန်တော့်ကို အရူးတစ်ယောက်လို့ မြင်နေတာပဲ

မင်းက အဲ့လိုဆိုတော့လဲ ငါက တကယ်ပဲ အရူးဖြစ်ပေးမှာပေါ့ကွာ

ငါက မင်းကို ချစ်တယ်လေ

"အဲ့လိုဆိုတော့ ​ပျော်စရာမကောင်းဘူး Jihoon ရာ"

Jihoon က အိတ်ထဲက cigarette အသစ်တစ်လိပ်ကို ထုတ်ယူကာ ပါးစပ်မှာ တေ့ရင်း မီးညှိလိုက်တယ်

လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက လှပလိုက်တာ Jihoon ရာ...

တခြားလူတွေအတွက် မင်းက Bad boy ဆိုရင်တောင် ငါ့အတွက်တော့ မင်းက သူရဲကောင်းတစ်ယောက်ပါပဲ

မင်းက ငါ့ကို ကျော်လျှောက်သွားရင်တောင် မင်း ကျောပြင်လေးက ငါ့အတွက် ခွန်အားပါပဲ

ဘယ်တုန်းကမှ မင်း အလေးမထားခဲ့တဲ့ ငါ့ခံစားချက်တွေ...
မင်းပါးစပ်ထဲမှာ ဟာသအနေနဲ့ ပေါ့ပေါ့ပါးပါး ပြောင်းလဲခံလိုက်ရတာ ဘယ်နှစ်ခါရှိနေပြီလဲ

အခုလဲ မင်း ငြင်းမှာ သိရက်နဲ့ ဖွင့်ပြောမိတဲ့ ငါ့အမှားတွေလို့ ဆိုရင်လဲ ခေါင်းငုံ့ခံရုံပေါ့

"Hyung ပြောစရာရှိသေးလား"

သူ့ရဲ့ ခပ်ဆတ်ဆတ် လေယူလေသိမ်းကြောင့် ကျွန်တော် ခေါင်းကို မော့လိုက်တယ်

နံရံကို မှီရင်း ဆေးလိပ်ကို ဖွာနေတဲ့ Jihoon ရဲ့ ပုံရိပ်ကို သူ့မျက်လုံးထဲ စွဲနေအောင် မှတ်ယူလိုက်တယ်

သူ့မျက်လုံးထဲ သူ့ရဲ့ဖုန်းထဲ သူ့ရဲ့ နှလုံးသားထဲမှာ မှတ်ထားတဲ့ Jihoon ရဲ့ ပုံရိပ်တွေလဲ တော်တော်လေး များနေခဲ့ပါပြီလေ

You've reached the end of published parts.

⏰ Last updated: Apr 19, 2023 ⏰

Add this story to your Library to get notified about new parts!

Hello AprilWhere stories live. Discover now