.📚

1.7K 164 73
                                    

[Unicode]

" ကျစ် ကျက်သရေမရှိတဲ့နေရာ ငရဲလိုပဲ "

ကင်မ်ဂယူဘင်းတစ်ယောက် စုတ်တစ်ချက်သတ်၍ပြောလိုက်ခြင်းဖြစ်သည် ။ တစ်ခြားတော့မဟုတ် ။ သူတက်ရမည့်ကျောင်းကိုပင် ။

ကျောင်းဖွင့်တာ ၁ လလောက်ရှိပြီဆိုပေမဲ့ ဂယူဘင်းက အခွင့်ထူးခံလူတန်းစား ။ သူ့အဖေက ဒီကျောင်းကိုအများဆုံးထောက်ပံ့ပေးနေတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့် ဆရာ၊ ဆရာမတွေအကုန်ကြောက်ကြသည် ။

အခုတောင် ကျောင်းအတက်လေးတော့လာပြပါ ဆိုလို့သာ မလွှဲမရှောင်နိုင်လာရတာ ။ မဟုတ်ရင် ဒီ‌လိုနေရာမျိုးကို ကင်မ်ဂယူဘင်းတို့က စိတ်ကိုမ၀င်စား ။

ကျောင်းများ ဘာလုပ်ရမှာလဲ ။ "ကျရင်နောက်တစ်နှစ်ပြန်တက်တာ‌ပေါ့" ဟုပင် ကြိမ်းဝါးရင်း နေလာခဲ့တာ အခုဆို အထက်တန်း ဒုတိယနှစ်ကိုတက်တာ နှစ်ခါပြန်ရှိခဲ့ပြီ ဖြစ်သည် ။

ကိုယ့်အတွေးနဲ့ကိုယ်ပြုံးပြီး ကျောင်း၀န်းထဲ၀င်လာတုန်း အရှိန်နဲ့၀င်တိုက်လိုက်တဲ့ အရာတစ်ခုကြောင့် ဘိုင်းခနဲပင် ပြုတ်ကျသွားရသည် ။

ဘ၀မှာ ပထမဆုံး ရှိုးပျက်ခြင်းဖြစ်သည် ။

အား နာလိုက်တာ ။ ငါတိုက်မိတာ ကျောက်တုံးကြီးများလား ။

" ဒီမှာ လူတစ်ယောက်လုံးပြေးလာတာကို မဖယ်ဘဲ ဘာလုပ်နေရတာလဲ အတိုက်ခံချင်နေတာလား "

ဟ တွေ့ပြီ။ ကင်မ်ဂယူဘင်းနဲ့တော့ တွေ့ပြီ ။ ဘယ်ကောင်လဲကွ။ ရာရာစစငါ့ကို ။

ကြည့်တော့ဖြင့် လူကသေးသေးလေး ။ ၀င်တိုက်သွားတဲ့ သူ့ခေါင်းကိုပွတ်ရင်း လူကိုမကြည့်ဘဲပြောနေတာ မသိရင် သူပဲနာသွားတဲ့ပုံ ။

လဲကျသွားတာ ငါပါကွ ။

" မင်းအရင်၀င်တိုက်တာလေ ဘာလို့ပြသာနာလာရှာနေရတာလဲ "

" ရှာတော့ဘာဖြစ်ချင်.... အယ် ကိုကိုး "

ဘာရယ် ။ ဘယ်လို ။ ဘာကြီးလဲဟ။

ရန်တွေ့နေရင်း ဘယ်က ကိုကိုးကပါလာတာလဲ။ မဟုတ်မှ သူ့ကိုခေါ်နေတာလား ။

" ကိုကိုး ကိုကိုး မဟုတ်လား "

" ဟမ်...ဘာတွေ "

You've reached the end of published parts.

⏰ Last updated: Apr 01, 2023 ⏰

Add this story to your Library to get notified about new parts!

𝐍𝐨𝐧𝐬𝐞𝐧𝐬𝐞!Where stories live. Discover now