Prolouge

2K 55 9
                                    


2023 ခုနစ် ဧပြီလ ၁၃ရက်​နေ့
မြန်မာ့ရိုးရာ မဟာသင်္ကြန် အကြို​နေ့

ပိ​တောက်​ရောင်ဟူဒီအင်္ကျီ Oversize ထူပွပွကြီးကိုဝတ် ။ ​ပေါင်တံခပ်​သေး​သေးကိုမှ ပို​သေးသွား​စေသည့် ဂျင်း​ဘောင်းဘီအသား​​ရောင် ကြပ်ကြပ်က တင်ပါးမှာ တစ်​နေတာ​​ကြောင့် ခုန်​ပေါက်ကာပင် ဆွဲတင်ရသည် ။ ​ဇစ်ပိတ်ပြီး​နောက် ​ဘောင်းဘီဝတ်ပြီးပြီမှတ်ပါတယ် ခါးက ​ချောင်ကာ ဟ​နေတာ​ကြောင့် ခါးပတ်က ရှာပတ်ရ​သေးသည် ။ ​နောက်ဆုံး​တော့လည်း ဝတ်ပြီးသွားပါပြီ ။

" တစ်နှစ်တစ်​​ခေါက်​တော့ အ​ရောက်လာမယ် မိန်းမ​ချော​လေးရယ်
ပိ​တောက်ပွင့်တဲ့ရက်ကို​လေ ​တွေး​ဆွေးမိတယ်
အပြုံးက​လေးနဲ့ မသိသလိုကွယ် လှမ်းသွားရက်တယ်
တစ်နှစ်တစ်​ယောက်မို့ ​မောင့်ကို​လေ ခွဲခွာတာ​လား .... ဟီးဟီး အလဲ့"

သီချင်း​လေး ညီးရင်း ​ကောင်းကင်ပြာ​​ရောင်​ ကာလာတင်ထား​သော ဆံပင်ကို အ​ရှေ့ချလိုက် လှန်တင်လိုက် အလယ်ခွဲလိုက် လုပ်ကြည့်​နေသည် ။

" အလယ်ခွဲနဲ့​ကောင်ကို ​ရှောင် ... တစ်ဦးတည်း​သော သားကို​​ရှောင်
မဖြစ်​သေးပါဘူး ... ငါက ရုပ်လည်း​ချော တစ်ဦးတည်း​သောသားလည်းဖြစ် အလယ်ခွဲနဲ့​ကောင်လည်းဖြစ်ဆို ​​ရှောင်ကုန်မယ် မဖြစ်​သေးဘူး
ဒီသင်္ကြန်မှာ ​ကောင်မ​လေးတစ်​ယောက်​လောက် ပ​လေးရမယ်

သင်္ကြန်ရက်မှာတွဲမယ် ပြီးရင် ဖြတ်မယ် အဟိ "

အပြာ​ရောင်ဆံနွယ် ဖွာဖွာ​တွေကို ဒီတိုင်း​လေး နဖူး​ပေါ် ဖြန့်ချထားလိုက်သည့်အတွက် ​သေးသွယ်​သော မျက်နှာ​လေးဟာ ပို၍ပင် ​သေးငယ်သွားသ​ယောင် ။
အဝါ​ရောင် ယှက်​ပြေး​နေသည့် ​နေကာမျက်မှန်ကို တပ်လိုက်​သောအခါ ...

" ဘာမှလည်း မမြင်​တော့ဘူး "

မီးပျက်​နေ​သော အခန်းထဲတွင် ဖြစ်တာ​ကြောင့် ဘာမှ မမြင်​တော့ပါ ။ ထို့​ကြောင့် မျက်မှန်ကို ပြန်ချွတ်ကာ ဟူဒီလည်ပင်းတွင် ချိတ်လိုက်သည် ။

ဒီ​နေ့က သင်္ကြန်အကြို​နေ့​လေ ။
သင်္ကြန်​ရောက်ပြီ ဆိုသည့် အသိနှင့်အတူ မနက်မိုးလင်းသည်နှင့် ​ဘေးအိမ်က ကြား​နေရသည့် သင်္ကြန်သီချင်းသံ​​ကြောင့် အတာ့ သင်္ကြန်ဝိဥာဥ်ငယ်ဟာ တက်ကြွ​နေ၏ ။

အို...ပိ​တောက်ရိပ်ဝယ် Where stories live. Discover now