Part - 1

11.5K 67 23
                                    

Unicode

ကိုယ်ပိုင်အထက်တန်းကျောင်းရှိ  မြင်ကွင်းတွေဟာ  အနတ္တစိမ်းလို ကျောင်းသားအသစ်အဖို့အတွက်တော့ မြင်မြင်သမျှ ငေးချင်စရာအကောင်းသား။ကျောင်းဝန်းကြီးက အင်မတန်ကျယ်ဝန်းလှပေသည်။ကျောင်းတံဆိပ်ပါ တူညီဝတ်စုံနဲ့ ကျောင်းသားကျောင်းသူတွေဟာလည်း ကျောင်းဝင်းအတွင်း လှုပ်လှုပ်ရှားရှား။အနတ္တကျောင်းမဖွင့်မီကပင် ကျောင်းလာအပ်ရင်းဖြင့် ကျောင်းပတ်ဝန်းနဲ့အဆောက်အဦတွေကို လေ့လာခဲ့ပြီးသားဖြစ်ပေမယ့် ယခင်တက်ခဲ့တဲ့ကျောင်းမဟုတ်လို့လားမသိ ခြေလှမ်းလှုပ်ရှားမှုတွေက လိုချင်သလောက်မသွက်ပေ။အနတ္တစိမ်းဟာ ကိုးတန်းကျောင်းသား ဒီနှစ်မှအထက်တန်းစတက်ရမည့်သူ။ယခင်ကလည်း ကိုယ်ပိုင်ကျောင်းမှာ နေဖူးခဲ့ပါသော်လည်း နေရာဟောင်းက အတိတ်ဟောင်းတွေကို မေ့ဖျောက်ဖို့ သူအတော်လေးကြိုးစားရပေအုံးမည်။သူငယ်ချင်းအသစ် ဆရာအသစ်တွေနဲ့ အဆင်ပြေပါစေလို့သာ လောလောဆယ် ဆုတောင်းရမှာပေါ့။ 

မနက်ကိုးနာရီဒေါင်ကနဲ ထွက်ပေါ်လာတဲ့ လျှပ်စစ်ခေါင်းလောင်းဆီက အသံကြောင့်  ကျောင်းသားတွေအားလုံး ကျောင်းရဲ့ခန်းမကြီး၌ စုဝေးနေကြရသည်။ကျောင်းတက်ပထမဆုံးနေ့ဖြစ်တာမို့ ကျောင်းအုပ်ကြီးဆီက ဆုံးမသြဝါဒပေါင်း သောင်းခြောက်ထောင်လောက် ကြားနာရအုံးမှာ မလွဲမသွေ။လူနှစ်ထောင်ခန့် ဝင်ဆံ့သည့် ကျောင်းခန်းမကြီးတစ်ခုလုံးဟာ ငြိမ်ဆိတ်နေကြသည်မှာ ယခုလေများ လေလည်ပါလျှင် တစ်ကျောင်းလုံး ကျောင်းရလောက်တဲ့အထိ တိတ်ဆိတ်နေကြသည်။စတိတ်စင်ပေါ်၌  ထောင်ထောင်မောင်းမောင်းနှင့် တရုတ်စပ်ဟန် အမျိုးသားတစ်ဦး တက်သွားသည်ကို တွေ့လိုက်ရသည်။ကျောင်းမှ ဝန်ထမ်းအားလုံးရဲ့ အင်္ကျီအရောင်ဖြစ်သည့်  မိုးပြာရောင်စတစ်လက်ရှည်နှင့် စတိုင်လ်ပန် အနက်ရောင်ကို တွဲဝတ်ထားသူဟာ သောက်ကျိုးနည်းလောက်အောင်ပင် မိမိုက်နေသည်။ကျောင်းအုပ်ကြီးနှင့်ပင် ဒီကျောင်းမှာ တက်ဖို့အကြောင်းရင်းက လုံလောက်လေသည်။ရွှေရောင်ကိုင်းပါးပါးလေးနှင့် မျက်မှန်ဖြင့် ထိုအမျိုးသားကျောင်းအုပ်ကြီးဟာ စတင်ပြောကြားရန်အတွက် မိုက်ခ်ကို ဟဲလိုတက်ခ်စတင်း ဝမ်းတူးသရီး(Hello texting 1,2,3) ဆိုပြီး မိုက်ခ်စမ်းနေပုံကလည်း ဆွဲဆောင်မှုအပြည့်။မတိုမရှည် ဆံပင်တွေကို ဂျယ်လ်ဖြင့် သေချာစွာ သိမ်းထားပြီး မထူမပါးမျက်ခုံးတွေဟာ ခပ်ပြေပြေ နဖူးပြင်ပေါ်မှာ အချိုးစားကျနစွာတည်ရှိနေသည်။မျက်မှန်တင်ထားသည့် နှာတံက ခပ်မြင့်မြင့်ရှိပြီး နှုတ်ခမ်းပါးလေးတွေကတော့  ပြုံးသယောင်သန်းနေသည်။

Dear My Lustful Sir Where stories live. Discover now