“ မောင် ရယ်တို့နဲ့အတူရှိနေရင် Cigarette တွေလျှော့သောက်ပါအုံးလား ”
မောင် သည် မောင့်မဟေသီလေးကိုရင်ခွင်ထဲထည့်ကာ Cigarette ကိုတစ်လိပ်ပြီးတစ်လိပ်ဖွာနေသည်။“ မောင့်အတွက်မင်းနဲ့ဆေးလိပ်ကအရေးကြီးဆုံးပဲလေ။ဘာတွေလျှော့ခိုင်းနေတာလဲ ”
မောင် သည်စီးပွားရေးလောကမှာကြော်ကြားတဲ့ manoban ရဲ့တစ်ဦးတည်းသောသမီး။မိဘတွေရဲ့အလိုလိုက်ခြင်းကြောင့်ဆိုးချင်တိုင်းဆိုးနေခြင်းဖြစ်သည်။“ တို့စကားဆိုဘယ်တော့မှအရေးမလုပ်တဲ့ မောင်ဘဲ။တို့သိပ်စိတ်ဆိုးတာပဲ ”
“ နားတွေညီးလိုက်တာအသည်းအသက်လေးရယ်။ခနလေးတွေ့ရတာကိုကွာအေးအေးဆေးဆေးမောင့်ရင်ခွင်ထဲမှာနေပါလား ”
မောင် သည် Cigarette အတိုကိုအောက်ပစ်ချပြီးခြေထောက်နဲ့နင်းချေကာပြောလိုက်တယ်။
Jennie သည်စီးပွားရေးမှာထူးချွန်သူတစ်ယောက်ဖြစ်ပြီးမောင့်ထက်သုံးနှစ်ကြီးသည်။မောင်သည် Jane ကိုမြင်မြင်ချင်းတည်းကစွဲလန်းခဲ့ရပြီးသူ့အပိုင်ဖြစ်အောင်မရ ရအောင်လိုက်ခဲ့သည်။ Jennie လေးသည် မောင့် အပြုအစုတွေကြားတဖြုတ်ဖြုတ်ကြွေလို့။“ မောင့် ကိုလိမ္မာစေချင်တာလေ တို့ဆန္ဒလေးကိုအဲ့လောက်တောင်မလုပ်ပေးနိုင်ဘူးလား။ပြောတော့ချစ်ပါတယ်ဆို။ညာနေတာပဲဖြစ်မယ် ”
Jennie လေး၏စကားအဆုံးမှာ မောင် သည် Jennie ဆိုဆိုဖာပေါ်လှဲချလိုက်ကာအပေါ်ကနေအုပ်မိုးလိုက်တယ်။“ စကားတွေသိပ်များတာပဲ။ချစ်တာကိုမယုံဘူးပေါ့လေ။လာ သက်သေပြမယ် ”
“ မောင်...မောင့်!!! ”
မောင် သည် Jennie အင်္ကျီကြယ်သီးတွေကိုဖြုတ်နေတယ်။ Jennie သည်မောင့်လက်တွေကိုအတင်းတွန်းဖယ်နေသည်။မောင်စိတ်မရှည်တော့။“ ဘာလဲဗျာ။မောင့်ကိုစိတ်ရှုပ်အောင်မလုပ်ပါနဲ့လား မရာ ”
“ မောင်ကတို့ပြောနေတာကိုလုံးဝဂရုမစိုက်ပဲဒီလိုတွေလာပြုမူနေတာလေ။တို့လည်းအရမ်းစိတ်ပျက်တယ် ”
“ ကျစ် ”
“ မောင့် ဘာသာနေနေတာလေကွာ။လိမ္မာနေတာပဲမဟုတ်လား။ဘာတွေလုပ်ခိုင်းနေတာလဲ ”
မောင် Jennie ကိုယ်ပေါ်ကခွထားရာကနေဖယ်ပြီးဆိုဖာပေါ်စိတ်ပျက်လက်ပျက်ထိုင်ချလိုက်တာပြောလိုက်တယ်။ Jennie ကလည်းအင်္ကျီကြယ်သီးတွေကိုပြန်တပ်ကာဖရိုဖရဲလေးနဲ့ထလာတယ်။
YOU ARE READING
Cigarette & Ruby Jane
Fanfictionမင်းနှုတ်ခမ်းတွေက Cigarette အရသာထပ်ပိုစွဲမက်စရာကောင်းတယ် Jennie!!