Yes To Heaven

1K 43 2
                                    

နေဝင်ခြင်းလဲမရှိ၊နေထွက်ခြင်းလဲမရှိ
အဲ့ဒီလိုဆည်းဆာမှာ မက်တဲ့အိမ်မက်တစ်ခုပေါ့ ကိုယ်သတိရရင်လဲရနေဦးမယ်။
ပြီးတော့မေ့ရင်လဲ မေ့သွားလိမ့်မယ်ကွယ် ။
                     
                                   တာရာမင်းဝေ
-----------------------------------------------
2004 ခုနှစ် မတ်လ 13 ရက်

လွတ်လပ်ပြီးပျော်ရွှင်မှုကိုအပြည့်ပေးနိုင်တဲ့အထက်တန်းကျောင်းသားအရွယ် အပူဆိုတာဘာလဲမသိရလောက်အောင် Gyuvin ရဲ့စိတ်အစုံကလွတ်လပ်ပေါ့ပါးနေတဲ့အချိန် နှလုံးသားထဲကိုတစ်စုံတစ်ယောက်ဝင်မလာခင်အချိန်အထိသူဟာ အရမ်းပေါ့ပါးပြီးဖော်ရွေတက်တဲ့ကောင်လေးတစ်ယောက်ပါ
"ဂယူ.....ဒီနေ့ကောထုံးစံအတိုင်းဘဲမလား "
"မေးနေစရာလိုသေးလို့လား မင်ဂျွန်းရာဒီနေ့ဂွင်အသစ်ကလေးတွေ့ထားတယ် မနေ့ကမှကျောင်းပြောင်းလာတာ "
ကင်မ်ဂယူဗင်း ဂင်မင်ဂျွန်းသူတို့နှစ်ယောက်ကမူလတန်းထဲကအတူရှိလာခဲ့တဲ့သူငယ်ချင်းနှစ်ယောက် အရာအားလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့သူတို့နှစ်ယောက်တူတာတစ်ခုကဂျူနီယာတန်းက ကလေးတွေကိုအနိုင်ကျင့်တက်တာဘဲ သူတို့အတွက်တော့ဒါလေးတွေကပျော်စရာလေးတွေလေ တခြားသူတွေကတော့သူတို့မြင်ရင်ဝေးဝေးရှောင်ကြတယ်ပစ်မှတ်အဖြစ်မခံနိုင်လို့တဲ့
"မင်း.......သူ့ဘက်ကိုမျှားဦးလှည့်မယ်ပေါ့အဲ့လိုလား "
ဟန်ဘင်းအမေးကိုဂယူဘင်းကပြန်မဖြေမိ အကြောင်းကသူ့အရှေ့ကယုန်လိုလိုဘာလိုလိုကောင်လေးကြောင့် မျက်မှန်လေးတက်ထားပုံအရစာဂျပိုးလေးဖြစ်မယ်နဲ့တူတယ်
"မေးနေတာဖြေလေ ဂယူ ဟုတ်လားလို့ "
"မင်ဂျွန်း အရှေ့ကိုကြည့် "
အမေးတခြားအဖြေတခြားထွက်လာတာမို့မင်ဂျွန်းအောင့်သက်သက်ဖြစ်သွားပေမယ့် ဂယူဘင်းပြတဲ့နေရာကိုကြည့်လိုက်မိတော့ သူတို့ရဲ့ပစ်မှတ်အသစ်လေးဘဲ
"ဟေး......အဲ့တာ "
"အေး ဟုတ်တယ်အဲ့တစ်ယောက်သူတော့ကျားရှေ့မှောက်ယှက်လဲတာဘဲ "

ဟန်ယူဂျင်း အထက်တန်းဒုတိယနှစ်ဂျူနီယာတန်းက ပတ်ဝန်းကျင်ကိုသိပ်ဂရုမစိုက်ဘဲစာပေါ်မှာဘဲအာရုံထားတက်တဲ့ကောင်လေး မိဘတွေရဲ့တာဝန်အပြောင်းအရွေ့တွေ့ကြောင့်ကျောင်းခနခနပြောင်းရတာမို့ သူငယ်ချင်းဆိူတာလဲရေရေရာရာမရှိတဲ့သူ သူ့ရည်မှန်းချက်ကဒီကျောင်းမှာအထက်တန်းသုံးနှစ်လုံးကိုအေးအေးချမ်းချမ်းနဲ့တက်ပြီးမြန်မြန်ဘွဲ့ရသွားဖို့ဘဲ
"ဘုတ်"
"အာ့....."
တစ်ချိန်တည်းထွက်လာတဲ့အသံနှစ်ခုအကြောင်းကတော့ယူဂျင်းခေါင်းကိုဘောလုံးလာမှန်တာကြောင့်ဘဲ ဘောလုံးကွင်းဘေးနားကနေဖြတ်လျှောက်နေတာမို့ဘောလုံးလာမှန်တာကိုယူဂျင်းနားလည်ပေးလို့ရပေမယ့် ဘောလုံးအရှိန်ကပြင်းတာမို့မျက်မှန်ကလည်းအဝေးကိုလွင့်ထွက်သွားတဲ့အပြင် ခေါင်းကပါမူးဝေသွားတာမို့ယူဂျင်းချက်ချင်းပြန်ထလို့မရဘဲနေရာမှာဘဲမျက်လုံးမှိတ်ပြီးခနလေးငြိမ်နေလိုက်မိတယ် ထိုစဥ်......
"ဟက်......"
"တော်တော်ပျော့တာဘဲ ဂယူဘင်းဒီကောင်လေးဖြစ်ပါ့မလား "
"အေးဆေးပေါ့ မင်ဂျွန်းရာအဲ့လိုပျော့ပျော့လေးတွေကဘဲခိုင်းလို့ကောင်းတာလေ "
ယူဂျင်းမျက်လုံးမှိတ်ထားစဥ်ကြားလိုက်ရတဲ့အသံတစ်ချို့ကြောင့်ခေါင်းကိုမော့ကြည့်မိတော့သူ့ထက်အသက်အနည်းငယ်ကြီးဟန်တူတဲ့စီနီယာအကိုကြီးနှစ်ယောက်ကိုတွေ့တာကြောင့်မျက်မှောင်ကြုတ်မိသွားတယ် ဘာလဲသူတို့ကယူဂျင်းကိုသက်သက်လုပ်တာလား အစကတော့ဒီအတိုင်းကျော်သွားမလို့ပေမယ့်အခုတော်မဖြစ်တော့ဘူးထင်တယ်
"ဒီမှာ.........လူတစ်ယောက်လုံးလဲကျနေတာတောင်တောင်းပန်ရကောင်းမှန်း ထူရကောင်းမှန်းမသိဘူးလား ခင်ဗျားတို့ဘယ်လိုလူတွေလဲ "
ယူဂျင်းပြောတဲ့စကားထဲမှာရီစရာလဲမပါဘဲရုတ်တရတ်ထရီတဲ့လူကြောင့်ယူဂျင်းကြောင်သွားမိတယ် ဒီလူကရူးနေတာလား
အဟက်အကောင်သေးသေးလေးကအစွာလေးဘဲ
"အကောင်သေးသေးလေးကလဲဒေါသထွက်တက်သေးတာဘဲ မဆိုးပါဘူး မင်းကချစ်ဖို့ကောင်းသားဘဲ "
ယူဂျင်းကိုမထူပေးတဲ့အပြင်ခေါင်းကိုဆွဲဖွပြီးထွက်သွားတဲ့အကိုကြီးကြောင့်ယူဂျင်းဒေါသထွက်မိသွားတယ်
"ခင်ဗျားကတကယ် socialpath ဘဲ "

သူ့လွယ်အိတ်ကလေးသူကောက်လွယ်ပြီး ပွစိပွစိနဲ့ထထွက်သွားတဲ့ကောင်လေးကိုမင်ဂျွန်းလှမ်းကြည့်နေမိတယ်
"မင်ဂျွန်း.....ရော့မင်းကော်ဖီဘာတွေကြည့်နေရပြန်တာတုန်း "
"ဘာမှမဟုတ်ပါဘူးကွာ ဒီအတိုင် "
ကန်တင်းနဲ့ဘောလုံးကွင်းကနီးနီးလေးမို့ထိုကောင်လေးထထွက်သွားတာကိုမင်ဂျွန်းကမြင်လိုက်ရပေမယ့် ကော်ဖီသွားဝယ်နေတဲ့ဂယူဗင်းကတော့မမြင်လိုက်တာကြောင့်မေးနေခြင်းဖြစ်ပေမယ့် ဒီတစ်ခါတော့ဘာကြောင့်မှန်းမသ်ိဂယူဗင်းကိုအမှန်အတိုင်မဖြေလိုက်ချင်တဲ့ကိုယ့်စိတ်ကိုယ်လဲနားမလည်
"မင်ဂျွန်းရား.....ဘာဘဲဖြစ်ဖြစ် နောက်နေ့တွေငါတိူ့မပျင်းရတော့ဘူး ဟုတ်တယ်မလား "
ဂယူဗင်းအမေးကိုမင်ဂျွန်းခေါင်းဘဲညှိတ်ပြလိုက်မိတယ်ဘာကြောင့်မှန်းမသိထိုအကောင်သေးသေးလေးကိုမထိခိုက်စေချင်ဘူး

ထိုနေ့ထိုအချိန်ကစပြီးယူဂျင်းကသူတို့နှစ်ယောက်အတွက်ကစားစရာဖြစ်သွားရတယ်စာသင်ချိန်ပြီးလို့အတန်းထဲကထွက်တာနဲ့ယူဂျင်းကိုတစ်ခုမဟုတ်တစ်ခုနှောက်ယှက်နေတဲ့ထိုလူတွေကြောင့်ယူဂျင်းစိတ်ညစ်လာရပြီ
----------------------------------------------

တကယ်ဘဲဘယ်နေရာကစမှားခဲ့တာလဲ အခုလိုတွေဖြစ်လာမယ်မှန်းသိရင် စတွေတဲ့အချိန်ကတည်းကကိုယ်မင်းကိုအရှုံးပေးခဲ့မှာယူဂျင်း...........

just intro ပါဘဲယောရောဘွန်းတို့ အခုထိသေချာအချောသတ်မစဥ်းစားရသေးတဲ့ဇာတ်လမ်းလေးပါ သုံပွင့်ဆိုင်မှာမို့သုံးပွင့်ဆိုင်မကြိုက်တဲ့သူတွေမဖတ်တာပိုကောင်းပါတယ်အပိုင်းကအများကြီးတော့မရှိပါဘူး သုံးလေးပိုင်းလောက်ဘဲရှိမှာပါ Update ကတော့လာတော့လာမယ် ဒါပေမယ့်ကြာပါမယ် 😔🤍

Han Yujin X Kim Gyuvin (One shot Collection )Where stories live. Discover now