တွန့်ကြေနေတဲ့ စာရွက်တွေကို ကြည့်ပြီး
သက်ပြင်းသဲ့သဲ့ချတယ် ...
သူနဲ့ပတ်သက်လို့ စာတွေချရေပြီးတိုင်း အပြစ်မရှိတဲ့
ဒီစာရွက်တွေကို စုတ်ဖြဲတတ်တာလည်း သူဘဲ ...
ဒါပေမယ့် ဒီနေ့က စာတွေစုတ်ဖြဲတိုင်း သူ့နှလုံးသားပါ စုတ်ပြတ်သွားသလိုခံစားနေရတယ် ...' ဒီနေ့ သူ မရှ်ိတော့တာ သုံးနှစ်ပြည့် ...
ဒီနေ့ သူမရှိတော့တာ သုံးနှစ်ပြည့် ...
ဒီနေ့ သူမရှိတော့တာ သုံးနှစ်ပြည့် ... 'ဒီအတွေးတွေထပ်တလဲလဲဖြစ်နေတဲ့ သူ့ကို
ဟိုးအရင်ကလို အဲ့အမျိုးသမီးလို့မဆိုသာတဲ့ အမျိုးသမီးက
နှစ်သိမ့်ပေးမှာမဟုတ်တော့ဘူး ...
သူကိုယ်တိုင် သတ်ပစ်လိုက်တဲ့ အမျိုးသမီးကို တကူးတက လွမ်းနေရတာလည်း သူ့ဝဋ်လို့ဘဲဆိုရမှာဘဲ ...သေချာပေါက် သူနောင်တရနေပါတယ်လို့ သူ့ကိုယ်သူ မညွှန်းဆိုချင်ဘူး ...
______________________________________________
______________________________________________" ဒီမှာ ခင်ဗျားမလိုက်လာနဲ့လို့ !!! "
သူအော်လိုက်တာကိုတောင် အာရုံမထားဘဲ သူမရှေ့ကကောင်က စပ်ဖြီးဖြီးအပြုံးကြီးကိုပေးတယ် ...
" ငါ မင်းကို နှောင့်ယှက်ချင်လို့မှမဟုတ်တာကို ... "
စပ်ဖြီးဖြီးနဲ့ သူ့မျက်နှာကြီးကို ဆွဲထိုးချင်စိတ်က တားမရဘူး ...
လွန်ခဲ့တဲ့ တစ်ပတ် သူမသူငယ်ချင်းတွေနဲ့ ဘားတစ်ခုမှာ သွားသောက်ရင်း အပြန်လမ်းမှာ အဲ့ဒီလူနဲ့တိုက်မိရာက စ
မနက်မိုးလင်း သူ့အလုပ်ဆီကို သွားတဲ့အချိန်ကစလို့ တစ်နေကုန် တစ်ကောက်ကောက်လိုက်တတ်တဲ့ အဲ့ Tomboyလိုလိုကောင်က သိပ်မုန်းစရာကောင်းတာဘဲ ..." ငါ စိတ်ကျဉ်းကျပ်ရတာမကြိုက်ဘူး ... " ဆိုပြီး ထိုလူကို လက်ညိုးတည့်တည့်ထိုးပြီး မျက်မှောင်ကျုပ်ကာ ပထမဆုံးရက်ကတည်းက ပြောခဲ့ပေမယ့်
မပြောင်းမလဲ သူ့အနောက်ဆက်လိုက်နေတဲ့ လူကြောင့်
အတော်ကို ဒေါသထွက်နေရတယ် ...အတွေးတွေနဲ့ တွေတွေလေးဖြစ်သွားတဲ့ သူ့ကို အဲ့ဒီလူက အရှေ့က လက်ပြမှ ဆက်ကနဲ တုန်ပြီး " ဟင်း "ကနဲ သက်ပြင်းချကာ အချိန်နီးနေပြီဖြစ်တဲ့ အလုပ်ကို ဆက်ချီတတ်ရတယ် ...
YOU ARE READING
-အပိုင်းအစလေးများ-
Diversosရေရေရာရာမရှိတဲ့ ခံစားချက်တွေကို ဇာတ်လမ်းတိုတစ်ပုဒ်အသွင်ပြောင်းပစ်လိုက်တယ်...။