နောက်တော့နန်းဖိုးဖိုးအပ်ပေးတဲ့သင်တန်းမှာသင်တန်းသွားတက်ခဲ့တယ်။ပင်ပန်းတာတော့အရမ်းပဲ။ဒါပေမဲ့နန်းလိုချင်တဲ့I-padရတော့နန်းကအဲ့ဒီ့ပင်ပန်းတာတွေကပျောက်သွားသလိုခံစားရတယ်။၉တန်းပြီးတဲ့အထိနန်းအဲ့ဒီသင်တန်းတက်ခဲ့တယ်။၂နှစ်ဆက်တိုက်သင်တန်းတက်လိုက်တော့နန်းboxing၊တိုက်ကွမ်နိုပညာနှစ်ခုလုံးကျွမ်းသွားတယ်။နောက်ပိုင်းကျတော့နန်းအဲ့ဒီပညာတွေကိုသဘောကျသွားတယ်။အားလပ်ရက်တိုင်းနန်းboxing clubမှာboxingသွားထိုးဖြစ်တယ်။နန်းအဲ့ဒီအကြောင်းတွေကိုစိုင်းကိုပြောပြလိုက်တယ်။
စိုင်း"အော်၊အဲ့တာကြောင့်မို့မမနန်းကအတိုက်အခိုက်ကျွမ်းနေတာကိုး။"
နန်း"ဒါပေါ့စိုင်းရဲ့။ဝါး........။"
နန်းစိုင်းနှင့်စကားပြောနေရင်းအိပ်ချင်လို့သန်းလိုက်မိတယ်။
စိုင်း"မမနန်းအိပ်ချင်နေပြီထင်တယ်။"
နန်း"မအိပ်ချင်ပါဘူး။ဝါး........။"
နန်းပြောရင်းထပ်သန်းလိုက်မိတယ်။ကျွန်တော်မမနန်းကိုကြည့်ပြီးပြုံးလိုက်မိတယ်။
စိုင်း"မမနန်းအိပ်ချင်ရင်အိပ်လိုက်တော့လေ။ညလည်းမှောင်နေပြီ။"
နန်း"အင်း၊အိပ်လိုက်တာကောင်းမယ်ထင်တယ်။စိတ်ကလန်းနေပေမဲ့ခန္ဓာကိုယ်ကdownနေပြီ။စိုင်းလည်းနားတော့လေ။"
စိုင်း"ဟုတ်။"
နန်းစိုင်းဘေးနားမှာရှိတဲ့ကုတင်ပေါ်တက်ပြီးအိပ်ယာပေါ်လူးလိမ့်လိုက်တယ်။ခဏနေတော့နန်းအိပ်ပျော်သွားတယ်။ကျွန်တော်ကတော့အိပ်မပျော်ပါဘူးဗျာ။နေ့လည်ခင်းတခုလုံးအနားယူထားတာကြောင့်လေ။ကျွန်တော်ဘေးနားမှာအိပ်နေတဲ့မမနန်းကိုကြည့်နေမိတယ်။မမနန်းအိပ်နေတာလေးကကလေးလေးတယောက်လိုချစ်ဖို့ကောင်းတယ်။အချိန်ဘယ်လောက်ကြာသွားမှန်းမသိပေမဲ့အချိန်ကြာကြီးကျွန်တော်ငေးကြည့်နေတယ်။ညဥ့်နက်မှကျွန်တော်အိပ်ပျော်သွားတယ်။နောက်နေ့မနက်ကျွန်တော်နိုးလာတော့မမနန်းကဖုန်းသုံးနေတယ်။💮💮💮💮💮💮💮💮💮💮💮💮💮💮
နန်း"စိုင်း၊နိုးလာပြီလား။မနက်စာသွားစားကြမယ်လေ။စိုင်းကိုစောင့်နေတာ။"
စိုင်း"ဟုတ်ကဲ့၊မမနန်းကလည်းဗိုက်ဆာရင်သွားစားတာမဟုတ်ဘူး။ကျွန်တော့်ကိုစောင့်စရာမလိုပါဘူး။"
နန်း"နန်း၊ဗိုက်မဆာသေးပါဘူး။အဲ့တာကအရေးမကြီးပါဘူး။အရေးကြီးတာပြောမယ်။စိုင်းကိုသတင်းကောင်းအတွက်တခုရှိတယ်။စိုင်းဒီနေ့ဆေးရုံဆင်းလို့ရပြီတဲ့။"
စိုင်း"ဟုတ်လား။၀မ်းသာလိုက်တာ။ကျွန်တော်လည်းဆေးရုံမှာအကြာကြီးမနေချင်ဘူး။"
နန်း"အဲ့တာဆိုအခုပဲဆေးရုံတခါတည်းဆင်းမလား။"
စိုင်း"ဟုတ်ကဲ့။ဆင်းလိုက်မယ်။"
နန်းကောင်တာမှာဆေးဖိုးရှင်းလိုက်ပြီးစိုင်းနှင့်အတူဆေးရုံထဲကနေထွက်လာကြတယ်။နန်းတို့အိမ်မပြန်ခင်မှာresturantတခုမှာမနက်စာ၀င်စားကြတယ်။ပြီးမှနန်းရဲ့အိမ်ကိုပြန်လာတယ်။နန်းအိမ်ရောက်တာနှင့်ဧည့်ခန်းထဲမှာသတင်းစာဖတ်နေတဲ့ဘိုးဘိုးကိုတွေ့တာနှင့်ပြေးဖက်လိုက်ပြီးချွဲလိုက်တယ်။
နန်း"ဘိုးဘိုးနှင့်တရက်လောက်မတွေ့လိုက်ရတော့နန်းအရမ်းလွမ်းနေတာ။"
ဦးအောင်ကျော်"အေးပါမြေးလေးရယ်၊ဘိုးဘိုးလည်းလွမ်းပါတယ်။မြေးလေးစိုင်းရောသက်သာရဲ့လား။"
စိုင်း"ဟုတ်ကဲ့၊သက်သာပါတယ်ဘိုးဘိုး။"
ဦးအောင်ကျော်"တော်သေးတာပေါ့ကွယ်။ဒီမှာမြေးလေး၊ဘာမှစိတ်ဓါတ်မကျနှင့်သိလား။ဒီနေ့ကစပြီးမင်းကအဘိုးရဲ့မြေးပဲ။ဦးအောင်ကျော်ဆိုတာမင်းရဲ့အဘိုး၊မနန်းမွန်ဆိုတာမင်းရဲ့အမပဲ။အရင်ကအကြောင်းတွေမေ့လိုက်တော့။"
ကားပေါ်မှာမမနန်းပြောပြလို့ကျွန်တော်အကြောင်းတွေကိုဘိုးဘိုးအောင်ကျော်သိပြီးပြီဆိုတာသိပေမဲ့ကျွန်တော်ကိုဒီလိုလွယ်လွယ်နှင့်လက်ခံလိမ့်လိုမထင်ထားဘူး။
စိုင်း"ဟုတ်ကဲ့။ကျေးဇူးပါပဲဘိုးဘိုး။ကျွန်တော့်ကိုလက်ခံပေးတဲ့အတွက်မမနန်းနှင့်ဘိုးဘိုးကိုကျေးဇူးအများကြီးတင်ပါတယ်။"
ကျွန်တော်ပြောရင်းမျက်ရည်တွေစီးကျလာတယ်။
ဦးအောင်ကျော်"မငိုနှင့်လေမြေးလေးရဲ့။"
နန်း"မပြောနှင့်ဘိုးဘိုးရေ။ဒီကလေးကအငိုသန်တဲ့ကလေးလေး။"
နန်းစကားကြောင့်ဘိုးဘိုးရယ်လိုက်တယ်။
💮💮💮💮💮💮💮💮💮💮💮💮💮💮နန်း"မငိုနှင့်တော့နော်၊"
နန်းပြောရင်းစိုင်းကိုမျက်ရည်သုတ်ပေးလိုက်တယ်။စိုင်းကနန်းကိုငိုမဲ့မဲ့နှင့်ခေါင်းငြိမ့်ပြတယ်။မထင်မှတ်ထားပဲနှင့်ကျွန်တော်မမနန်းနှင့်ဘိုးဘိုးအောင်ကျော်တို့ရဲ့မွေးစားခြင်းကိုခံလိုက်ရတာပေါ့။မေမေဆုံးသွားပြီးကတည်းကဒါကကျွန်တော့်အတွက်ပထမဦးဆုံးကံကောင်းခြင်းပေါ့။
ကျွန်တော့်ဒဏ်ရာပျောက်သွားတော့မမနန်းကကျွန်တော့်အတွက်လိုအပ်တာတွေလိုက်၀ယ်ပေးတယ်။ကျွန်တော်နှင့်မမနန်းsupermarketတခုထဲ၀င်လိုက်တော့မန်နေဂျာကမမနန်းကိုနှုတ်ဆတ်တယ်။
မန်နေဂျာ"မင်္ဂလာပါမမလေး။မတွေ့ရတာတောင်ကြာပြီနော်။"
နန်း"ဟုတ်တယ်။နန်းလည်းဒီရက်ပိုင်းအလုပ်တွေရှုပ်နေတာနှင့်shoppingမထွက်တာကြာပေါ့။နန်းကိုလေအမျိုးသမီး၀တ်ရော၊အမျိုးသား၀တ်ရောရတဲ့ပိုးထည်&ချည်ထည်ဆိုင်လိုက်ပြပါလား။နန်းအတွက်ရောနန်းမောင်လေးအတွက်ရော၀ယ်ချင်လို့ပါ။"
မန်နေဂျာ"ဟုတ်ကဲ့။အမလိုက်ပြပေးမယ်နော်။"
နန်းစိုင်းနှင့်အတူမန်နေဂျာအမကြီးခေါ်သွားတဲ့ဆိုင်ကိုအတူတူသွားကြတယ်။🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
Chapter-13coming soon💌💌💌.
🎀🎀Author-yoon mieno🎀🎀
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...