Chapter - 107

1.6K 285 14
                                    

Unicode

၁၀၇။ ပုစွန်ခြောက်ဆန်ပြုတ်
______________________

ကျန်းချန်ရဲ့သတိပေးမှုနဲ့အတူ Alanပြန်သွားတာကို ရှန်ဖူ ရုတ်တရက်သတိရသွားသည်။ သူ စပြင်ဆင်လို့ရတဲ့ကိစ္စတွေရှိနေပြီပဲ။

လင်ရှုယီ Sမြို့ကိုပြန်သွားချိန်မှာ ရှန်ဖူက အချိန်ယူကာ Alanကိုဖုန်းလှမ်းဆက်သည်။ သူတို့တွေက တစ်နာရီလောက်ကြာအောင်စကားပြောနေကြပြီး ဖုန်းချလိုက်ချိန်မှာ ရှန်ဖူတစ်ယောက် ပြုံးရွှင်လို့နေသည်။

အတွင်းရေးမှူးအန်းနက ဖိုင်တချို့နဲ့ရုံးခန်းထဲဝင်လာကာ ရှန်ဖူ့နှုတ်ခမ်းတွေက ကောင်းကင်ဘုံရောက်တော့မတတ်ကွေးတက်နေတာကိုမြင်လိုက်ရလေ၏။

"ဘာတွေများအရမ်းပျော်နေရတာလဲ?"

ရှန်ဖူက အန်းနဆီကဖိုင်တွေကိုယူရင်းရယ်သည်။

"ပျော်စရာအရမ်းကောင်းတဲ့ကိစ္စမို့ပေါ့။"

ဒါက လင်ရှုယီနဲ့ဆိုင်တဲ့ကိစ္စဆိုတာ အန်းန ထူးထူးဆန်းဆန်းခံစားမိလိုက်သည်။

နောက်ရက်တွေမှာ နောက်ကျမှလာပြီးစောစောပြန်တာက ရှန်ယန်ကနေ ရှန်ဖူဖြစ်သွားသည်။ ရှန်မိသားစုမှာ ခဏခဏဆိုသလို ရှန်ဖူ့အရိပ်အယောင်ကိုမတွေ့ရဘဲဖြစ်နေပြီး ပိုအရေးကြီးတာကတော့ လင်ရှုယီသည်ပင် ရှန်ဖူ့နဲ့ခဏခဏဖုန်းမပြောနိုင်တော့ပေ။

ရှန်ဖူက အမြဲအလုပ်များနေပြီး အလုပ်ချိန်နောက်ပိုင်းမှာတောင် အလုပ်ကိုအကြောင်းပြကာ သူဖုန်းခေါ်တိုင်းဖုန်းချပစ်တတ်တာကို လင်ရှုယီသိလာရသည်။

လင်ရှုယီတစ်ယောက် နည်းနည်းသံသယဝင်လာ၏။

ရှန်ဖူ ဘာတွေများ အဲ့လောက်အလုပ်များနေရတာတုန်း?

အဆုံးမှာတော့ လင်ရှုယီက ရှန်ယန့်ဆီဖုန်းဆက်လိုက်ပြီး ရှန်ဖူ အလုပ်ကနေ ခွင့်တစ်ပတ်ယူထားတယ်လို့ ရှန်ယန်ကပြောသည်။ အခု သူ အလုပ်မလာတာ ရက်အတော်ကြာပြီဖြစ်၏။

"ငါ သူ့ကိုဖုန်းဆက်တော့ အသေးစိတ်မမေးလိုက်မိဘူး၊ သူ Sမြို့ကိုပြန်သွားတယ်လို့ထင်နေတာ။ မပြန်ဘူးဆိုပါတော့?"

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now