612023 🌨️ဆိုးလ်မြို့ညအလယ်လမ်းမထက် ကားတွေမြောက်မြားစွာသွားလာနေပြီး လူသွားလမ်းမှာလဲ ကျထားသောနှင်းဖွေးဖွေးများက ခင်းကျင်းထားသကဲ့သို့ရှိနေကာ လူတိုင်းကိုယ်စီလမ်းမပေါ်တွင်သွားလာနေကြသည် ။
နှင်းကျတဲ့ရာသီဖြစ်သည့် ဆောင်းရာသီကိုလူတိုင်းကသဘောကျသော်လည်း တစ်စုံတစ်ယောက်အတွက်တော့ ထိုရာသီကဝမ်းနည်းဖွယ်ကောင်းသောရာသီဖြစ်သည် ။ ထိုလူများကဲ့သို့ သူသည်လည်းတစ်ချိန်က ဆောင်းရာသီကိုသဘောကျခဲ့သူတစ်ဦးဖြစ်ခဲ့သည်ဆိုပေမဲ့ ယခုအခါမရောက်ချင်ဆုံးရာသီကိုပြောပါဆိုလျှင် ဆောင်းရာသီဟုသာတုံ့ဆိုင်းခြင်းမရှိပဲ ပြောမည်ဖြစ်သည်။
ကောင်းကင်မှကျလာသော နှင်းဖွေးဖွေးများကိုမော့ကြည့်မိပါတော့ မျက်နှာပေါ်သို့ဖိတ်မခေါ်ပဲကျလာသည့် အေးစက်စက်နှင်းစက်တွေနဲ့အတူ အချိန်ကိုက်စွာကျရောက်လာသော မျက်လုံးအိမ်ထဲကပူပူနွေးနွေးမျက်ရည်ဥများ ။ မသုတ်ပြစ်မိပါ ငိုသင့်သည်လေ သူအများကြီး ပင်ပန်းခဲ့ပြီးပြီ ထိုအတွက်ကြောင့် သူငိုသင့်သည် ။ သူသည်းခံခဲ့သည် သူစောင့်ဆိုင်းခဲ့သည် သူအများကြီးမျှော်လင့်ခဲ့သည် သို့သော် အကုန်လုံးကအခုအချိန်မှာအချည်းအနှီးသာ သူတအားကိုနောက်ကျခဲ့ပါပြီလေ ။
သူဒီအတွက်လဲ နောင်တ အများကြီးရခဲ့ပြီးပြီ " နောင်တ နောင်မှရမည် " ဆိုသော စကားရဲ့အဓိပ္ပာယ်ကို ထိုကိစ္စတွေဖြစ်ပြီးမှသာ သူသေချာသိခဲ့သည် " ရှိနေတုန်း မှာတန်ဖိုးထားပါ " ဆိုသည့် စကားနည်းတူပင် ။ ရှိတုန်းကတန်ဖိုး မထားခဲ့သည့်သူ့အတွက် အခုအချိန် နောင်တရနေလဲအပိုပင်ဖြစ်မည် ။
ဖြစ်ခဲ့သမျှအရာတွေအားလုံးက သူ့ရဲ့ကလေးလေးဆန်ဆန် တဇွတ်ထိုးအကျင့်တွေကြောင့် ဖြစ်ခဲ့သည်မို့ သူထိုအကျင့်တွေကိုလဲပြင်ရန်လည်း ကြိုးစားခဲ့ ပြီးပါပြီ ။
သူ အများကြီးပေးဆပ်ခဲ့ပါသည် သို့သော် ကံတရားကအခုအချိန်ထိသူ့ကို လုံးဝမျက်နှာသာမပေးခဲ့ပါ ။ သူ ကိုကို့ ကိုပြန်လိုချင်နေသော်လည်း သူဘာမှမလုပ်နိုင်ပါ ။ အတိတ်ကိုသာပြန်ပြီးသွားလို့ရခဲ့မယ်ဆိုရင် ဒီလိုတွေဖြစ်မည်ဆိုတာကိုသာ သူကြိုပြီး သိနှင့်ခဲ့မယ်ဆိုရင် သူ ကိုကို့ အပေါ်ကိုအများကြီးကောင်းပေးခဲ့မှာပါ ။နှင်းတွေကျနေသော လမ်းမထပ်ဝယ်ကောင်းကင်ကိုကြည့်ကာ အရှုံးသမားဆန်ဆန်ငိုကြွေးနေခဲ့သော ကောင်လေး တစ်ယောက်ကို လမ်းတွင်သွားလူနေသော မည်သူတစ်ဦးတစ်ယောက်ကမှ သတိမထားမိခဲ့ပါချေ ။
🌨️
update ကတော့သေချာ မပြောတတ်ပါဘူး ကြာရင်လဲကြာနိုင်ပါတယ် ပထမဆုံးစာရေးတာမို့အရေးအသားကတော့သိပ်ပြီးအဆင်ပြေမယ်မထင်ပါဘူး ။ ဖတ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ် 🤍