[ 36 ]

2.9K 464 18
                                    

Unicode

အပိုင်း - ၃၆

ရီကော့ဒ်သွင်းပြီးနောက်တစ်နေ့တွင် အင်တာနက်ပေါ် သတင်းပျံ့သွားသည်မှာ ယွမ်ချန်းက recording သွင်းနေစဉ်အတွင်း လူတွေကို အခက်အခဲဖြစ်အောင်လုပ်ခဲ့သည် ဟူ၍။ ယွမ်ချန်းက သိပ်နာမည်ကြီးသည်။ သူမ ဘာပဲလုပ်လုပ်၊ သူမလိုလူမျိုးက အင်တာနက်ပေါ်မှာ တစ်ခုခုဆို ရုတ်ရုတ်သဲသဲဖြစ်စေလိမ့်မည်။ ဒီတစ်ကြိမ် ကောလဟာလမျိုးဆိုလျှင် ရှောင်လွှဲလို့ကို မရနိုင်ပေ။

မကြာခင်မှာ record သွင်းတုန်းကရှိနေခဲ့သည့်ပရိသတ်များသည် ထိုဖြစ်ရပ်ကို လိုင်းပေါ်မှာ အသေးစိတ်တင်ခဲ့ကြ၏။ ယွမ်ချန်းက ကစားနေရင်း ဝမ်းလင်မျက်နှာကို ပလတ်စတစ်ဘောလုံးနှင့်ပစ်ပေါက်ခဲ့သည့်အကြောင်းအပြင် ယွမ်ချန်း၏အေးစက်စက်မျက်နှာထားအား ဖုန်းနှင့်အမိအရရိုက်ထားသည့်ဓာတ်ပုံတစ်ပုံလည်း ပါသည်။

တစ်ချိန်တည်းမှာပဲ နောက်ထပ်ဓာတ်ပုံတစ်ပုံလည်း ထွက်လာသည်။ ဝမ်းလင်မျက်နှာကို ပင့်ကိုင်ကာ ပါးရိုးပေါ်မှဒဏ်ရာကို စစ်ဆေးနေသည့်ဝမ်ကျားနင်။ ဓာတ်ပုံရိုက်ယူထားသော angle က သိပ်ကောင်း၏။ ဝမ်ကျားနင်မျက်နှာမှာ စိုးရိမ်ပူပန်နေပုံပေါ်ကာ နှစ်ဦးသား နီးနီးကပ်ကပ်ရှိလျက်။

အင်တာတိန်းမန့်ဖိုရမ်ပေါ်မှာ တစ်စုံတစ်ယောက်က နောက်ပြောင်ထားသည်။

[ လင်ကျန့်အာကို ပစ်ပြီး ရှောင်ကျုံးယီနဲ့ရှောင်ကျုံးယန်တို့ အတူနေသွားတာပဲ ကောင်းမယ် ]

ထိုအကြောင်းအရာက မူရင်းဝတ္ထုနှစ်သက်သူများကို ဆွသလိုဖြစ်သွားပြီး ချက်ချင်းဆိုသလို မိုးလောက်မြင့်သောစကားလုံးများဖြင့် ရေပက်မဝင်အောင် ပြန်လည်ချေပကြတော့၏။

နားနေခန်းထဲ tablet တစ်လုံးနှင့် လိုင်းပေါ်ကသတင်းများကို လိုက်မွှေနေသူမှာတော့ ရိနန်ပင်။ အခန်းထဲဝင်လာသော ဝမ်ကျားနင်နှင့်ဝမ်းလင်ကို မြင်ချိန်မှာ သူက ခေါင်းထောင်ကြည့်လာပြီး ပြောသည်။

"မင်းတို့ လိုင်းပေါ်တက်ဖြစ်ကြလား၊ မင်းတို့နှစ်ယောက်ကို တွဲသင့်တယ်ဆိုပြီး ပြောနေကြတယ်"

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Onde histórias criam vida. Descubra agora