❣️❣️❣️chapter-13❣️❣️❣️

561 14 0
                                    

       နန်းဆိုင်ထဲ​ရောက်​တော့ဆိုင်ထဲကပိုးထည်​တွေကိုကြည့်ပြီးအရမ်းသ​ဘောကျ​နေတယ်။ပိုးထည်​လေး​​တွေကသစ်လွင်ပြီးအ​ရောင်အ​သွေးကိုစုံ​နေတာပဲ။
နန်း"စိုင်း၊စိုင်းကြိုက်တာ​ရွေး​နော်။နန်း​ရွေး​ပေးလိုက်ရင်စိုင်းကြိုက်တာနှင့်မတူမှာစိုးလို့။စိုင်းက​ဆေး​ကျောင်းတက်မှာဆို​တော့များများ​ရွေး​နော်။"
စိုင်း"ဟုတ်ကဲ့။"
မမနန်းက​တော့်ကျွန်​တော့်ကို​ပြောပြီးတာနှင့်၀န်ထမ်း​လေး​တွေပြတဲ့အထည်​တွေကြည့်​နေတယ်။ဒီmarketကမမနန်းပိုင်တာဆို​တော့၀န်ထမ်း​တွေကမမနန်းကို​အထည်​ကောင်းတာ​တွေပဲထုတ်ပြတယ်။မမနန်းက​တော့၀န်ထမ်းတွေထုတ်ပြတဲ့အထည်​တွေကိုတထည်ပြီးတထည်ကြည့်ရင်းအလုပ်ရှုပ်​နေ​လေရဲ့။
        ကျွန်​တော်လည်း၀န်ထမ်းတွေထုတ်ပြတာကိုကြည့်​ပေမဲ့အထည်​တွေကများ​နေ​တော့ကျွန်​တော်မ​ရွေးတက်​တော့ဘူး။ကျွန်​တော်​ဟိုအထည်ကြည့်လိုက်ဒီအထည်ကြည့်လိုက်နှင့်ဗျာများ​နေတုန်းမှာမမနန်းကကျွန်​တော်ဘာဖြစ်​နေလဲဆိုတာရိပ်မိသွားတယ်နှင့်တူတယ်။
နန်း"စိုင်း၊ဒီအထည်​လေးက​ကျောက်စိမ်းရောင်​လေးဆို​တော့မင်းနှင့်လိုက်တယ်။"
နန်းအထည်​တွေနှင့်ဗျာများ​နေတဲ့စိုင်းကိုမကြည့်ရက်​တော့တာ​ကြောင့်ကူ​​ရွေး​ပေးလိုက်တယ်။ကျွန်​တော်မမနန်းပြတဲ့အထည်ကိုကြည့်လိုက်​တော့အထည်​လေးကအ​ရောင်​လေးကစိုပြီးကျွန်​တော်နှင့်လိုက်မဲ့အ​ရောင်​လေး။
စိုင်း"အဲ့အ​ရောင်​လေးလှတယ်​နော်။"
နန်း"စိုင်း၊ဒီအထည်ကြိုက်လား။"
စိုင်း"ဟုတ်၊ကြိုက်တယ်။"
စိုင်းကြိုက်တယ်ဆို​တော့နန်းအဲ့တထည်ဖယ်ထားလိုက်တယ်။နန်းစိုင်းနှင့်လိုက်မဲ့အထည်တွေထပ်ရွေးပေးလိုက်တယ်။စိုင်းအတွက်ကျောင်းသွားရင်ဝတ်ဖို့၁၂စုံဝယ်ပေးလိုက်တယ်။ပိုးထည်က၃စုံချည်ထည်က၉စုံပေါ့။နန်းကတော့ပိုးထည်၆စုံဝယ်လိုက်တယ်။

         💮💮💮💮💮💮💮💮💮💮💮💮💮

        နောက်တော့နန်းစိုင်းအတွက်အပြင်သွားရင်ဝတ်ဖို့ဂျင်းဘောင်းဘီတို့t-shirtတို့ဝယ်ပေးလိုက်တယ်။ပြီးတော့ဗီဒိုတလုံး၊မှန်တင်တခု၊စာကြည့်စားပွဲ၊ကုတင်.......စိုင်းအတွက်လိုအပ်မယ်ထင်တာတွေနန်းဝယ်ပေးလိုက်တယ်။ဝယ်ပေးတယ်ဆိုပေမဲ့နန်းပိုက်ဆံရှင်းစရာမလိုပါဘူး။နန်းဘိုးဘိုးပိုင်တာဆိုတော့ကိုယ်လိုချင်တဲ့ပစ္စည်းယူသွားရုံပဲလေ။ရန်ကုန်မြို့မှာဆိုရင်နန်းဘိုးဘိုးပိုင်တဲ့marketက၅ခုလောက်ရှိတယ်။ဒါပေမဲ့ဒါကနန်းဘိုးဘိုးရဲ့အဓိကစီးပွားရေးတော့မဟုတ်ဘူး။နန်းဘိုးဘိုးရဲ့အဓိကစီးပွားရေးကနိုင်ငံခြားကနေမြန်မာနိုင်ငံကိုကားသွင်းတဲ့လုပ်ငန်းဖြစ်တယ်။ဘိုးဘိုးရဲ့companyကတင်သွင်းတဲ့ကားဈေးတွေမှန်ပြီးqualityကောင်းတော့customerတွေက"narkira"ကကားတွေဆိုသဘောကျကြတယ်။တနေ့ကျရင်နန်းက"narkira"companyကြီးကိုဦးစီးရမှာပေါ့။
          နန်းစိုင်းအတွက်လိုအပ်တာတွေဝယ်ပေးပြီးတော့"narkira" carshowroomကိုသွားတယ်။နန်းကကျောင်းတက်တော့မှာဆိုတော့ကားသွားchangeတာလေ။ကျွန်တော်နှင့်မမနန်းကားshowroomဆီရောက်တော့မန်နေဂျာအကိုကြီးကမမနန်းကိုလာပြီးနှုတ်ဆတ်တယ်။
မန်နေဂျာ"မင်္ဂလာပါမမလေး။ကားလာchangeတာလား၊ဒါမှမဟုတ်ချစ်သူအတွက်လာဝယ်ပေးတာလား။"
မန်နေဂျာအကိုကြီးရဲ့စကားကြောင့်နန်းရော၊စိုင်းရောပါးလေးတွေပန်းရောင်သန်းသွားတယ်။
နန်း"ကိုထွန်း(မန်နေဂျာ)တို့ကတော့လုပ်ပြီ။နန်းယောင်္ကျားလေးခေါ်လာတာနှင့်တခါတည်းအရောက်ပို့တော့တာပဲ။ဒါကနန်းရဲ့မောင်လေးစိုင်းမွန်။နန်းရဲ့ချစ်သူမဟုတ်ဘူး။"
မန်နေဂျာ"အော်၊sorryနော်မမလေး။"
နန်း"ရပါတယ်။နန်းကိုကားchangeချင်လို့လိုက်ပြပါအုန်း။"
မန်နေဂျာ"ဟုတ်ကဲ့။"

        💮💮💮💮💮💮💮💮💮💮💮💮💮💮
 
       ကျွန်တော်နှင့်မမနန်းမန်နေဂျာအကိုကြီးလိုက်ပြတဲ့ကားတွေလိုက်ကြည့်နေတယ်။ကားတွေကအကုန်လုံးသစ်လွင်တောက်ပနေတာလဲ။လိုချင်စရာတွေချည်းပဲ။ကျွန်တော်ကားတွေကိုလိုက်ကြည့်ရင်းမီးခိုးရောင်LAND CRUISERကိုတွေ့တဲ့အချိန်မှာတော်တော်သဘောကျသွားတယ်။ကျွန်တော်မသိမသာလေးကားကိုတပတ်ပတ်ပြီးကြည့်လိုက်တယ်။ကားကအရမ်းလှတယ်။အရောင်လေးကလည်းကျွန်တော်ကြိုက်တဲ့အရောင်လေး။ကျွန်တော်ကားကိုကြည့်နေတုန်းမမနန်းကကျွန်တော့်ကိုလှမ်းခေါ်တယ်။အဲ့တာနှင့်မမနန်းဆီသွားလိုက်တယ်။
နန်း"စိုင်း၊ဒီကားလေးဘယ်လိုနေလဲ။"
နန်းရွေးထားတဲ့NISSAN FAIRLADYကားလေးကိုစိုင်းကိုပြလိုက်တယ်။
စိုင်း"ကားလေးကအဖြူရောင်ဆိုတော့မမနန်းနှင့်လိုက်တယ်။မမနန်းနှင့်ဒီကားနှင့်ဆိုရင်တော့perfectပဲ။"
စိုင်းစကားကြောင့်နန်းပြုံးလိုက်တယ်။
နန်း"ကိုထွန်း၊နန်းဒီကားပဲယူလိုက်တော့မယ်။နန်းရဲ့ကားကအပြင်ဖက်မှာရပ်ထားတယ်။ဒီမှာ၊ကားသော့။"
မန်နေဂျာ"ဟုတ်ကဲ့။ကျွန်တော်ကားသော့သွားယူပေးမယ်နော်။"
နန်းမန်နေဂျာကိုခေါင်းငြိမ့်ပြလိုက်တယ်။ကားရတော့နန်းတို့beauty salonဆိုင်သွားကြတယ်။
ဧည့်ကြို"မင်္ဂလာပါ။ဘာများကူညီပေးမလဲ။"
နန်း"ညီမတို့၂ယောက်ဆံပင်ညှပ်ချင်လို့ပါ။"
ဧည့်ကြို"ဟုတ်ကဲ့။ဒီဖက်ကိုကြွပါရှင်။"
         နန်းဧည့်ကြိုကောင်မလေးပြတဲ့နေရာမှာထိုင်လိုက်တယ်။စိုင်းကတော့နန်းရဲ့ဘေးနားကခုံမှာထိုင်လိုက်တယ်။

       💮💮💮💮💮💮💮💮💮💮💮💮💮💮

ဆံပင်ညှပ်ဆရာ"ညီမလေးဘယ်လိုများserviceပေးရမလဲ။"
နန်း"နန်း၊ညှပ်ချင်တဲ့ပုံစံလေးရှိတယ်။ဖုန်းထဲမှာမှတ်ထားတယ်။"
နန်းပြောရင်းဖုန်းထဲမှာsaveထားတဲ့ကိုရီးယားမင်းသမီးပုံလေးကိုပြလိုက်တယ်။
နန်း"နန်း၊ဒီမင်းသမီးလိုမျိုးဂုတ်ဝဲလေးညှပ်ပြီးအရှေ့ကိုပါးပါးလေးတိတိချင်တယ်။"
ဆံပင်ညှပ်ဆရာ"ဟုတ်ကဲ့။"
နန်းရဲ့စကားဆုံး​တော့ဆံပင်ညှပ်ဆရာကနန်းကိုဆံပင်စညှပ်တယ်။နန်းဆံပင်ညှပ်​နေတုန်းစိုင်းကနန်းကို​ခေါ်တယ်။
စိုင်း"မမနန်း၊........."

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

Chapter-14 coming soon💌💌💌..

                    🎀🎀 Author-yoon mieno🎀🎀

မကကျွန်​တော့်ရဲ့မီးအိမ်ရှင်Where stories live. Discover now