"အချစ်ကြီးရင် အမျက်ကြီးတယ် မောင်ရဲ့~"
>>>>>>>>>>>>>
ဒီနေ့ဟာ ခါတိုင်းနေ့တွေထက်အလုပ်ပါးတာကြောင့် နေ့အလင်းရောင်ခြည်တစ်ယောက် အိမ် သို့သာ ပြန်လာခဲ့လိုက်သည်။
သို့သော်လမ်းရောက်မှ ရေခဲသေတ္တာထဲတွင်ဟင်းချက်စရာများများစားစားမကျန်တော့တာကိုသတိရသွားတာကြောင့် ဈေးဝင်ဦးမည်ဟုတေးထားလိုက်သည်။
ဈေးရောက်တော့ အသားငါးတချို့နဲ့ မောင်သိပ်ကြိုက်သည့် စတော်ဘယ်ရီအချို့ကိုဝယ်ခဲ့လိုက်သည်။
ဈေးဝယ်ခြင်းကိစ္စပြီးဆုံးသွားတော့
အိမ်ကိုတန်းလာခဲ့တော့သည်။အိမ်ရောက်ရင် ဘာဟင်းချက်မည်ကိုတွေးကာသီချင်းလေးညည်း၍ ပြန်လာခဲ့သည်။
အိမ်ရောက်တော့.... အိမ်တံခါးဟာ အနည်းငယ်ပွင့်လို့နေသည်။
ကြည့်ရတာ မောင်အိမ်မှာရှိတယ်ထင်ပါရဲ့။
ထိုအတွေးဟာသိပ်မကြာပေ။
အနီရောင် ဒေါက်ဖိနပ်တစ်စုံကိုမြင်လိုက်ရသည့်အခါတွင်တော့ လူကပူထူသွားရသည်။
ဒါ..... မိန်းမတစ်ယောက်ရဲ့ဖိနပ်မလား....?
ဘာကိစ္စကြောင့်အိမ်ထဲရောက်နေရတာပါလိမ့်။
အတွေးတွေကိုလက်စသတ်လိုက်သည်။ မောင့်အသိအမလည်းဖြစ်နိုင်သည်လေ။
ကယောင်ခြောက်ခြားဖြစ်ချင်နေသည့်စိတ်အစုံကိုထိန်းချုပ်ကာ အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။
ဧည့်ခန်းထဲတွင်တော့ မည်သူမျှမရှိပေ။
ထိုအချိန် သူတို့အခန်းထဲမှမိန်းမတစ်ယောက်ရဲ့ နားရှက်ဖွယ်ငြီးသံတွေဟာ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။
သူ....... ခြေပင်မခိုင်ချင်တော့။ သူတွေးထားသလိုသာ ဖြစ်နေရင်ဘယ်လိုလုပ်ရမလဲ။
'မဟုတ်လောက်ပါဘူး' 'မောင်ကတော့ အဲ့လိုမလုပ်လောက်ပါဘူး' ဟု မျှော်လင့်ချက်ယဲ့ယဲ့ကလေးထားကာ အခန်းဘက်စီသို့လျှောက်လှမ်းလာခဲ့သည်။
အခန်းတံခါးကိုဖွင့်လိုက်ချိန်မှာတော့.... သူ့ခေါင်းထဲမှာ ဗလာကျင်းသွားသည်။