အခန်း ၁၁၃ Still Waters and Bitter Cold 6

1.1K 190 2
                                    

အခန်း ၁၁၃ Still Waters and Bitter Cold 6

နေရောင်မမြင်ရတဲ့ နေ့ရက်တွေ အကုန်မြန်တာမှ ပိုတောင် အကုန်မြန်တယ်လို့ ထင်ရပြီး မျက်စိလေး တစ်မှိတ်အတွင်းမှာတင် တစ်နှစ်ကျော် ဆိုသော အချိန်ရောက်သွားသည်။ ဝမ်ကျင်းဟန်ကလည်း သူ့ရည်မှန်းချက်ကို မေ့သွားသလိုမျိုး ရန်ထောင်တတ်ပေမယ့် လိမ်လည်း လိမ္မာသည့် ချစ်သူလေးတစ်ယောက် အဖြစ် ကောင်းကောင်း သရုပ်ဖော်လို့ နေသည်။ ကျောင်းရှုနှင့် အခြားသူတွေနှင့် ပါ သူငယ်ချင်းတွေအဖြစ် ခပ်မြန်မြန်ပဲ ဖြစ်သွားကာ မကြာခဏလဲ မော့ယန်ကို မထိခလုတ် သွားသွားစခြင်းဖြင့် သူ့ဘဝကြီးက တော်တော်လေး နေလို့ ကောင်းနေသည်။

အိုးချန်က သူ့ကို ပျင်းမသွားသည့် အပြင် သူ့ကို ပိုလို့တောင် အလိုလိုက် အကြိုက်ဆောင်ကာ ကာကွယ်ပေးလှသည်။ တစ်ခါတစ်လေ ဆိုလျှင် ဝမ်ကျင်းဟန်တောင်မှ သူ့ကိုယ်သူ သံသယဝင်ရလောက်အောင်ကို အိုးချန်က ဘာအန္တရာယ်မှ မရှိသည့် သိမ်မွေ့လှသော သူတစ်ယောက်လို့တောင် ထင်ရသည်။

"အသားအရည်ကလဲ ဖြူဖျော့နေတာပဲ။ နေရောင်လေး ဘာလေး ခံရင် ပိုကောင်းလာမယ် ထင်တယ်" အိုးချန်က ကောက်ခါငင်ခါ ထပြောသည်။

ဝမ်ကျင်းဟန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပေးသည့် တအားအံ့သြသွားသည့် ပုံ ဖမ်းကာ စိတ်ပျက် အားလျော့သွားပုံလဲ ပေါက်သွားသည်။

အိုးချန်က သူ့အနားကို လျှောက်လာပြီး သူ့ဆံပင်တွေကို ဖွကာ "မင်းကို ဒီမှာပဲ တစ်သက်လုံး လှောင်ထားမှာ မဟုတ်ပါဘူးကွာ။ အခုတလော ဇယားတွေ ပတ်နေလို့ နောက် အဆင်ပြေသွားရင် အပန်းဖြေလေး ဘာလေး ခေါ်သွားပါ့မယ်"

ဇယားတွေ ပတ်နေလို့ ဟုတ်လား? ဝမ်ကျင်းဟန်က တစ်နှစ်ကျော်လောက် စိတ်ရှည်လက်ရှည် နဲ့ ငြိမ်နေတာလေ။ တစ်ချက်တည်းနဲ့ အပြတ်ရျင်းမှာ မဟုတ်ရင် နောက်ထပ်အခွင့်အရေး ဆိုတာ မရှိဘူး ဒီ ဆောင်ပုဒ်ကို တစ်ချိန်လုံး စိတ်ထဲမှာ ရေရတ်ရင်း သူ့ကိုယ်သူ အတင်းဖိအားပေးပြီးတော့ သူ့ကျရာ သရုပ်ဆောင်ရတဲ့ နေရာမှာ နေနေတာပင်။ သတင်လေး ဘာလေး ရလို့ အခွင့်အရေး ရရင်တောင်မှ မလှုပ်ရှားခဲ့။ အိုးချန်၏ အဖွဲ့အစည်းမှာ အဆင်ပြေ တယ်ဆိုတာထက်ကို တစ်ဖက်ကမ်း လွန်နေလို့ အရှေ့တောင် အာရှမှာပင် ထိပ်တန်း ဖြစ်နေပြီ။ တစ်နှစ်ကျော် ဆိုသည့် ကာလမှာ ဘာအပြစ်လေး တစ်စုံတစ်ရာမှပင် မပေါ်ပေါက်ခဲ့ပေ။ အခုတော့ အိုးချန်က သူကိုယ်တိုင်ကကို ဇယားနောက်စရာ ကိစ္စလေးတွေ ရှိတယ်လို့ ပြောနေမှတော့ ဒါက အခွင့်အရေး များလား?

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now