အခန်း(၁၁)

2K 137 5
                                    

Zawgyi

"အဲ့ကောင်က ဘာမို့လို့လဲ!"

"ချမ်းဝေကို ငါ့ရှေ့မှာ မရိုင်းနဲ့!"

နေဝန်းရဲ့အသံက ခပ်ပြတ်ပြတ်ဖြစ်နေပြီး ပေါက်ကွဲတော့မဲ့ ချိန်ကိုက်ဗုံးလို မထိသင့်သည့် အန္တာရာယ်အဆင့်ဖြစ်နေသည်။

ဆိုဖာပေါ်မှာ ရှိနေဆဲဖြစ်သည့် အရိုင်းအစိုင်းလို ပုံစံနဲ့ အမျိုးသားက ‌ခေါင်းငုံ့ထားပြီး သူ့ပါးကိုပွတ်သတ်နေသည်။ ဆူပုပ်ပုပ်ရုပ်ဖြင့် ဂျစ်ကန်ကန် စကားနားမထောင်ဟန်ရှိသော်လည်း နေဝန်းကိုဖြင့် အာမခံရဲပါပေ။

အတန်ကြာမှ နေဝန်းဘက်က အသက်ရှုသံတစ်ချို့ငြိမ်သွားပြီး မီးခြစ်ခြစ်နေသံကို ကြားလာရသည်။

ဆိုဖာပေါ်မှလူက ခေါင်းထောင်လာပြီး မျက်မှောင်များကျုံ့ကာ

"ကိုကြီး မင်း ဆေးလိပ်သောက်တုန်းပဲလား"

နေဝန်းက ဆေးလိပ်ကို သွားနဲ့ဖိကိုက်ထားရင်း အနောက်ကိုလှည့်ကြည့်လာကာ မဲ့ပြုံးပြုံးသည်။

"ဘယ်အချိန်မှာ ဘယ်လိုပါးစပ်ပိတ်ရမလဲ မင်းအဖေက မသင်ပေးထားဘူးလား"

"ကျွန်တော်က ကိုကြီး ကျန်းမာရေး ထိခိုက်မှာစိုးလို့ပြောတာ"

"လောလောဆယ် မင်းကျန်းမာရေးမင်းဂရုစိုက်သင့်တယ် သောက်ခွက်စုတ်ပြတ်သွားအောင် အထိုးမခံချင်ရင် ပါးစပ်ပိတ်လိုက်တော့!"

ဂျစ်ကန်ကန်အမျိုးသား ခေါင်းငုံ့သွားသည်။

နေဝန်းက ဆိုဖာပေါ်ဝင်ထိုင်လိုက်၏။ဆေးလိပ်ကို လက်ကြားညှပ်လိုက်ပြီး ပြာတွေကို အသည်းပုံဖန်ဆေးလိပ်ပြာခွက်ထဲထည့်ကာ ပါးစောင်ကို လျှာနဲ့ထိုးရင်း ဘေးဘက်က ကောင်လေးကိုကြည့်သည်။

နီညိုရောင် တိုကပ်ကပ်ဆံပင်တွေသာ ဒီ့ထက်အနည်းငယ်ပိုရှည်ပါက ဆောင့်ဆွဲပြီး ပါးရိုက်ပစ်မိမှာဖြစ်ပြီး နောင်ကျင်အောင် လုပ်မိမှာပင်။ ညီတွေအများကြီးရှိတဲ့အထဲ ဒီတစ်ကောင်ထဲ ကွက်ပြီးဆိုးနေတာ။

"ငါအများကြီးမပြောချင်ဘူး ချမ်းဝေကို ငါ့ကိုရိုသေသလို ရိုရိုသေသေဆက်ဆံ"

Even The Devil , Once An Angel(COMPLETED)Donde viven las historias. Descúbrelo ahora