(68.2)အချိုပေါ်မှာပျားရည်ထပ်ဆမ်းတဲ့နှစ်သစ်ကူးပွဲတော်

3.7K 624 31
                                    

Unicode

ဟန်ချောင် စားပွဲပေါ်မှာရှိနေတဲ့ ပန်းကန်ပြားထဲမှ ကောင်းချီးမင်္ဂလာအချိုမလိုင်လုံးလေးတွေကိုကြည့်ပြီး ရှန်ချင်းရှုကိုမေးလိုက်တယ်။

"နှစ်သစ်ကူးညစာရော စားပြီးသွားပြီလား"

"အင်း!"

"အရသာရှိရဲ့လား"

"အရသာရှိတယ်"

ရှန်ချင်းရှုပြန်ဖြေလိုက်တယ်။

"ခင်ဗျားမှာပေးတဲ့ နှစ်သစ်ကူးညစာက အရမ်းစျေးကြီးတာပဲကို.. အရသာမရှိဘဲနေပါ့မလား..
ကျွန်တော် အကုန်လုံးကို ကုန်အောင်မစားနိုင်လိုက်ရုံပါပဲ .. ခင်ဗျားက အများကြီးမှာထားတာဆိုတော့ နည်းနည်းကျန်နေသေးတယ်လေ.. ကျွန်တော်တစ်ယောက်တည်းစားမှာကို ခင်ဗျားက အလွန်အကျွံမှာလိုက်တာပဲ"

“မင်းတစ်ယောက်တည်းရှိနေမှာဆိုတော့ ကောင်းကောင်းလေးစားသင့်တယ်လေ"
ဟန်ချောင် သူ့လက်ထဲမှ ကောင်းချီးမင်္ဂလာလုံးလေးကို အသာလှုပ်ယမ်းလိုက်တယ်။

"ဒီအချိုပွဲက စားလို့ကောင်းလား"

"အဲဒါလည်း စားလို့ကောင်းတယ်.. စားကြည့်"

ရှန်ချင်းရှု သူ့ကိုတိုက်တွန်းလိုက်တယ်။

ဟန်ချောင် ပါးစပ်ကိုဖွင့်ဟပြီး တစ်ကိုက်ကိုက်လိုက်တယ်။

"စတော်ဘယ်ရီအရသာပဲ"

"တခြားအရသာတွေလည်းရှိသေးတယ်"

ဟန်ချောင်က ကျန်ရှိနေတဲ့ မုန့်အချိုလုံးလေးကို သူ့ရဲ့ပါးစပ်ထဲသို့ ခွံ့ကျွေးလာခဲ့တာကြောင့် ထို "အရသာ"ဆိုတဲ့စကားလုံးမှာ နည်းနည်းတော့ ဗလုံးဗထွေးဖြစ်နေရှာတယ်။

ရှန်ချင်းရှု ဖြည်းညှင်းစွာဝါးရင်းနဲ့ ဒီစတော်ဘယ်ရီအချိုမုန့်လေးက သူမတိုင်မှီတုန်းက စားခဲ့တဲ့တစ်ခုထက်ပိုပြီးချိုမြနေသလိုခံစားနေရလေရဲ့။

ဟန်ချောင်: "ချိုလား"

“ချိုတယ်"

"ကိုယ် နောက်တစ်ခုစမ်းကြည့်လိုက်မယ်"
ဟန်ချောင်အပြုံးတစ်ခုနဲ့ထပ်ပြောလာတယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now