အခန်း(၄)

269 15 0
                                    

ဘာလိုလိုနဲ့ လွန်းတောင် အဆောင်ပြန်ဝင်ရမယ့်အချိန်နီးနေပြီဖြစ်သည်။ မပြန်ခင်လေးတော့အန်တီနဲ့တစ်ခေါက်လောက်တော့ဆုံချင်မိပါသေးသည်။
ဟိုတစ်ခါမုန့်လာပေးတည်းတုန်းက နောက်ဆုံးတွေ့တာဆိုတော့ ဘာမဆိုင် ညာမဆိုင် လွမ်းမိသား။

အန်တီကတော့ ကျွန်မကိုသတိတောင်ရပါ့မလား။

ဟူးးးးးး မလွယ်ပါဘူး အန်တီရယ် စ‌တွေ့တည်းက ရင်ထဲမှာ မသိမသာတစ်မျိုး သိ‌သာအောင်တစ်မျိုးနေရာယူထားမိတဲ့အန်တီရဲ့ပုံရိပ်လေးကိုပဲ မြင်ယောင်နေမိတာမလွယ်ပါဘူး။

......

ဒီနေ့က ဆေးရုံသွားရက်ဆိုတော့ မနက်ခင်းတည်းက အကုန်ပြီးအောင်ပြင်ဆင်ပြီး ဆေးရုံကိုထွက်လာခဲ့သည်။
ဆေးရုံရောက်သော် မေရဲ့ မရှိမဖြစ် ကော်ဖီတစ်ခွက်သောက်ပြီး round လှည့်ဖို့အတွက် လိုက်လာခဲ့သည်။

" ‌အန်တီသက်သာရဲ့လား ဗိုက်ရော ဘယ်လိုနေသေးလဲ အောင့်နေသေးလား"

"သက်သာပါတယ် ဆရာမကြီးရယ် ဆရာမကြီး ကိုလည်းကျေးဇူးအများကြီးတင်ပါတယ် ဆရာမကြီးသာမကယ်ရင် အခုချိန်အထိကျွန်မအသက်ရှင်နေမှာမဟုတ်ဘူး"

" ရပါတယ် အန်တီ ဆရာဝန်ဆိုတာ လူနာရဲ့အသက်ကိုကယ်တင်ဖို့အတွက်တာဝန်ရှိပါတယ် သက်သာပြီဆိုပြီး ဆေးမသောက်ပဲမနေနဲ့နော် ဆေးပတ်လည်အောင်သောက်ရမယ်"

"ဟုတ်ကဲ့ပါဆရာမကြီး"

"ဆရာမ ဒီအန်တီအတွက် ဆေးထပ်ဝယ်ဖို့ ဆေးတွေပြောလိုက်ပါ"

"ဟုတ်ကဲ့ပါ ဒေါက်တာ"

အခြား အချိန်မှာဘယ်လိုပဲဖြစ်နေဖြစ်နေ လူနာတွေနဲ့ဆို အမြဲတမ်းအပြုံးနဲ့ပဲဆက်ဆံပါသည်။ဒါကြောင့် patient တွေဆီကအမြဲကြား‌နေရတဲ့စကားက "ဒေါက်တာက ပြုံးလိုက်ရင်အရမ်းလှတာပဲ"တဲ့လေ။
Round လှည့်ပြီးတော့ အခန်းထဲမှာပြန်နားပြီး ဆေးမှတ်တမ်းတွေဖတ်နေမိသည်။

"ဒေါက် ဒေါက်"
အခုမှ နားခါရှိသေး ဘယ်သူပါလိမ့်။

" ဝင်ခဲ့ပါ"

" အန်တီ ကျွန်မဝင်ခဲ့မယ်နော်"

"ဪ ဘယ်သူများလဲလို့ ကလေးမကို"

သို့ အကြင်သူ...Where stories live. Discover now