Intro 🤓

6 2 0
                                    

Hi, my name is Keaii. 😃
ဟိုင်း၊ နာမည်ကတော့ Keaii [ခိုင်း/ကိုင်း] ပါ

ဒီ story လေးကတော့ Keaii ရဲ့ ပထမဉီးဆုံး စရေးတဲ့ story လေး ဖစ်တာကြောင့် အမှားအယွင်းလေးတွေ ၊ မပြည့်စုံမှုလေးတွေ နဲ့ အဆင်မပြေမှုလေးတွေကတော့ အနဲ နဲ့ အများ ရှိနိုင်ပါတယ်😅😖။ ဒါကြောင့်မို့လဲ Keaii ရဲ့ story ကို ဖတ်ရှုကြတဲ့ စာရှုသူများအားလုံးကို ဒီနေရာမှာပဲ Keaii ရဲ့ အမှားမှားအယွင်းယွင်း ဖစ်မှုတွေအတွက် တစ်ခါထဲ ကြိုတင်တောင်းပန်ထားချင်ပါတယ်😁။

Keaii က Psycho story နဲ့ Horror story တွေကို ဖတ်ရတာရော ရေးရတာပါ နှစ်သက်သူမို့ Keaii ရေးတဲ့ story အများစုဟာ
စိတ္တဇဆန်တဲ့ type တွေ ဖစ်ပါတယ်😗။ Keaii နဲ့ အကြိုက်တူတဲ့သူတေအတွက်တော့ ရှယ်ပဲပေါ့😉။

Story လေးအကြောင်း ပြောရမယ်ဆိုရင်တော့ :

  အစပိုင်းမှာတော Kate [ခိတ်/ကိတ်] ဆိုတဲ့ ကောင်မလေးက ဖော်ရွေတတ်ပီး ဆက်ဆံရေး ကောင်းသူမို့ သူ့ကို လူတိုင်းက နှစ်သက်ကြပါတယ်။ သို့သော်လည်းပဲ နောက်ပိုင်းမှာ သူ့ရဲ့ကျောင်းက အပေါင်းအသင်းတချို့ သိလိုက်ရတဲ့ အမှန်တာရားဟာ တစ်ကျောင်းလုံးကို ပျံ့နှံ့ တုန်လှုပ်သွားစေခဲ့ပါတယ်။

ဒါကြောင့်မို့ တစ်ကျောင်းလုံးမှာရှိတဲ့ ကျောင်းသားတွေရော ဆရာတွေကပါ Kate နဲ့ အပေါင်းအသင်း၊ အဆက်အဆံ မလုပ်ကြတော့ပါဘူး။ နောက်နေ့ Kate ကျောင်းကို ‌ရောက်တဲ့အခါမှာတော့ လူတွေအားလုံးက သူ့ကို ရှောင်ဖယ် ရှောင်ဖယ်လုပ်နေကြတာကို သတိထားမိသွားပါတယ်။ Kate အတန်းထဲကို ဝင်လာတဲ့ အခါမှာတော့ လူတွေအားလုံးရဲ့ Kate အပေါ် ကြည့်တဲ့အကြည့်တွေမှာ စိမ်းကားမှု၊ ကြောက်လန့်မှု၊ ရွံချာမှုနဲ့ မယုံကြည်မှု  စသည်တို့က ရောနှော ပေါင်းစပ် ပါဝင်နေခဲ့ပါတယ်။

ဒီလိုအကြည့်တွေနဲ့ အပြုအမူတွေကြောင့် Kate ရဲ့ အခြေအနေဟာ အရင်က သိပ်မထင်ရှားခဲ့ပေမယ့် အခုအချိန်မှာတော့ ပိုမို ဆိုးရွားလာနေခဲ့ပါတယ်။

ဒါကြောင့်မို့ Kate ဟာ သူ့ရဲ့အခြေအနေကြောင့်  အခြားသူတွေကို မထိခိုက်စေချင်တဲ့အတွက် အဲ့ကျောင်းကနေရော အဲ့မြို့ကပါ အပြီးအပိုင် ထွက်သွားခဲ့ပါတယ်။

Kateအကြောင်းကို အစအနတောင် ရှာမရကြတော့တာကြောင့် သေပြီလို့မှတ်ယူခဲ့ကြပြီး Kate မရှိတော့တဲ့ အခါမှ ကျောင်းဟာ အရင်လို ပြန်ဖစ်သွားမယ်လို့ အားလုံးက ထင်ခဲ့ကြပေမယ့်.....

🙂

Story အကြောင်း ပြောပြတာကတော့ ဒီလောက်ပါပဲ😌။ ဒီထက် ပိုပြောရင် story အရသာ ပျက်တော့မှာဖစ်တဲ့အတွက် မပြောတော့ပါဘူး🤧။

Keaii ရဲ့ story လေးကို အချိန်ကုန်ခံပြီး ဖတ်ပေးကြတဲ့ စာရှုသူများ အားလုံးကို Keaii ဒီ intro လေးကနေတဆင့် ကျေးဇူးတင်စကား ပါးလိုက်ပါတယ်☺️🥰။

By - Katherine Devill [Keaii]

Warning 🙂 - Keaii ရဲ့ နာမည် အရှည်က Katherine Devill ပါနော်🥴 ဒါမဲ့ ပြောတဲ့နေရာတေမှာ Katherine လို့ ပြောနေရင် ဖတ်ရတာရော ရေးရတာပါ ရှည်တာကြောင့် ( ပျင်းတာလဲပါ ပါတယ် ) အတိုကောက် Keaii လို့ပဲ သုံးလိုက်တာပါနော်😄 စိတ်မရှိကြပါနဲ့ စာရှုသူတို့😅🤓

  [ ဒါက လုံးဝကို own creation ပါနော်
  ဘယ်ကမှ copy ထားတာ မဟုတ်ပါဖူးနော်
  ဆိုတော့ ကျေးဇူးပြုပီးKeaii ကို ဒီ story
  က ဘာနဲ့တူနေပါတယ် ဘာနဲ့ဆင်ပါတယ်
  ဘယ်ကနေကူးချထားပါတယ်ဆိုပီး မပြော
  ကြပါနဲ့ , ပြီးတော့ Keaii က အမြဲ အားနေ
  တာမဟုတ်တော့ ဒီ story ကို ပုံမှန် မup နိုင်
ပါဖူး အားရင်အားသလို အားတဲ့အချိန်လေး
မှာ အသည်းအသန် ရေးရတာမို့ Up မလာ‌
သေးဘူးလားတေ ဘာတေ ကျေးဇူးပြုပီး မ
ပြောပါနဲ့ တကယ်ကို အချိန်လုပီး ရေးနေရ
တာမို့လို့ပါ ]

ကျေးဇူး🙃

Soulless Girl { OC }Where stories live. Discover now