ကျွန်တော်magazineထဲကဆံပင်ပုံစံတွေကြည့်ပြီးတော့ကျွန်တော်ဆံပင်ပုံစံလေးတခုကိုသဘောကျတယ်။ဒါပေမဲ့ကျွန်တော်သဘောကျတာထက်မမနန်းသဘောကျတဲ့ပုံစံကိုပိုညှပ်ချင်မိတယ်။ကျွန်တော့်စိတ့်ထဲမှာဘာကြောင့်လဲမသိအဲ့ဒီ့ခံစားချက်ပေါ်လာတယ်။
စိုင်း"မမနန်း၊ကျွန်တော်ဘယ်ဆံပင်ပုံစံနှင့်ဆိုလိုက်လောက်လဲ။"
နန်း"စိုင်းညှပ်ချင်တဲ့ပုံစံညှပ်လေ။စိုင်းရဲ့မျက်နှာလေးကဘာပုံညှပ်ညှပ်လိုက်ပြီးသား။"
စိုင်း"ဒါပေမဲ့ကျွန်တော်ဘာပုံစံညှပ်ရမလဲမသိဘူး။"
နန်း"ကဲပါ၊အဲ့ဒါဆိုလည်းစိုင်းအတွက်မမပဲရွေးပေးမယ်နော်။အမ၊အားတော့နာပါတယ်။ဆံပင်ညှပ်တာခဏရပ်ပေးအုန်းနော်။ဘေးနားကမောင်ဆိုးလေးအတွက်hair styleရွေးပေးလိုကအုန်းမယ်။"
နန်း intetestဖွင့်ပြီး"bts jungkook(korea singer)"လို့googleကနေရိုက်ရှာလိုက်တယ်။နန်းရဲ့ဆန္ဒပြည့်သွားတာပေါ့။နန်းမှာသာမောင်လေးရှိရင်jungkookလိုဆံပင်ပုံစံလေးညှပ်ခိုင်းမယ်လို့အမြဲတွေးခဲ့တယ်။
နန်း"စိုင်း၊ဒီပုံစံလေးသဘောကျလား။"
ကျွန်တော်မမနန်းပြတဲ့ပုံကိုကြည့်လိုက်တယ်။မမနန်းပြတဲ့ဆံပင်ပုံစံလေးကအရှေ့ကအလယ်ခွဲဖြစ်ပြီးအနောက်ကဖောင်းဖောင်းလေး။ကျွန်တော်အဲ့ဆံပင်လေးကိုသဘောကျတယ်။မမနန်းရွေးပေးတာဆိုကျွန်တော်အလိုလိုသဘောကျတယ်မိတာဘာလို့လဲ???ကျွန်တော်ကိုယ့်ကိုကိုယ်မေးလိုက်မိတယ်။
စိုင်း"သဘောကျတယ်။အကိုကျွန်တော့်ကိုဒီပုံစံလေးပဲညှပ်ပေးပါ။"
ကျွန်တော်ဆံပင်ညှပ်ဆရာကိုဒီဆံပင်ပုံစံညှပ်ခိုင်းလိုက်တယ်။
ကျွန်တော့်စကားဆုံးတော့ဆံပင်ညှပ်ဆရာကကျွန်တော့်ကိုဆံပင်စညှပ်တယ်။💮💮💮💮💮💮💮💮💮💮💮💮💮💮
ကျွန်တော်ဆံပင်ညှပ်နေတုန်းမမနန်းကိုမှန်ထဲကတဆင့်ကြည့်နေမိတယ်။ကြွေပြားပေါ်ကျသွားတဲ့မမနန်းရဲ့ဆံပင်တွေကြည့်ပြီးကျွန်တော်နှမြောနေမိတယ်။ကျွန်တော်မမနန်းကိုဆံပင်ရှည်ပဲထားစေချင်တယ်။ဆံပင်မညှပ်စေချင်ဘူး။ခဏနေတော့မမနန်းရောကျွန်တော်ရောဆံပင်ညှပ်လို့ပြီးသွားတယ်။မမနန်းကဂုတ်ဝဲလေးနှင့်ကလေးလေးလိုအရမ်းချစ်ဖို့ကောင်းတာပဲ။korea မင်းသမီးလေးကျနေတာပဲ။မမနန်းကဘာတွေစားထားလို့ဒီလောက်ထိချစ်ဖို့ကောင်းနေတာလဲလို့ကျွန်တော်တွေးလိုက်မိတယ်။
နန်းဆံပင်ညှပ်ပြီးတဲ့စိုင်းကိုကြည့်လိုက်တယ်။jungkook(korea singer)လောက်မချောပေမဲ့jungkookနီးပါးလောက်ချစ်ဖို့ကောင်းတဲ့နန်းရဲ့မောင်ကိုနန်းအများကြီးချစ်မိတယ်(မောင်လေးတယောက်လိုချစ်တယ်လို့ပြောတာနော်ဒါဒါတို့🤗🤗🤗)။
နန်း"ချစ်ဖို့ကောင်းတဲ့ကလေးလေး။"
နန်းအသဲယားလာတာကြောင့်စိုင်းရဲ့ပါးဖောင်းဖောင်းလေးကိုဆွဲလိုက်တယ်။နန်းကောင်တာမှာပိုက်ဆံရှင်းလိုက်ပြီးနန်းတို့မောင်နှမ၂ယောက်ဖုန်းဆိုင်ကိုခရီးဆက်လာခဲ့တယ်။
နန်း"စိုင်း၊ဘာဖုန်းလိုချင်လဲ။"
နန်းဖုန်းတွေကြည့်ရင်းပြောလိုက်တယ်။
စိုင်း"မမနန်းယူမဲ့ဖုန်းနှင့်ဆင်တူယူချင်တယ်။"
နန်း"အင်းပါ၊စိုင်းသဘော။"
နန်းအရောင်း၀န်ထမ်းပြတဲ့ဖုန်းတွေတလုံးပြီးတလုံးကြည့်နေတယ်။💮💮💮💮💮💮💮💮💮💮💮💮💮💮
နန်း"ဒီဖုန်းလေးမဆိုးဘူး။ဒီI-phoneပဲယူလိုက်မယ်။ဒါပေမဲ့ဒီအရောင်ကြီးမကြိုက်ဘူး။အခြားအရောင်လေးတွေရှိသေးတယ်။"
အရောင်း၀န်ထမ်း"ဟုတ်ကဲ့၊white,black,purple,yellow,red colourတွေရှိပါတယ်။ညီမလေးကြိုက်တဲ့အရောင်ရွေးလို့ရပါတယ်။"
နန်း"white,purple,redအရောင်လေးတွေပြကြည့်ပါလား။"
အရောင်း၀န်ထမ်း"ဟုတ်ကဲ့။ခဏလေးနော်၊ညီမလေး။"
အရောင်း၀န်ထမ်းမလေးကဖုန်းတွေသွားယူတယ်။
အရောင်း၀န်ထမ်း"ညီမလေး၊ဒီမှာပါ။"
နန်းအရောင်း၀န်ထမ်းပြတဲ့ဖုန်းတွေကိုတလုံးပြီးတလုံးယူကြည့်လိုက်တယ်။
နန်း"အနီရောင်လေးမဆိုးဘူးနော်၊စိုင်း။"
စိုင်း"ဟုတ်တယ်။အရောင်လေးကလှတယ်။"
နန်း"အဲ့တာဆိုဒါပဲယူလိုက်တော့မယ်နော်၊စိုင်း။"
နန်းစကားဆုံးတော့စိုင်းကနန်းကိုခေါင်းငြိမ့်ပြတယ်။
နန်း"အမ၊ညီမအနီရောင်၂လုံးယူမယ်နော်။"
အရောင်း၀န်ထမ်း"ဟုတ်ကဲ့။"
နန်း"ညီမကိုဒီဖုန်းcoverလေးလိုက်ပြပါအုန်း။တခါတည်း၀ယ်သွားချင်လို့။"
အရောင်း၀န်ထမ်း"ဟုတ်ကဲ့။ဒီဖက်ကိုလိုက်ခဲ့ပေးနော်။"
နန်းတို့နှစ်ယောက်အရောင်း၀န်ထမ်းခေါ်တဲ့နောက်လိုက်သွားတယ်။💮💮💮💮💮💮💮💮💮💮💮💮💮💮
အရောင်း၀န်ထမ်း"ဒါကဒီဖုန်းရဲ့coverလေးတွေပါ။"
နန်းcoverလေးတွေကြည့်လိုက်တော့coverလေးတွေကအမျိုးအစားစုံလွင်ပြီးသစ်လွင်နေတာပဲ။နန်းcoverလေးတွေကိုကြည့်နေတယ်။နန်း emojiလေးတွေပါတဲ့coverလေးယူလိုက်တယ်။မမနန်းကemojiပါတဲ့coverကိုယူလိုက်တော့ကျွန်တော်လည်းအဲ့ဒီcoverနှင့်တပုံစံတည်းတူတဲ့coverကိုယူလိုက်တယ်။မမနန်းနှင့်ကျွန်တော်ကဖုန်းဆင်တူလေးပေါ့။ကျွန်တော်ဖုန်းလေး၂လုံးကိုကြည့်ပြီးသဘောကျမိတယ်။
ကျွန်တော်နှင့်မမနန်းshoppingထွက်လို့ပြီးတော့အိမ်ပြန်လာခဲ့တယ်။မမနန်းတော့ဘယ်လိုနေလဲမသိ၊ကျွန်တော်တော့ဒီနေ့shoppingထွက်ရတာတော်တော်ပင်ပန်းသွားတယ်။🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
Chapter-15coming soon💌💌💌.
🎀🎀 Author-yoon mieno🎀🎀
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Storie d'amoreစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...