❣️❣️❣️chapter-15❣️❣️❣️

535 16 0
                                    

ဦးအောင်ကျော်"ဟာ၊မြေးလေးတို့ပြန်လာကြပြီလား။"
နန်း"ဟုတ်၊မြေးတို့ပစ္စည်းတွေပတ်ဝယ်ရတာမောလိုက်တာဘိုးဘိုးရယ်။"
နန်းဘိုးဘိုးရဲ့ပုခုံးကိုမှီပြီးချွဲပြောလိုက်တယ်။
ဦးအောင်ကျော်"မြင့်မြင့်ရေ၊မြေးလေးတို့၂ယောက်အတွက်အအေးလေးယူခဲ့ပါအုန်း။လိုချင်တာတွေရောအကုန်ရခဲ့လား။"
နန်း"ရခဲ့တာပေါ့ဘိုးဘိုးရဲ့။လိုချင်တာတွေကိုအကုန်ပတ်ပြီးဝယ်လာတာ။"
ဦးအောင်ကျော်"တို့ရဲ့မြေးလေးကတော့စိတ်ချရတယ်နော်။"
နန်းဘိုးဘိုးရဲ့စကားကြောင့်ပြုံးလိုက်တယ်။
ဦးအောင်ကျော်"မြေးလေးစိုင်းရောလိုချင်တာတွေရခဲ့လား။"
စိုင်း"ဟုတ်ကဲ့။အကုန်ရခဲ့ပါတယ်။"
ဦးအောင်ကျော်"အေး၊အေး။မြေးလေးလိုအပ်တာရှိရင်လည်းမင်းမမကိုပြောနော်။ကြားလား၊ဘာမှအားမနာနှင့်နော်။"
စိုင်း"ဟုတ်ကဲ့၊ဘိုးဘိုး။"
          ကျွန်တော်တို့စကားပြောနေတုန်းအန်တီမြင့်ကအအေးဘူးတွေလာချပေးတယ်။အန်တီမြင့်ကမမနန်းခေါ်ထားတဲ့စားဖိုမှူးသစ်လေ။မမနန်းကကျွန်တော့်ကိုစာပဲလုပ်ရမယ်ဆိုပြီးမီးဖိုခန်းထဲဝင်တဲ့ပါမစ်ပိတ်လိုက်တယ်။ကျွန်တော်နှင့်မမနန်းအန်တီမြင့်ချပေးတဲ့အအေးဘူးကိုဖောက်ပြီးသောက်လိုက်တယ်။အမောဖြေပြီးတော့ကျွန်တော်ရေချိုးလိုက်တယ်။ကျွန်တော်ရေချိုးပြီးတော့မမနန်းကိုမတွေ့တာနှင့်ဘိုးဘိုးကိုမေးလိုက်တယ်။ဘိုးဘိုးကမမနန်းရေသွားချိုးလို့ပြောတယ်။ကျွန်တော်ဘိုးဘိုးနှင့်စကားပြောနေတုန်းပစ္စည်းတွေလာပို့တဲ့ကားရောက်လာတယ်။

          💮💮💮💮💮💮💮💮💮💮💮💮💮💮

        ကျွန်တော်အလုပ်သမားတွေကိုကျွန်တော့်အခန်းထဲမှာနေရာချခိုင်းလိုက်တယ်။ခဏနေတော့ကျွန်တော့်အခန်းထဲမှာပစ္စည်းတွေနှင့်နေရာပြည့်သွားတယ်။မမနန်းတို့ဆီရောက်ကတည်းမမနန်းကကျွန်တော့်ကိုလိုလေးသေးမရှိပြည့်စုံအောင်ထားပေးခဲ့တယ်။၃ရက်လောက်ကြာတော့ကျွန်တော်နှင့်မမနန်းကျောင်းစတက်ခဲ့တယ်။ကျွန်တော်ကျောင်းတက်ဖို့အဝတ်အစားလဲပြီးဧည့်ခန်းထဲမှာမမနန်းကိုစောင့်နေတယ်။ခဏနေတော့မမနန်းဧည့်ခန်းထဲဝင်လာတယ်။
နန်း"စိုင်း၊သွားမယ်လေ။"
စိုင်း"ဟုတ်ကဲ့။"
          ကျွန်တော်နှင့်မမနန်းကားပေါ်တက်လိုက်တယ်။ပြီးတော့မမနန်းကကျွန်တော့်ကိုကျောင်းအရင်လိုက်ပို့ပေးတယ်။ကျွန်တော့်ကိုကျောင်းမှာချထားပြီးတော့မမနန်းကကျောင်းဆက်သွားတယ်။ကျွန်တော်ကျောင်းတော်ကြီးကိုကြည့်ပြီးတော့မှင်သက်နေမိတယ်။ကျွန်တော်ကျောင်းတော်ကြီးကိုကြည့်နေတုန်းကားတစီးကကျွန်တော့်ကိုတိုက်မိမလိုဖြစ်သွားတယ်။ကျွန်တော်မြေပြင်ပေါ်လဲကျသွားတော့ကားပေါ်ကနေကောင်လေးတယောက်ဆင်းလာပြီးကျွန်တော့်ကိုတွဲထူပေးတယ်။
စိုင်းကိုတိုက်မိမလိုဖြစ်သွားတဲ့ကားပိုင်ရှင်ကတော့ဇွဲမာန်ဆိုတဲ့ကောင်လေးဖြစ်တယ်။ဇွဲကအခုနှစ်မှကျောင်းစတက်မဲ့ဆေးကျောင်းသားလေးတယောက်ဖြစ်တယ်။
ဇွဲ"ဘာများဖြစ်သွားသေးလဲ။"
စိုင်း"ဘာမှမဖြစ်ပါဘူး။"
ဇွဲ"တောင်းပန်ပါတယ်နော်။ကျွန်တော့်ရဲ့driverကနေသိပ်မကောင်းလို့ပါ။"
စိုင်း"ရပါတယ်။"
ဇွဲ"နားလည်ပေးလို့ကျေးဇူးပါပဲနော်။ဦးလေးပြန်တော့နော်။ကျွန်တော့်ကိုဒီထိပဲလိုက်ပို့ပေးတော့နော်။"
ဇွဲစကားဆုံးတော့ကားကကျောင်းဝင်းထဲကနေမောင်းထွက်တယ်။

        💮💮💮💮💮💮💮💮💮💮💮💮💮💮

ဇွဲ"ကျွန်တော့်နာမည်ကဇွဲမာန်ပါ။ဒီနှစ်မှကျောင်းစတက်မှာ။မင်းရဲ့နာမည်ရောဘယ်လိုခေါ်လဲ။"
စိုင်း"ကျွန်တော့်နာမည်ကစိုင်းမွန်ပါ။ကျွန်တော်လည်းအခုမှကျောင်းစတက်မှာ။"
ဇွဲ"ဟုတ်လား။တိုက်ဆိုင်လိုက်တာ။"
ကျွန်တော်ဇွဲမာန်ဆိုသူနှင့်စကားပြောရင်းကျောင်းထဲဝင်လာတယ်။ဇွဲမာန်နှင့်ကျွန်တော်ရေစက်ပါတယ်ပဲပြောရမလား၊ဇွဲနှင့်ကျွန်တော်တခန်းထဲအတူတူကြတယ်။ဇွဲနှင့်ကျွန်တော်သူငယ်ချင်းဖြစ်သွားတယ်။အော်မေ့တော့မလို့ကျွန်တော်classထဲရောက်တော့ဘုန်းမြတ်ဆိုတဲ့သူငယ်ချင်းနှင့်တယောက်လည်းထပ်ရသွားတယ်။ကျွန်တော်ဇွဲနှင့်ဘုန်းနှင့်သူငယ်ချင်း၂ယောက်ရတော့အရမ်းပျော်သွားတယ်။ဒီနေ့ကကျွန်တော်အပျော်ဆုံးနေ့လေးဖြစ်ခဲ့တယ်။ကျွန်တော့်ရည်မှန်းချက်ဆီကိုစတင်လျှောက်လှမ်းနိုင်ခဲ့သလိုဇွဲနှင့်ဘုန်းဆိုတဲ့သူငယ်ချင်း၂ယောက်ရခဲ့ရတယ်။
        ကျောင်းဆင်းချိန်ရောက်တော့မမနန်းကကျွန်တော့်ကိုလာကြိုတယ်။ကျွန်တော်ကားပေါ်တက်လိုက်တော့မနန်းအပြင်မမနန်းရဲ့သူငယ်ချင်းတွေပါပါလာတယ်။
နန်း"စိုင်း၊နန်းတို့hot potသွားမလို့။အိမ်မပြန်သေးဘူး။စာလုပ်ဖို့နောက်မကျလောက်ပါဘူးနော်။ရတယ်မလား၊စိုင်း။"
စိုင်း"ဟုတ်၊အချိန်ရပါတယ်။ဒီနေ့ကကျောင်းစဖွင့်တဲ့ရက်ဆိုတော့စာလည်းသိပ်မများသေးပါဘူး။"
ကျွန်တော့်စကားဆုံးတော့မမနန်းပြုံးလိုက်တယ်။ကျွန်တော်တို့hotbpotဆိုင်ခရီးဆက်ခဲ့တယ်။မမမိုးနှင့်မမစောတို့နှင့်ကျွန်တော်ကရင်းနှီးပြီးသားဆိုတော့ရင်းရင်းနှီးနှီးစကားပြောကြတယ်။ကားထဲမှာရယ်သံတွေနှင့်ပြည့်နှက်သွားတယ်။

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

chapter-16coming soon💌💌💌.

                            🎀🎀 Author-yoon mieno🎀🎀

မကကျွန်​တော့်ရဲ့မီးအိမ်ရှင်Where stories live. Discover now