၈နှစ်၉နှစ်လောက်ကြာပြီးနောက်တော့ ကျွန်မအချစ်ဦးကိုစက်သုံးဆီအရောင်းဆိုင်မှာတွေ့ခဲ့တယ် သူကုန်စုံဆိုင်ထဲကထွက်လာတာကိုဒီတိုင်းလေးကြည့်နေခဲ့မိတယ် ကျွန်မမျက်လုံးအစုံကသူ့ဆီကနေမခွာခဲ့သလို ဒီလိုမျိုးတွေ့ရတာလဲမယုံကြည်နိုင်ခဲ့ဘူး
ကျွန်မမဝံ့ရဲစွာပဲသူ့ကိုမေးလိုက်မိတယ်"ကျွန်မဘယ်သူလဲ ရှင်မှတ်မိသေးလား" လို့လေ
သူကရေဘူးကိုဆုပ်ကိုင်ထားလျက်ပဲသူကျွန်မကိုကြည့်ပြီးဖြေခဲ့တာက
"ငါ မင်းကိုမှတ်မိပါတယ် တကယ်လို့ငါကပြာအဖြစ်ပြောင်းသွားခဲ့ရင်တောင် မင်းကိုတော့မှတ်မိနေဦးမှာပဲ"
ကျွန်မသီချင်းစာသားတစ်ခုကိုတောင်သွားသတိရမိတယ်
'တကယ်လို့တစ်သက်စာရဲ့ကတိက ခွဲခွာခြင်းကိုအမှတ်ရနေခြင်းသာဆိုရင် သေချာပါတယ်အခုကစပြီးအဲ့ဒီဖြစ်တည်ခဲ့တဲ့အမာရွတ်က ပြန်သက်သာလာဖို့ခက်ခဲသွားမှာပဲ' [1]
တကယ်တော့အဲ့နေ့ကတွေ့ခဲ့တာကမတော်တဆတော့မဟုတ်ခဲ့ဘူး အလယ်တန်းကျောင်းသားတွေ တွေ့ဆုံပွဲမှာ ကွေးရှောင်ရဲ့သူငယ်ချင်းဟောင်းဖြစ်တဲ့ ပိုင်ထောင်က 'သူ့' ရဲ့နာမည်ကိုပြောနေခဲ့တာ ပြီးတော့ 'သူ' ကဒီအနီးနားက စက်သုံးဆီအရောင်းဆိုင်မှာခဏနားနေတယ်ဆိုပြီးပြောနေတာတွေ ကွေးရှောင်ကကြားခဲ့တာ 'သူ' ဆိုတဲ့နာမည်ကိုကြားပြီးနောက်တော့ သူမရဲ့စိတ်အစဉ်ကမတည်ငြိမ်တော့ဘူး ဘာကိုမှလဲဂရုမစိုက်နိုင်တော့ဘူး
သူမကအဲ့ 'သူငယ်ချင်းဟောင်း' ဆိုတဲ့ 'သူ့' ဆီသွားချင်တယ်ပဲပြောနေတာ
အဲ့တာကြောင့်ပိုင်ထောင်ကသိပ်တွေးမနေတော့ပဲ ကွေးရှောင်ကိုစက်ဘီးနဲ့တင်ခေါ်လာခဲ့တော့တာ
စက်ဘီးနဲ့သွားနေရတဲ့၅မိနစ်ဆိုတဲ့အချိန်ကရာစုနှစ်များစွာကြာသွားသလားထင်ရတယ် ပိုင်ထောင်စက်ဘီးရပ်ရပ်ချင်းပဲ နောက်မှာထိုင်တဲ့ ကွေးရှောင်ကစက်ဘီးပေါ်ကအမြန်ခုန်ဆင်းလိုက်ပြီးတော့ စိတ်တထင့်ထင့်နဲ့အနီးနားကိုငေးမောကြည့်လိုက်တယ် သူမမျက်လုံးထဲတော့စိတ်ပူပင်မှုတွေနဲ့
YOU ARE READING
The Road Home (mm translation)
RomantizmThis is not my own novel. I'm just a fan of translation. This is for offline reading purpose only. All credits pay to original authour and English translator. (Unicode and Zawgyi are available) 8.4.2023