ထာဝရမင်းနဲ့အတူ

500 77 15
                                    

Unicode

"အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိဖို့အတွက် အတားအဆီးတွေကို လှေကားထစ်အဖြစ်အသုံးချပြီး တက်လှမ်းရမယ်!
ဖိုက်တင်း Jung Hoseok "

ကုမ္ပဏီအဝင်ဝမှာတင် လုပ်နေကျအတိုင်းကိုယ့်ကိုယ်ကိုယ်အားပေးကာ လက်ထဲကဝန်ထမ်းကဒ်ကို လည်တိုင်ထက်၌လှလှလေးချိတ်ဆွဲလိုက်၏။
တိုက်ခတ်လာသောနွေဦးလေတွေကို အဆုတ်ထဲရောက်သည်အထိ ခေါင်းမော့ရှူရှိုက်ကာ ချိတ်ဆွဲထားသည့်ကဒ်လေးကို ပြန်ကြည့်မိသည့်အခါ နူးညံ့သောအပြုံးလေးတွေ Hoseokထံမှထွက်ပေါ်လာ၏။

"VJ_GROUP
အလုပ်သင်Jung Hoseok "

ကဒ်ပြားလေးကိုကိုင်ကာ ရေရွတ်မိသည်နှင့် အနာဂတ်တွေလင်းလက်လာသလို ခံစားရသည်။
အလုပ်သင်အဆင့်ပဲရှိသေးသည်ဆိုသော်ငြား ဂွမ်းဂျူနယ်သားလေးတစ်ယောက်အတွက် ဆိုးလ်ရဲ့နာမည်ကြီးကုမ္ပဏီတစ်ခုမှာ ယခုလိုအလုပ်လုပ်ခွင့်ရခြင်းကပင် ဂုဏ်ယူစရာတစ်ခုလိုတွေးထင်ရစေသည်။

ကုမ္ပဏီထဲကိုဝင်လိုက်သည်နှင့် အဲကွန်းလေအေးတွေနဲ့အတူ တောက်ပြောင်အေးမြနေကာ ဝန်ထမ်းတွေနဲ့ရှုပ်ရှပ်ခတ်နေသောကုမ္ပဏီlobbyသည် Hoseokသဘောအကျဆုံးသောနေရာ။
Canteenမှာရောင်းသော bubble teaအေးအေးလေးက favoriteမလို့ ရုံခန်းထဲတန်းမသွားသေးဘဲ breakfastအတွက်ခြေလှမ်းတွေကို ရုံးcanteenဘက်သို့ဦးတည်လိုက်၏။

"Hoseok shii! Jung Hoseok shi!"

အမောတကောခေါ်သံကျယ်ကြောင့် အနည်းငယ်လန့်သွားကာ နောက်သို့လှည့်ကြည့်မိတော့ ကုမ္ပဏီအပြင်ဘက်ကနေ စက္ကူပုံးကြီးတွေကိုင်ကာလှမ်းခေါ်နေသော မန်နေဂျာKim...
ကုမ္ပဏီအပြင်ကနေ အတွင်းထဲရောက်နေသောသူကို ရုပ်လေးနဲ့မှမလိုက် အာပြဲကြီးနဲ့အော်ခေါ်ရဲသော မန်နေဂျာKimကို Hoseokစိတ်ထဲအနည်းငယ်တော့ အံ့ဩသွားကာ အမြန်ပြေးထွက်လာရ၏။

"မန်နေဂျာKim မင်္ဂလာပါခင်ဗျ။
ကျွန်တော်ဘာကူညီပေးရမလဲဟင် "

အလုပ်သင်တစ်‌ယောက်အတွက် ရည်မှန်းချက်ကအမြဲတမ်းဝန်ထမ်းဖြစ်ဖို့ဆို အထက်လူကြီးဆိုတာအတားအဆီးအဖြစ်လည်း တက်လှမ်းဖို့အတွက် အကောင်းဆုံးလှေကားထစ်ပဲ။
မျက်နှာထက်မှာ အချိုဆုံးအပြုံးလေးချိတ်ဆွဲကာ မန်နေဂျာKimလက်ထဲကပုံးတွေကို လွှဲယူလိုက်၏။

ထာဝရမင်းနဲ့အတူ(One Shot story )Where stories live. Discover now