FB(16)

1K 143 66
                                    

.Unicode
.
ခဏတဖြုတ်အပန်းဖြေဆိုပြီးရောက်လာတဲ့နေရာကseoulကနေ Mexicoထိ..။ကျောင်းတတ်နေရလည်းအလွန်အမင်းသွားချင်နေကြောင်းနည်းနည်းလောက်ချွဲပြလိုက်တာနဲ့appaနဲ့ommaကလွှတ်ပေးလိုက်ရတော့တာပဲ။အတူသွားမဲ့သူဟာလည်းအယုံကြည်ရဆုံးသူတွေဖြစ်လို့တဦးတည်းသောသားလေးပျော်ဖို့ခွင့်ပြုကာညတွင်းချင်းစီစဥ်ပေးသည်။

Mexicoကသိပ်လှတဲ့နေရာမှာနိုင်ငံအရပ်ရပ်ကခရီးသွားများကြားအနောက်တိုင်းရုပ်ရည်နဲ့koreaကောင်လေးတ​ယောက်ဟာနွေရာသီဒီဇိုင်းပန်းပွင့်ကြီးကြီးများပါတဲ့ရှပ်အကျီအပြာတလွှင့်လွှင့်ကိုဘောင်းဘီတိုလေးတထည်နဲ့လည်းsmartကျနေခဲ့သည်။ရှည်လျားတဲ့ခြေတံသွယ်သွယ်တွေ.ဆံပင်ဘုတ်သိုက်ကောက်ကောက်လေးတွေနဲ့ဒီလူငယ်ကောင်လေးဟာကမ်းခြေVibeအပြည့်.ယောကျာ်းမိန်းမတွေအကုန်လုံးရဲ့မျက်စိကျခြင်းခံရသည်။အကောင်းဆုံးဇိမ်အရှိဆုံးhotelမှာတည်တယ်.မနက်ခင်းတွေမှာအချစ်ရဆုံးhyungနှစ်ယောက်နဲ့လေ့ကျင့်ခန်းတချို့လုပ်ပြီးမနက်စာစားပြီးသည်နှင့်sunglassကိုယ်စီနဲ့bacalarဆီချီတက်ခဲ့ကြသည်။မျက်စိတဆုံးမြင်နေရတဲ့စိမ်းပြာရောင်ရှိသည့်ရေကြည်ကြည်တွေ..။အကျီကိုချွတ်ပြီးပုခုံးပေါ်ဖြစ်သလိုတင်ကာကြွကြွရွရွလမ်းလျှောက်နေတဲ့ပုံစံတွေ..ရေထဲလှလှပပခုန်ဆင်းသွားသည့်ပုံရိပ်တွေအကုန်လုံးကိုကိုယ့်ထက်ကြီးသည့်အကိုကိုမှတ်တမ်းတင်ထားခဲ့သည်ထိအငယ်ဆုံးလေးကအဆိုးလေးလုပ်ကာဖုန်းကိုလက်ထဲအပ်ထားခဲ့ပြီ။သူ့ရဲ့မိမိုက်နေမှုကိုမျှဝေဖို့အတွက်ဖြစ်တာမို့သိပ်မကြာခင်socialပေါ်ရေပန်းစားဦးမှာတော့သေချာသည်။ဒီလာပြီးရေပြာပြာတွေကိုမထိတွေ့ရင်လူတော့မဖြစ်နိုင်..ဒါကြောင့်တောက်လျှောက်မှတ်တမ်းတင်ရင်းမှအားကျလာပြီမို့အကိုကြီးတွေဟာလည်းရေထဲခုန်ဆင်းပြေးကြသည်။ကျောင်းကကောင်တွေလိုသက်တူရွယ်တူခပ်ဆိုးဆိုးအဖွဲ့မဟုတ်ပဲ.သူ့ထက်ကြီးသူများသာဖြစ်သောအလိမ္မာအကိုကြီးတို့အဖွဲ့ကလည်းKingမှာသက်သက်ရှိသည်။အဖွဲ့သားတွေမစုံပေမဲ့ရှိတဲ့သုံး​​ယောက်နဲ့လည်းပျော်ကြသည်။အေးမြနေတဲ့စိမ်းပြာရောင်ရေတဲ့စိမ်နေရင်းလည်းKingကရေကူးခြင်းမှာလည်းတော်ကြောင်းချောမောမှုတွေထည့်ပြီးအစွမ်းပြတဲ့အခါအပန်းဖြေနေတဲ့မိန်းမသားတွေရွယ်စုံ​​ကြွေမျောလို့။
ရေခဏကူးပြီးလျှောက်လမ်းရဲ့အစွန်းလေးမှာထိုင်နားကြပြီးစကားတွေပြောကြသည်။

Fake Boyfriend👨‍❤️‍👨Donde viven las historias. Descúbrelo ahora