အပိုင်း12(ဆိုင်ရမ်မြို့)
ကားဆရာသည် ပထမဦးဆုံးဖမ်းမိခဲ့သော ရေသူမအား အလှပဆုံးနှင့်တန်ဖိုးအကြီးဆုံးရတနာဟူ၍ အဘယ့်ကြောင့် ချီးကျူးခဲ့သည်အား ပိုင်လျိုသိရှိသွားပြီဖြစ်၏။ ဤတစ်ခုနှင့် နှိုင်းယုဉ်ကြည့်ပါက အပြင်ဘက်ရှိ ရေသူမရုပ်ထုများအား ခရီးသွားများ၏မျက်လုံးထဲ၌ ဈေးပေါ၍သာမာန်ဆန်သော ပစ္စည်းများ ကဲ့သို့သာ မြင်ကြပေလိမ့်မည်။
ပိုင်လျိုတွင်မူ တန်ဖိုးကြီးသောပစ္စည်းများအား ကြည့်ရှုရာ၌ အမြဲလိုလို အထင်အမြင်ကောင်းများ ရှိလေသည်။ သူ ရေသူထီးရှိရာစီသို့ လျှောက်သွား၍ ဖန်ပေါင်းဘေးရှိ မိတ်ဆက်ပေးထားသည်အား ဖတ်လိုက်၏။
[ရေသူ ၊ ××,××,× ညနေခင်းအချိန် ဆိုင်ရမ်မြို့ရှိ ငါးဖမ်းပွဲမှ ဤသက်ရှိသတ္တဝါအား ဖမ်းစီးရရှိခဲ့ပါသည်။ ဤသတ္တဝါသည် တုပထားသောပစ္စည်းမဟုတ်ကြောင်းအား သက်ဆိုင်ရာတာဝန်ရှိသူများမှ စစ်ဆေးခဲ့ကြပါသည်။ ၎င်းသည် သဘာဝအတိုင်း အသက်ရှင်နေထိုင်နေသော ရှားပါးသတ္တဝါမျိုးစိပ် တစ်ခုဖြစ်သည်။ ၎င်းသည် ဖမ်းဆီးရမိသောအချိန်ကတည်းက ရုပ်အလောင်းအဆင့်သို့ ရောက်နေခြင်းဖြစ်၏။ ၎င်း၏ ရုပ်အလောင်းအား ခရီးသွားများ ကြည့်ရှုလေ့လာနိုင်ရန်အတွက် ကြာရှည်ခံ solidficationအရည်တစ်မျိုးဖြင့်စိမ်၍ ဗဟိုပြပွဲခန်းမအတွင်း၌ ပြသထားခြင်းဖြစ်သည်။]
(TN:solidification အရည်ဆိုတာကလေ resinလိုမျိုးအရည်ပါ ကပ်စေးစေးနဲ့ပေါ့ အဲ့ထဲမှာ အစိမ်ခံထားရတဲ့သူအတွက် သူ့ရဲ့စေးကပ်မူကြောင့် လှုပ်ရှားရတာခက်ခဲစေပါတယ်။)
ဤရေသူထီးသည် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လိမ့်မည်ဟု ပိုင်လျိုထင်၏။
(TN: ရှင့်လောင်ကုန်းလေအဲ့ဒါ)
ပိုင်လျို ရေသူထီး၏ မိတ်ဆက်အညွှန်းအား ငုံ့ဖတ်နေသည့် အချိန်တွင် ရေသူထီးရုပ်အလောင်း၏ ညာဘက်လက်ချောင်းလေးများသည် သတိမထားမိနိုင်စွာဖြင့် သေးငယ်စွာလှုပ်ရှားသွား၏။ ထိုအချိန်တွင် ပိုင်လျိုရင်ဘက်ထဲရှိ အကြွေစေ့သည် ရုတ်တရက် ရူးသွပ်သွားသကဲ့သို့ တုန်ခါလာပြီး အနီရောင်တောက်တောက် သတိပေးစာများသည်လည်း စနစ်မှချို့ယွင်းမူများဖြစ်နေသကဲ့ ပိုင်လျို၏အရှေ့၌ တစ်ခုပြီးတစ်ခုပေါ်လာလေသည်။
YOU ARE READING
ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘုရားတစ်ပါးဖြစ်လာခြင်း
HorrorCN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 598 chpters complete (Etran ongoing) Original publisher : jjwxc Date : (3.1.2023 /...........) အလုပ်ပြုတ်ပြီးနောက် ပိုင်လျို တစ်ယောက် မကောင်း...
