34...

26.2K 1.4K 29
                                    

Part 34

"အယ်လ်လီငြိမ်းဦး!! နင်ကဘာလဲ"

အန်တီမေ ဆေးကုသဖို့အတွက်ဆရာဝန်ကြီးရဲ့လက်ထောက်ကိုအရင်လွှတ်လိုက်တယ်ဆို
လို့ ထူးမြတ်ကိုလေဆိပ်အကြိုလွှတ်လိုက်သည်။မအားသည်မို့‌ကြိုခိုင်းလိုက်ရပေမဲ့အရေးကြီးသည့်သူမို့ hotelကိုတော့ကိုယ် တိုင်ပဲလိုက်ပို့ပေးဖို့တွေးထားသည်မို့လေဆိပ်ကနေ companyကိုသာခေါ်လာခိုင်းလိုက်တာဖြစ်သည်။

မထင်မှတ်ထားသည့်လူကအရှေ့ကိုရောက် လာသည်မို့အံ့ဩသွားတာပင်။သူမ,ကတော့အေးဆေးတည်ငြိမ်စွာနှင့်ပင်ထိုင်နေပြီဖြစ် သည်။

"မတွေ့တာကြာနေပြီကိုပြုံးပြုံးလေးနှုတ် ဆက်မှပေါ့ စနေရဲ့။အန်တီမေ့ရဲ့caseကို ဒေါက်တာစမစ်ကငါ့ကိုတာဝန်ပေးထားတာ။ငါကသူအရမ်းအားကိုးရတဲ့လက်ထောက်လေ"

"အန်တီမေမှန်းသိရင် နင်ရှောင်လေ ဘာကိစ္စငါ့မျက်စိရှေ့ထိရောက်လာတာလဲ"

Digitalအကောက်‌ဆံပင်ခွေလေးတွေလှုပ် ရှားသွားသည်ထိသူမကခပ်သွဲ့သွဲ့ရယ်၏။
စနေ့ကိုလည်းဆိုးဆေးတွေဖုံးလွှမ်းနေသည့်ရဲရဲနီ‌နေသည့်နှုတ်ခမ်းလေးကိုလှုပ်ရှားကာပြုံးပြရင်း

"ငါကဘာလို့နင့်မျက်စိရှေ့မလာရမှာလဲ။ငါတို့လမ်းခွဲခဲ့တာမနေ့တစ်နေ့ကမဟုတ်ဘူး။၅ နှစ် ....၅နှစ်ရှိပြီ။အော်!အမှန်ကနင်တစ်ဖက် သတ်လမ်းခွဲခဲ့တယ်လို့ပြောရမလား"

"အတိတ်ကကိစ္စတွေကိုပြန်တူးဖော်ချင်တဲ့ကောင်မဟုတ်ဘူး။အန်တီမေ့ကိစ္စအတွက်လာတယ်ဆိုမှတော့တခြားအကြောင်းမပြောကြရင်မကောင်းဘူးလားဒေါက်တာအယ်လ်လီငြိမ်းဦး"

သူမရဲ့ရည်းစားဟောင်းကအရင်နဲ့လုံးဝမခြားနားပေ။ပြောရဆိုရခက်ပြီးစိတ်ဆတ်၏။စနေရဲ့အပြုမူတွေကိုကြည့်ပြီး အယ်လ်လီက ခပ်ပြုံးပြုံးပင်။

"အန်တီမေ့ကိုဘန်ကောက်မှာပဲခွဲစိတ်ဖြစ်မယ်။ငါဒီမှာနေတဲ့တစ်ပတ်အတွင်းအန်တီမေ့ကိုအနီးကပ်ကြည့်ပြီးမှတ်တမ်းယူမယ်။အဲ့သည့်အတွက်နင့်အိမ်မှာငါလိုက်နေမှရမယ်"

"မဖြစ်ဘူး!! နင်လိုက်လို့မရဘူး။hotelမှာပဲနေ အကြိုပို့စီစဉ်ပေးမယ်"

Love is born, because of you(Complete)Donde viven las historias. Descúbrelo ahora