Part - {78}

1.3K 132 1
                                    

ကျွန်တော် အီဗန်ရဲ့ ပြုံးနေတဲ့ မျက်နှာလေးကိုပဲ ကြည့်နေလိုက်တယ်။ လည်ပတ်ကို ကိုင်ထားတဲ့ ကျွန်တော့်လက်ကလည်း ပေါင်ပေါ်ကကို ကူရာကယ်ရာမဲ့စွာ ပြုတ်ကျသွားတယ်။ ကျွန်တော့်ရဲ့ ရှုပ်ထွေးနေတဲ့ ခံစားချက်တွေကို မသိတဲ့ အီဗန်က ကျွန်တော့်နှလုံးသားကို ဓားမြှောင်နဲ့ ဆက်ထောက်ထားတယ် (ဆက်ပြီးစိတ်ဆင်းရဲစရာတွေ ပြောနေတယ်)။

“အစတုန်းကတော့ ငါ့ခြေချင်းဝတ်ကို ငါရိုက်ချိုးတော့မလို့…”

ကျွန်တော် အသာပဲ ခြေထောက်ကို စောင်အောက် ထိုးထည့်လိုက်တယ်။ ပုဝါပါး ဖုံးအုပ်ထားလို့ ထိုးဖောက်မြင်နေရသလို အကြည့်စူးစူးတွေက သူ့ခြေချင်းဝတ်ကို တကယ်လုပ်တော့မလို ခံစားရတယ်။ ကျွန်တော် နောက်ဆုတ်ဖို့ ကြိုးစားလိုက်ပေမဲ့ အီဗန်က ဆုတ်ခွင့်မပြုခဲ့ဘူး။ ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားရာကနေ ပိုပြီး အားကောင်းလာတယ်။

“ဒါဆို ဒီအခန်းထဲမှာ ဟေးလ်တစ်ယောက်ပဲ စောင့်နေရတော့မှာ မဟုတ်ဘူး။ ငါလည်း ဘယ်မှ မသွားနိုင်ဘဲ အရာအားလုံး ငါ့ကို မှီခိုနေတော့မှာ…။

သူ့အသံက တဖြည်းဖြည်း ကျယ်လောင်လာတယ်။ စိတ်လှုပ်ရှားမှုနဲ့ ပျော်ရွှင်မှုတွေ ပြည့်နှက်နေတယ်။ ဆန့်ကျင်ဖက်အနေနဲ့ ကျွန်တော်ကတော့ တဖြည်းဖြည်း စိတ်ပျက်လာရတယ်။

“ဒါပေမဲ့ တကယ်တော့၊ ငါ ဟေးလ် ငိုသွားလိမ့်မယ်လို့ ထင်ထားခဲ့တာ…။ ဘာလို့လဲဆိုရင် ငါက အဲဒါကို မုန်းလို့လေ”

အခုလေးတင် ပျော်ရွှင်မှုထဲ နစ်မျှောနေသလို အသံက ပြန်ပြီး တိုးလျသွားပြန်တယ်။ ကျွန်တော် ပုံမှန် ကြားနေကျ တည်ငြိမ်ပြီး ကြည်လင်နေတဲ့ အသံ ပြန်ဖြစ်သွားတယ်။ ကျွန်တော့်အရေပြားကနေ ခံစားနေရတဲ့ ကိုယ်အပူချိန်လိုမျိုး သူ့အသက်ရှူနှုန်းက ပိုပိုပြီး ပြင်းထန်လာတယ်။

“အနံ့လေးက မွှေးနေတာပဲ”

“အာ…”

“ခဏလေးပဲ ကြာတာတောင် ငါက ဟေးလ်ကို လွမ်းနေပြီ။ ဟေးလ်ကကော ငါ့ကို မတွေ့ချင်ဘူးလား?”

“…”

အီဗန်က ကျွန်တော် ကြောက်လန့်နေတာကို မြင်တော့ နှစ်သိမ့်သလိုမျိုး ကျွန်တော့်ကျောကို ပုတ်ပေးတယ်။ အဲဒီ့နောက် သူက ကျွန်တော့်အနောက်ကို လျှောက်သွားလိုက်ပြီး ငြင်ငြင်သာသာ ပွေ့ဖက်ကာ ကျွန်တော့်နောက်ကျောမှာ မျက်နှာအပ်ထားတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Donde viven las historias. Descúbrelo ahora